ပရိသတ်တွေပေးတဲ့ အရုပ်လေးနဲ့အရမ်းပျော်နေတဲ့ မိခင်ကြီးကိုကြည့်ပြီး ဝမ်းသာပီတိဖြစ်နေခဲ့ရတဲ့ မို့မို့မြင့်အောင်

ပရိသတ်တွေပေးတဲ့ အရုပ်လေးနဲ့အရမ်းပျော်နေတဲ့ မိခင်ကြီးကိုကြည့်ပြီး ဝမ်းသာပီတိဖြစ်နေခဲ့ရတဲ့ မို့မို့မြင့်အောင်

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသမီးချော မို့မို့မြင့်အောင်ဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ယနေ့အချိန်အထိ လက်ခံရရှိထားခဲ့ရတဲ့ မင်းသမီးကြီးတစ်ယောက်ပါ။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားခဲ့ရတဲ့ သူမကတော့ ပရိသတ်တွေကို ကျေးဇူးတုန့်ပြန်ပြီး ပြန်ဆပ်တဲ့အနေနဲ့ အနုပညာအမွေကို ဆက်လက်ခံယူကြမယ့် မျိုးဆက်သစ်တွေအတွက် အနုပညာအမွေတွေကို သင်ကြားပေးပြီး လက်ဆင့်ကမ်း ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ လုံးချာလည်ပတ်နေခဲ့ရတဲ့ မို့မို့မြင့်အောင်ရဲ့ ဘဝလေးကတော့ ပျော်ရွှင်ကြည်နူး နေခဲ့ရတာပဲ ဖြစ်ပါတယ်။

ပျော်ရွှင်စရာကောင်းလွန်းတဲ့ ဘဝမှာလေးကို ပိုင်ဆိုင်ထားရှိခဲ့ရတဲ့ မမို့ကတော့ ချစ်ရတဲ့ မိခင်ကြီးနဲ့အတူ နေထိုင်ပြီး မိခင်ကြီးကို ပြုစုစောင့်ရှောက်ပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ မိခင်ကြီးကို ပြုစုစောင့်ရှောက်ပေးနေခဲ့တဲ့ မမို့ကတော့ သူမမအားတဲ့အချိန်မှာ အဖော်ပြုပေးခဲ့တဲ့ အရာတစ်ခုကြောင့် ပရိသတ်တွေကို အရမ်းကို ကျေးဇူးတင်နေခဲ့တာပဲ ဖြစ်ပါတယ်။ မိခင်ကြီးပျော်ရွှင်နေခဲ့ရတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ မမို့ကတော့ ” ချစ်ခင်လေးစားတန်ဖိုးထားရပါသောပရိသတ်ကြီးနှင့်we love mmma ချစ်သူအပေါင်းတို့ရှင့် ”

” မို့ အခုရေးမဲ့အကြောင်းလေးကို တင်ခြင်တာကြာပါပြီ။ အလုပ်အချိန်တွေ ပိနေတာနဲ့မတင်ဖြစ်ခဲ့ဘူး။ we weတွေလဲ ဝမ်းသာစေခြင်တယ်။ မို့အမေနေမကောင်းလို့ ဆေးရုံမှာ၂ည အနားယူပြီး ဆေးရုံကဆင်းတော့ မို့လဲ သင်တန်းကျောင်းရှိတော့ အမေကိုအချိန်ပေးဖို့နည်းသွားတယ်။ စိတ်ထဲခံစားချက်နဲ့ သင်တန်သွားသွားပေးနေရာမှာ နောက်ဆံတင်းလွန်းလှပါတယ်။ မာမီက သစ်ခွပန်းပင်လေးတွေ ပန်းလေးတွေ ချစ်တတ်တယ်။ ”

” မို့ပန်းလှလှတွေ ယူသွားပေးရင် လက်ကမချဘဲ အိပ်ယာဘေး ထားအိပ်တဲ့အထိထားတတ်ပါတယ်။ မို့ သင်တန်းသွားသင်ရင် မို့ကိုယ်စား အဖေါ်လေး စိတ်အဖေါ်လေးတခု ဖြစ်အောင်ဘာစီစဉ်ရမလဲ စဉ်းစားတယ်။ ကြားရက်မှာ အိမ်မှာ သင်တန်းသား ရက်တို ရက်ရှည်၂ယောက်ရှိက လက်ကျန်ရှင်းရတော့ အပြင်ထွက်ချိန် မရှိတော့ဘူး ဘယ်တော့မှမထိရက်တဲ့ we weတွေပေးတဲ့ အရုပ်တွေစုသိမ်းထားတဲ့ ရုပ်ပုံးကြီးထဲက ပထမ တရုပ်ကို ယူသွားပြတယ် ဖာသိဖာသာဘဲ။ နောက်နေ့ တရုပ်ယူသွားတယ် အရုပ်လေးကိုနမ်းတယ်။ နောက်နေ့ နေ့လည် ဖက်အိပ်နေတာတွေ့လို့ မို့ မမကြီးက ဓါတ်ပုံ ခိုးရိုက်ထားတယ်။ ”

” ခုထိအဲ့ဒီအရုပ်လေးကအဖေါ်ဖြစ်နေတယ်။မို့ကိုwe weတွေရော ပရိသတ် ကြီးကရောပေးတဲ့အရုပ်တွေကများတော့ နာမည်ကလည်းတပ်မထားတော့ အဲ့ဒီ အရုပ်လေးပေးတဲ့ သူကို အမှန်တိုင်းဝန်ခံရရင် မမှတ်မိတော့လို့ပါ။ အရုပ်တွေကများလို့ပါ။ ခုစာဖတ်ပြီးပုံတွေ့ပြီးရင်တော့ ပေးwe weလား ပရိသတ်လား ဝမ်းသာနေလောက်ရောပေါ့။ မို့ချစ်တဲ့ ပရိသတ်မေတ္တာနဲ့ မို့မိခင်ကြီးကို စိတ်ချမ်းသာအောင် လုပ်ခွင့်ရတာ ကျေးဇူးတင်ပါတယ် ကဲ ဘယ်သူလဲဆိုတာ ဝမ်းသာကြရအောင် we love mmma ကနေ ဖေါ်ထုတ်ပြပါအုံးရှင့် ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်ရတဲ့ ပရိသတ်တွေကြောင့် မိခင်ကြီး စိတ်ချမ်းသာနေခဲ့ရလို့ အရမ်းကို ပျော်ရွှင်နေခဲ့တဲ့ မမို့အတွက် ပရိသတ်ကြီးလည်း ကျေနပ်နှစ်သက် ပျော်ရွှင်မိမယ်လို့ ထင်ပါတယ်။ မိခင်ကြီးအတွက် စိတ်ချမ်းသာပျော်ရွှင်ရမယ့် အရာတွေကို အမြဲစဉ်းစား တွေးခေါ်ပြီး မိခင်ကြီးကို စောင့်ရှောက်ပေးခဲ့တဲ့ မိုမို့မြင့်အောင်ရဲ့ စာသားလေးကို ဖတ်ရင်း ဝမ်းသာကြည်နူးပြီး လေးစားမိတယ်ဆိုရင် ဒီပို့စ်လေးကို Share ပြီး အားပေးသွားကြပါဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Ref : Academy Moht Moht Aung’s Facebook

Comments are closed.