စိုင်းစိုင်းဆူတာ အမြဲခံရတယ်ဆိုတဲ့ ညီမဖြစ်သူ ယိမ်းယိမ်းဝိုခမ်း

စိုင်းစိုင်းဆူတာ အမြဲခံရတယ်ဆိုတဲ့ ညီမဖြစ်သူ ယိမ်းယိမ်းဝိုခမ်း

ပရိသတ်တွေ ဘစိုင်းလို့ နောက်ပြောင်ခေါ်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်မှာ ထူးချွန်ထက်မြက်ပြီး လှပချောမောတဲ့ ညီမလေး ၂ ယောက် ရှိတယ် ဆိုတာသိရင် ယောက်ဖလို့ ပြောင်းခေါ်ချင်ကြမှာ အသေချာပါ။ နိုင်ငံခြားကနေ ဆေးပညာဘွဲ့တွေ တသီကြီး ယူပြီး မြန်မာနိုင်ငံမှာ အလှအပဆိုင်ရာဆေးခန်း ဖွင့်ထားတဲ့ ညီမလေးကတော့ ယိမ်းယိမ်းဝိုခမ်း ဖြစ်ပါတယ်။ အကိုဖြစ်သူ စိုင်းစိုင်းနဲ့ တွဲဖက်ပြီး Sai Cosmetix ဖွင့်ထားတဲ့ ယိမ်းယိမ်းက Brand နဲ့ ပတ်သက်လို့ ခုလို ဖြေကြားသွားပါတယ်။

“Sai Cosmetix က ဒီနှစ် Valentine ကတော့ Mingalar Mandalay မှာ ပွဲလုပ်တယ်ရှင့်။ ပရိုမိုးရှင်းအနေနဲ့ကတော့ ခုလောလောဆယ် Online sale ပေါ့။ page မှာပဲ special valentine gift set လေးတွေနဲ့ တင်ပြီး ရောင်းချပေးနေပါတယ်။ Sai Cosmetix က ကိုစိုင်းရဲ့ Brand ပေါ့နော်။ သူလုပ်ချင်တယ်ဆိုလို့ သူ့ရဲ့ အမှတ်တရ ပစ္စည်းလေးတွေ သူထုတ်တဲ့ items တွေလည်း ပါတာပေါ့။ အမကတော့ အရေပြားနဲ့ အလှအပဆိုင်ရာ ဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက် သူ့အတွက်ကိုတော့ အလှကုန် ပစ္စည်းတွေ ထုတ်တဲ့နေရာမှာ အထူးသဖြင့် skincare ပိုင်းပေါ့နော်။ အရေပြားနဲ့ ထိန်းသိမ်းမှုဆိုင်ရာပိုင်းတွေမှာ အမက support လုပ်ပေးပါတယ်။ ကိုစိုင်းက အနုပညာရှင်ဆိုတော့ ရုပ်ပိုင်းဆိုင်ရာကိုလည်း အမကပဲ ပိုပြီး တာဝန်ယူပေးပါတယ်။” လို့ ဆိုပါတယ်။

Sai Cosmetix က korea brand ဖြစ်လို့ ယုံကြည်ရကြောင်းကိုလည်း ယိမ်းက ခုလို ရှင်းပြပါတယ်။

အကိုအကြီးဆိုတော့ အငယ်က support လုပ်ပေးရတာ ငယ်ငယ်တည်းကပဲ။ product တစ်ခုလုပ်ရင် အကိုရော အမရော ကျန်တဲ့ team members တွေရော အားလုံး ရှိပါတယ်။ အကုန်လုံး သေသေချာချာ တိုင်ပင်ပါတယ်။ Made in Korea ဆိုတော့ ကိုရီးယားက ပညာရှင်တွေနဲ့ စက်ရုံက technician တွေနဲ့ တိုင်ပင်ပြီး ထုတ်ပါတယ်ရှင့်။ ကိုစိုင်းရဲ့ fansတွေက သူ့ကို ချစ်ပြီးသားပေါ့။ Sai Cosmetics က korea made ဆိုတော့ စိတ်ချလက်ချ အားပေးလို့ရတယ်။” ဆိုပြီး ပြောသွားပါတယ်။

စိုင်းစိုင်းနဲ့ မောင်နှမ ဆက်ဆံရေးကိုလည်း ယိမ်းက ခုလို ဝေမျှသွားပါတယ်။“အကြီးနဲ့ အငယ်ဆိုတော့ အမြဲတမ်း အငယ်က အဆူခံနေရတာပဲ။ သေးသေးမွှားလေးတွေကစလို့ အကြီးကြီးတွေထိ အများကြီးပဲပေါ့။ ဒါပေမဲ့လည်း တိုင်တိုင်ပင်ပင်နဲ့တော့ သူငယ်ချင်းလိုလည်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

Credit:Cantwait2say

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.