တောင်ငူ နှစ်လောင်းပြိုင်လူသတ်မှု သက်သေခံပစ္စည်းနဲ့တရားခံေ

တောင်ငူ နှစ်လောင်းပြိုင်လူသတ်မှု သက်သေခံပစ္စည်းနဲ့တရားခံေ

တောင်ငူမြို့နယ် ကေတုမတီမြို့သစ် မင်းကြီးညိုရပ်ကွက်၌ ဝယ်ယူထားသည့် မြေကွက်ဂရန် သက်တမ်းတိုးရန် လိုအပ်သည့် စာရွက်စာတမ်းများလာရောက်တောင်းခံရာက ရောင်းချခဲ့သူနှင့် စကားများရန်ဖြစ်ကာ လင်မယားနှစ်ဦး သတ်ဖြတ်ခံရမှု ဖေဖော်ဝါရီ ၂၁ ရက်က(ယနေ့)ဖြစ်ပွားခဲ့သည်။

ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် တပ်မေတ်ာဗိုလ်မှူးအငြိမ်းစား ဦးစိုးလင်းသန်းနှင့် ဇနီး၊ သမီးဖြစ်သူတို့ သုံးဦးသည် မင်းကြီးဆွေရပ်ကွက်နေ ဦးရဲဝင်း (၅၁ နှစ်) နှင့် ၎င်းင်း၏ဖခင်ဖြစ်သူ ဦးတိုးကြည် (၇၆ နှစ်) နေအိမ်သို့ ရောက်ရှိခဲ့ပြီး ဦးရဲဝင်းထံမှဝယ်ယူခဲ့သည့် ခြံမြေကွက် ဂရန်သက်တမ်းတိုးရန် လိုအပ်နေသည့် ၎င်းင်းတို့၏ မှတ်ပုံတင် သန်းခေါင်စာရင်းမိတ္တူတို့ကို တောင်းခံခဲ့ရာက စကားများရန်ဖြစ်ခဲ့သည်။

ထိုသို့ စကားများရန်ဖြစ်ခဲ့ပြီးနောက် နေအိမ်ခြံဝင်းထဲမှပြန်ထွက်လာစဉ် ဦးရဲဝင်းနှင့်၎င်း၏ ဖခင်ဖြစ်သူတို့က အိမ်ထဲမှထွက်လိုက်လာကာ လမ်းဘေးရှိ လျှပ်စစ်ဓာတ်မီးတိုင်တွင် အသုံးပြုသည့် ကြွေသီးဟောင်းဖြင့် ဦးစိုးလင်းသန်းနှင့်ဇနီးတို့အားလိုက်လံထုရိုက်ခဲ့သည်။

ထိုသို့ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဦးစိုးလင်းသန်းနှင့် ဇနီးတို့မှာ ထိခိုက်ဒဏ်ရာများရရှိကာ ခိုက်ရန်ဖြစ်ပွားစဉ် ဝင်ရောက်ဆွဲခဲ့သည့် ၎င်းတို့၏ သမီးဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ယက်ပေါ်၌ ဗီဒီယိုဖိုင်များ မိနစ်ပိုင်းအတွင်းမှာပင် ပျံ့နှံ့ခဲ့ကာ ယင်းကိစ္စနှင့်ပတ်သက်၌ တောင်ငူမြို့သစ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ သတင်းဖြေကြားပေးမည့်သူမရှိကြောင်းတာဝန်ကျ ရဲအရာရှိကပြောဆိုခဲ့သည်။

ဒဏ်ရာရှိသူ ဦးစိုးလင်းသန်းနှင့် ဒေါ်ချောစုလင်း တို့အား ဆေးရုံသို့တင်ပို့ကုသစဉ် ရရှိသည့် ဒဏ်ရာများဖြင့် နံနက် ၉ နာရီခန့်တွင်သေဆုံးခဲ့သည်။

ကေတုမတီမြို့သစ်နယ်မြေရဲစခန်းက ပြစ်မှုကျူးလွန်သူ ဦးရဲဝင်းနှင့် ၎င်း၏ဖခင်ဖြစ်သူ ဦးတိုးကြည် တို့ကို (ပ)၂၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ၃၀၂/၃၂၅/၁၁၄ အရ ဖမ်းဆီးကာ အမှုဖွင့်အရေးယူထားကြောင်း ကနဦးသတင်းများအရသိရသည်။

Credit-

Comments are closed.