ဗိုလ်ချုပ်အောင်ဆန်း သရုပ်ဆောင်အဖြစ်မှ တော်လှန် ရေး သမားဖြစ်လာခဲ့သူ ကျောင်းဆရာဟောင်း ကို မြ ဖြိုးကို

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရန်အတွက် ဗိုလ်ချုပ်နဲ့မျက်နှာချင်းတူတဲ့သူများကိုရွေးချယ်ခဲ့ရာမှ ဧရာဝတီတိုင်းမှ ကျောင်းဆရာ ကိုမြ ဖြိုးကို အရွေးချယ်ခံခဲ့ရပါတယ်။ ဗိုလ်ချုပ်၏ မျက်နှာသွင်ပြင်ပုံစံမှာ ပါးရိုးငေါငေါ ၊ မေးရိုးခိုင်ခိုင် ၊ ခပ်တည်တည်နှင့် မပြင်မဆင် အညာသား မျက်နှာဖြစ်ပါတယ်။ ဗိုလ်ချုပ်၏ မျက်နှာသွင်ပြင်ပုံစံအတိုင်း ရှာဖွေဖို့ကလည်း မလွယ်ကူခဲ့ပေ။ သို့ပေမယ့် လူတူမရှားနာမည်တူမရှားဆိုသလို ဧရာဝတီတိုင်းမှ ကိုမြဖြိုးကို ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကိုမြဖြိုးကိုကြည့်လိုက်လျှင် ဗိုလ်ချုပ်၏ မျက်နှာသွင်ပြင်ပုံစံအတိုင်းတွေ့ရပါတယ်။ ဒါကြောင့် ကိုမြဖြိုးကို ကို ဗိုလ်ချုပ်ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ကိုမြဖြိုးကိုဟာ ဗိုလ်ချုပ်ကဲ့သို နတ်မောက်နယ်သား မဟုတ်ပါ။ ဧရာဝတီတိုင်းသား တစ် ယောက် ဖြစ်ပါတယ်။

ကိုမြဖြိုးကိုတစ်ယောက် ကျောင်းဆရာအလုပ်လုပ်ခဲ့စဉ်ကာလတုန်းကလည်း သူ့ကို အသိမိတ်ဆွေတွေက ဗိုလ်ချုပ်နှင့်တူတဲ့အကြောင်း ပြောကြတယ်လို့ သိရပါတယ်။

ကိုမြဖြိုးကိုဟာ ဗိုလ်ချုပ်နှင့်မျက်နှာသွင်ပြင် တူဖို့အပြင် အပြုအမူ ၊ အမူအယာ ၊ နေထိုင်မှုပုံစံတွေပါ တူညီလာစေဖို့အတွက် တစ်နှစ်နီးပါးကြာ လေ့ကျင့်ခဲ့ရတယ်လို့ သိရပါတယ်။

Advertisement

ကိုမြဖြိုးကိုတစ်ယောက် ဗိုလ်ချုပ်ဇာတ်လမ်းရိုက်ကူးနေရင်း အာဏာသိမ်းမှုဖြစ်ပွားခဲ့တာကြောင့် ဆက်မရိုက်ဖြစ်တော့ပဲ နွေဦးတော်လှန် ရေးမှာ ထည်ထည်ဝင်ဝင်ပါဝင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်လမ်းအရှည်ကို အပြီးသတ် မရိုက်ကူးနိုင်ခဲ့ပေမယ့် ဗိုလ်ချုပ်ရုပ်ရှင် ဇာတ် လမ်းတိုလေးကိုတော့ ပြီးဆုံးသည်အထိ ရိုက်ကူးနိုင်ခဲ့တယ်လို့သိရပါတယ်။

ရိုက်ကူးပြီးစီးထားတဲ့ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်လမ်းတိုကို မြန်မာပြည်မှာ ပြသဖို့ အဆင်မပြေတာကြောင့် နိုင်ငံခြားမှာ ပြသနိုင်ဖို့ စီစဉ် ထားတယ်လို့ သိရပါတယ်။

ကျောင်းဆရာတစ်ယောက်လည်း ဖြစ်ခဲ့ဖူးသူ ဖြစ်တာကြောင့် ကိုမြဖြိုးကိုဟာ နိုင်ငံရေးနှင့် မစိမ်းခဲ့ပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သလို ကိုမြဖြိုးကိုဟာလည်း လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ကိုမြဖြိုးကိုဟာ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီ လို့သိရပါတယ်။

Advertisement

[zawgyi]

ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ရွင္႐ိုက္ကူးရန္အတြက္ ဗိုလ္ခ်ဳပ္နဲ႔မ်က္ႏွာခ်င္းတူတဲ့သူမ်ားကိုေ႐ြးခ်ယ္ခဲ့ရာမွ ဧရာဝတီတိုင္းမွ ေက်ာင္းဆရာ ကိုျမ ၿဖိဳးကို အေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ဗိုလ္ခ်ဳပ္၏ မ်က္ႏွာသြင္ျပင္ပုံစံမွာ ပါး႐ိုးေငါေငါ ၊ ေမး႐ိုးခိုင္ခိုင္ ၊ ခပ္တည္တည္ႏွင့္ မျပင္မဆင္ အညာသား မ်က္ႏွာျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္၏ မ်က္ႏွာသြင္ျပင္ပုံစံအတိုင္း ရွာေဖြဖို႔ကလည္း မလြယ္ကူခဲ့ေပ။ သို႔ေပမယ့္ လူတူမရွားနာမည္တူမရွားဆိုသလို ဧရာဝတီတိုင္းမွ ကိုျမၿဖိဳးကို ကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

ကိုျမၿဖိဳးကိုၾကည့္လိုက္လွ်င္ ဗိုလ္ခ်ဳပ္၏ မ်က္ႏွာသြင္ျပင္ပုံစံအတိုင္းေတြ႕ရပါတယ္။ ဒါေၾကာင့္ ကိုျမၿဖိဳးကို ကို ဗိုလ္ခ်ဳပ္ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ေ႐ြးခ်ယ္ခဲ့ၾကျခင္းျဖစ္ပါတယ္။ ကိုျမၿဖိဳးကိုဟာ ဗိုလ္ခ်ဳပ္ကဲ့သို နတ္ေမာက္နယ္သား မဟုတ္ပါ။ ဧရာဝတီတိုင္းသား တစ္ ေယာက္ ျဖစ္ပါတယ္။

ကိုျမၿဖိဳးကိုတစ္ေယာက္ ေက်ာင္းဆရာအလုပ္လုပ္ခဲ့စဥ္ကာလတုန္းကလည္း သူ႔ကို အသိမိတ္ေဆြေတြက ဗိုလ္ခ်ဳ ပ္ႏွင့္တူတဲ့အေၾကာင္း ေျပာၾကတယ္လို႔ သိရပါတယ္။

Advertisement

ကိုျမၿဖိဳးကိုဟာ ဗိုလ္ခ်ဳပ္ႏွင့္မ်က္ႏွာသြင္ျပင္ တူဖို႔အျပင္ အျပဳအမူ ၊ အမူအယာ ၊ ေနထိုင္မႈပုံစံေတြပါ တူညီလာေ စဖို႔အတြက္ တစ္ႏွစ္နီးပါးၾကာ ေလ့က်င့္ခဲ့ရတယ္လို႔ သိရပါတယ္။

ကိုျမၿဖိဳးကိုတစ္ေယာက္ ဗိုလ္ခ်ဳပ္ဇာတ္လမ္း႐ိုက္ကူးေနရင္း အာဏာသိမ္းမႈျဖစ္ပြားခဲ့တာေၾကာင့္ ဆက္မ႐ိုက္ျဖစ္ေတာ့ ပဲ ေႏြဦးေတာ္လွန္ ေရးမွာ ထည္ထည္ဝင္ဝင္ပါဝင္ခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ဇာတ္လမ္းအရွည္ကို အၿပီးသတ္ မ႐ိုက္ကူးႏိုင္ခဲ့ေပမယ့္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ဇာတ္ လမ္းတိုေလးကိုေတာ့ ၿပီးဆုံးသည္အထိ ႐ိုက္ကူးႏိုင္ခဲ့တယ္လို႔သိရပါတယ္။

႐ိုက္ကူးၿပီးစီးထားတဲ့ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ဇာတ္လမ္းတိုကို ျမန္မာျပည္မွာ ျပသဖို႔ အဆင္မေျပတာေၾကာင့္ ႏိုင္ငံျခားမွာ ျပသႏို င္ဖို႔ စီစဥ္ ထားတယ္လို႔ သိရပါတယ္။

ေက်ာင္းဆရာတစ္ေယာက္လည္း ျဖစ္ခဲ့ဖူးသူ ျဖစ္တာေၾကာင့္ ကိုျမၿဖိဳးကိုဟာ ႏိုင္ငံေရးႏွင့္ မစိမ္းခဲ့ပါဘူး။ ဒါေၾ ကာင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လက္နက္ကိုင္လမ္းစဥ္ကို ေ႐ြးခ်ယ္ခဲ့သလို ကိုျမၿဖိဳးကိုဟာလည္း လက္နက္ကိုင္ လမ္းစဥ္ကို ေ႐ြးခ်ယ္ခဲ့ ပါတယ္။

Advertisement

အခုအခ်ိန္မွာေတာ့ ကိုျမၿဖိဳးကိုဟာ အခက္အခဲေပါင္းမ်ားစြာကို ရင္ဆိုင္ၿပီး လက္နက္ကိုင္တိုက္ပြဲဝင္ဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီ လို႔သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*