မဆိုင်တဲ့ကိစ္စမှာ မနန္ဒာကို ဆွဲထည့်စရာအကြောင်းမရှိဘူးလို့ ဆိုလိုက်တဲ့ အလှမယ် သင်းသင်း

မဆိုင်တဲ့ကိစ္စမှာ မနန္ဒာကို ဆွဲထည့်စရာအကြောင်းမရှိဘူးလို့ ဆိုလိုက်တဲ့ အလှမယ် သင်းသင်း

အလှမယ် သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့တရားစွဲဆိုထားတာဖြစ်ပြီးတော့ အမှုကိုလည်း စတင်စစ်ဆေးနေပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကမှ အလှမယ်သင်းသင်းကို နိုင်ငံကျော်မင်းသမီးဖြစ်သူ နန္ဒာလှိုင်က ကူညီပေးတယ်ဆိုတဲ့ ကောလဟာလသတင်းတွေက ပျံ့နှံ့ခဲ့ပြီးတော့ နန္ဒာလှိုင်ကလည်း ထိုသတင်းတွေနဲ့ပတ်သက်ပြီး ဖြေရှင်းခဲ့တာတွေ့ရပါတယ်။

အလှမယ် သင်းသင်းကတော့ ယခုလိုမျိုးရှုပ်ထွေးတဲ့အခြေအနေတွေဖြစ်ပေါ်လာတဲ့အချိန်မှာ နန္ဒာလှိုင်နဲ့ သူမတို့ တခါမှ မဆုံဖူးကြောင်း ပြောလာခဲ့ပါတယ်။

“ဒါက တစ်ဖက်စောင်းနင်းတင်တယ်လို့တော့အမထင်တယ် အမနဲ့မနန္ဒာလှိုင်နဲ့ဆိုတာ ပတ်သတ်စရာလဲအကြောင်းမရှိဘူး ဆက်စပ်စရာလဲအကြောင်းမရှိပါဘူး ဒါပွင့်ပွင့်လင်းလင်းပြောပြတာ အဲ့တော့ ရော့အင့်ဒါလုပ်လို့ပြောရအောင် အမကလေးမှမဟုတ်တာ သူခိုင်းတိုင်းလိုက်လုပ်ရအောင် ပြီးတော့လည်းခုနကပြောသလိုပေါ့ သူများကိစ္စမှာဒီလိုမျိုးကြီးတင်ရေးလိုက်တဲ့ဟာတော့ဒါဘယ်လိုပြောရမလဲဆိုတော့ မနန္ဒာလှိုင်ဘက်မှာလည်းထိခိုက်မှုရှိတယ်လို့ထင်ရပါတယ် ဒါသူတို့တစ်ချိန်တုန်းကဘယ်လိုလဲမသိဘူး ကိုယ်တွေဆိုကလေးပဲရှိသေးတာလေ အဲ့တော့အခုချိန်မှာဆိုတော့ မနန္ဒာလှိုင်ဆိုတာအပြင်မှာတစ်ခါမှလည်းမဆုံဖူးဘူးတွေ့လည်းမတွေ့ဖူးပါဘူးဒီအသက်ရွယ်ရောက်ပြီ ”

“ကိုယ်ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့တဲ့ အရမ်းသဘောကျခဲ့တဲ့မင်းသမီးပါ။ ဒါပေမဲ့အခုချိန်ထိတစ်ခါမှကိုမတွေ့ဖူးသေးတာ ဆုံချင်ဖူးတယ်ဆိုတာတစ်ချိန်တုန်းကကြိုက်တဲ့မင်းသမီးမို့ဆုံချင်ခဲ့ဖူးတာ ဒီကိစ္စတွေနဲ့ပတ်သတ်ပြီးအမနဲ့မဆိုင်ဘူးလေ သူတို့ဇာတ်လမ်းအကြောင်းလဲကိုယ်မသိပါဘူး အဲ့တာကြီးတတ်လာတာနည်းနည်းတော့စိတ်ထဲမှာ လူတွေကဘယ်လိုကြောင့်တိုက်ခိုက်နေလဲဆိုတာမသိဘူး။စစသိချင်းတော့အရမ်းအံ့သြသွားတယ် ဘာလဲပေါ့ ကိုယ်နဲ့သူနဲ့ဆက်စပ်မှုမှမရှိတာ မရှိဘူးဆိုတော့ဒါတမင်သက်သက်ဘလိုင်းကြီးလုပ်တာ အမအတွက်လဲမကောင်းဘူး ညီမအတွက်လဲမကောင်းဘူးလို့ထင်ပါတယ်”

အလှမယ် သင်းသင်းဟာ ဒီလို သတင်းအမှားတွေတင်သူဟာ ဘယ်သူ့ကိုဦးတည်ရည်ရွယ်ပြီးတိုက်ခိုက်နေလဲဆိုတာ မစဉ်းစားတတ်တော့ဘူးလို့ဆိုပါတယ်။

“ဘာလို့ဆိုတော့အဓိကသူတိုက်ခိုက်ချင်တာက ကိုယ့်ကိုလားအမကိုလားသိချင်တယ်ဘာလို့ဆိုတော့လူတိုင်းကလေ တခါတလေကျရင် တခုခုဖြစ်လာပြီဆိုရင် ဘာလို့ ဟိုကိုဆွဲထည့် ဒီကိုဆွဲထည့် လဲပေါ့နော် ကိုယ်ဖြစ်ချင်တာကြီးတစ်ခုအတွက် ဘာကြောင့် သူများတွေကို လိုက်ပြီး လုပ်နေလဲဆိုတာ မစဉ်းစားတတ်တော့ဘူး တကယ်မျက်လုံးပြူးသွားတယ်။ ဘယ်လိုကြီးလဲဆိုတာ သူတို့ပြောသလို တခါလောက်လေး တွေ့ဖူးချင်တယ်မနန္ဒာနဲ့ ဘာလို့လဲဆို ကိုယ်အရမ်းကြိုက်တဲ့မင်းသမီးဖြစ်နေခဲ့လို့ ပြောပြတာ ခုဒါလိုမျိုးကြီးတက်လာတော့ ကိုယ်လည်း မျက်လုံးတကယ်ပြူးသွားတယ်။ ဘာမှလည်းမသိရဘူး အမအတွက်လည်း မကောင်းပါဘူး။ အခုချိန်ကျမှ တမင်သက်သက်ကြီးကို ဒါလုပ်တဲ့အကောင့်ပေါ့နော်။ အဲတော့ အမနန္ဒာလှိုင်ဘက်ကလည်း ဖြေရှင်းသင့်တယ်လို့ထင်ပါတယ်။ ဘာလို့ ဖြေရှင်းသင့်လဲဆိုတော့ အမ အနေအထားတစ်ခုနဲ့ လူတိုင်း မှာသိက္ခာတရားဆိုတာရှိတာလေ သို့လောသို့လောဆိုတာမျိုးမဖြစ်စေချင်ပါဘူး။ အဲတော့ ဟုတ်ရင် ဟုတ်တယ် မဟုတ်ရင်မဟုတ်ဘူးဆိုတာ ဖြေရှင်းတာလည်း ကောင်းပါတယ်။”

အလှမယ် သင်းသင်းကတော့ မဆိုင်တဲ့ လူဖြစ်သူ မနန္ဒာလှိုင်ကို ဒီကိစ္စထဲဆွဲမထည့်ဖို့ ပြောလိုက်ပါတယ်။

“အမကိုလည်း ကိုယ်မတွေ့ဖူးပါဘူး ဒါပေမယ့် သူတို့ဘာကိုရည်ရွယ်ပြီးဒီလိုမျိုးတင်လဲဆိုတာ ကိုယ်မသိဘူး။ ပြီးတော့အကောင့်အတုနဲ့ဘာလို့လုပ်တာလဲ သတ္တိရှိရင် အစစ်နဲ့တင်လိုက် ဟိုဘက်ကိုတိုက်ခိုက်ချင်တာလား ကိုယ့်ကိုတိုက်ခိုက်ချင်တာလား ကိုယ်မပြောတတ်တော့ဘူး။ ဘာလို့လဲဆို သင်းသင်းကလေ အားလုံးရဲ့ကြားမှာ ဟိုလိုလည်း လှည့်တိုက်ခံရတယ် ဒီလိုလည်း လှည့်တိုက်ခံရတယ်ဆိုတော့ ကိုယ့်ကိုပဲ တိုက်ခိုက်ချင်တယ်လို့ထင်ပါတယ်။ အမကိုတော့မဟုတ်လောက်ဘူး အဲ့လိုပဲ တွေးထားလိုက်ပါတယ်။ မနန္ဒာလှိုင်ကို တခုပြောချင်တာက ဒီကိစ္စသတင်းနဲ့ပတ်သက်လို့ပေါ့နော် တက်လာတဲ့အကောင့်ကို ရအောင်လိုက်စေချင်တယ်။ ဘယ်လိုပြောရမလဲ ဒါက အမအတွက်လည်း ထိခိုက်တယ်။ ဘာလို့ဆို ဒါက ခုတုံးလုပ်ပြီး လူတစ်ယောက်ရဲ့ သိက္ခာတရားနဲ့ဆိုင်တယ်လို့ထင်တယ် အမကတော့ မဖြစ်သင့်တဲ့ကိစ္စကြီးတက်လာတာလေ ဘယ်လိုမှကို ဆက်စပ်မှုမရှိဘူး။”

“အဖြေကတော့အသိသာကြီးပါ အမ(မနန္ဒာ) က စာကြောင်းလေး တင်ထားတယ်လို့ပြောတယ်လေ။ စာကြောင်းလေးနဲ့ ဖြေရှင်းထားတယ်ဆိုတော့ ဒါလည်းအမှန်ပဲလေ အမမှာလည်း သူ့သိက္ခာနဲ့သူရှိတယ်။ ဘာမှကိုမဆိုင်တဲ့ကိစ္စကြီးမှာ ဆွဲထည့်စရာအကြောင်းကိုမရှိဘူးလေနော် ဒါတမင်သက်သက်ဆွဲထည့်လိုက်တယ်လို့ ထင်တာပဲ။”လို့ MC အင်တာဗျူးမှာဖြေဆိုသွားခဲ့တာတွေ့ရပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit-We Love Cele

Comments are closed.