ပရိသတ်တွေ နားထဲစွဲနေစေမယ့် ဇော်ဝင်းထွဋ်နဲ့ ဟေမာနေဝင်းရဲ့ “ဝက်ဝက်ကွဲအောင်ပွင့်” ဇာတ်ဝင်တေး

ပရိသတ်တွေ နားထဲစွဲနေစေမယ့် ဇော်ဝင်းထွဋ်နဲ့ ဟေမာနေဝင်းရဲ့ “ဝက်ဝက်ကွဲအောင်ပွင့်” ဇာတ်ဝင်တေး

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ “ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ “ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကြီးမှာ မိန်းမလျာကာရိုက်တာများကို စုံလင်စွာ တွေ့ရမှာဖြစ်ပြီး ဟာသလေးတွေ ရောနှောထားတဲ့ ဟာသဇာတ်မြူး ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ “ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကြီးဟာ ဗီဒီယိုအတိုလေးတွေ တင်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာပဲဖြစ်ပါတယ်။

“ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကျော်ဇောလင်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ ထွန်းလွင်အောင်၊ ဥက္ကာမင်းမောင်၊ ဝေလျှံ၊ မင်းဇေ၊ ယွန်းရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အထူးသရုပ်ဆောင်များအဖြစ် အကယ်ဒမီ စိုးမြတ်သူဇာ၊ မိုးပြည့်ပြည့်မောင်၊ နန်းခင်ဇေယျာ၊ ရွှေပိုးအိမ် တို့က ပာဝင်အားဖြည့် သရုပ်ဆောင်ပေးထားကြပါတယ်။

“ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးသီချင်း ဖြစ်တဲ့ ဇော်ဝင်းထွဋ်နဲ့ ဟေမာနေဝင်းတို့ သီဆိုထားတဲ့ “အချစ်နဲ့တွေ့ရင်” ဆိုတဲ့ သီချင်းလေးကလဲ ပရိသတ်တွေကြားမှာ တော်တော်လေး နားစွဲနေတာပဲဖြစ်ပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် “အချစ်နဲ့တွေ့ရင်” ဆိုတဲ့ သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

အချစ်နဲ့တွေ့ရင် – ဇော်ဝင်းထွဋ် ၊ ဟေမာနေဝင်း

“ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကြီးက မပြသခင်ကတည်းက ပရိသတ် စိတ်ဝင်စားမှု အခိုင်အမာကို ရရှိနေပြီးဖြစ်ပါတယ်။ ဒီကားထဲမှာ ဝတ်မှုံရွှေရည်ကို ပရိသတ်တွေ မြင်ဖူးနေကြမဟုတ်တဲ့ ဝဝတုတ်တုတ် ပုံပျက်ပန်းပျက် ပုံစံနဲ့ တွေ့မြင်ရသလို ဥက္ကာမင်းမောင်နဲ့ ထွန်းလွင်အောင်တို့ကိုလဲ မိန်းမလျာကာရိုက်တာကနေ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ မနက်ဖြန် ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာ “ဝက်ဝက်ကွဲအောင်ပွင့်”ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသတော့မှာမို့ သွားရောက်ကြည့်ရှုဖို့ မမေ့ကြနဲ့ဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source: ဝက်ဝက်ကွဲအောင်ပွင့်ရုပ်ရှင်ဇာတ်ကားကြီး

Comments are closed.