ကျောင်းသွားတက်ရတော့မှာမို့ သားလေးကို ထားခဲ့ရတဲ့ မိခင်တစ်ယောက်ရဲ့ခံစားချက်ကို ထုတ်ပြောလာတဲ့ ယွန်းဝတီလွင်မိုး

ကျောင်းသွားတက်ရတော့မှာမို့ သားလေးကို ထားခဲ့ရတဲ့ မိခင်တစ်ယောက်ရဲ့ခံစားချက်ကို ထုတ်ပြောလာတဲ့ ယွန်းဝတီလွင်မိုး

ဝါရင့်သရုပ်ဆောင်ကြီး လွင်မိုးရဲ့ ချစ်မဝတဲ့သမီးကြီး ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေက ခေးလေးယွန်းဆိုပြီး သဲသဲလှုပ်​အချစ်ပိုနေကြရသူ​လေးပဲ ဖြစ်​ပါတယ်​။ သူမက​တော့ လက်​ရှိမှာ​​ အရမ်းချစ်​ရတဲ့ ခင်​ပွန်းရယ်​၊ အရုပ်​​လေးလို ချစ်​စရာ​ကောင်းတဲ့ သားသား​လေး Liam (လွင်​ထက်​) ​လေးရယ်​နဲ့အတူ ​ပျော်​ရွှင်​စရာ​ကောင်းတဲ့ မိသားစုဘဝ​လေးကို ဖန်​တီး ပိုင်​ဆိုင်​ထားတာပါ။ ဒီနေ့လေးမှာတော့ ယွန်းဝတီလွင်မိုက သားသားလေး လွင်ထက်ကိုထားပြီး ကျောင်းသွားတက်ရတော့မှာမို့ သားသားလေးအတွက် စာလေးတစ်စောင်ရေးပြီး သူမရဲ့ခံစားချက်တွေကို ထုတ်ပြောလာတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် သားလေးလွင်ထက်အတွက် မေမေ ယွန်းဝတီလွင်မိုးပေးထားခဲ့တဲ့ စာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ယွန်းဝတီလွင်မိုးကတော့ “my dear liam, One day you will be able to look back and read this and therefore, I want you to know mama loves you more than I really understand how to. You have been my biggest achievement and although I cannot be near you right now, I promise everything I do, I do for you. I can’t wait to hold you again my dear. ♥️Love you.” “မေမေ့ရဲ့ ချစ်လှစွာသော Liam လေးရေ …တစ်နေ့ ဒီစာကို သားလေးဖတ်ဖြစ်တဲ့အခါကျရင် မေမေက သားကိုပြောမပြတတ်အောင်ကို ချစ်တယ်ဆိုတာ သိစေချင်တယ်။ သားလေးဟာ မေမေ့ဘဝမှာ တန်ဖိုးအထားရဆုံး ဆုလာဘ်လေးတစ်ခုပါပဲ၊ အခုချိန်မှာ သားအနား မေမေရှိမပေးနိုင်ပေမယ့်လည်း သားအတွက် မေမေ တတ်နိုင်သမျှအကုန် ဖြည့်ဆည်းပေးသွားမှာပါ။ သားလေးကို အရင်လိုအချိန်တိုင်း ထွေးပွေ့ရဖို့ မစောင့်နိုင်တော့ဘူးကွယ်။ အရမ်းချစ်တယ်နော်။” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။

ဒီလောက်ချစ်စရာကောင်းတဲ့သားလေးကို ဘယ်ထားခဲ့ချင်ပါ့မလဲနော်…

ယွန်းဝတီလွင်မိုးလေးကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီလ ၄ရက်နေ့က ချစ်ရသူနဲ့ လက်ထပ်ပွဲကိုခမ်းခမ်းနားနားကျင်းပခဲ့တာဖြစ်ပြီး အခုဆိုရင်​ အိမ်​​ထောင်​သက်​တမ်း တစ်​နှစ်​​ကျော်​သွားပြီပဲ ဖြစ်​ပါတယ်​။ သူတို့နှစ်​ဦးရဲ့သားဦး​လေး Liam ကို​တော့ ပြီးခဲ့တဲ့ ၂၀၁၈ သြဂုတ်​လ ၆ ရက်​​နေ့မှာ ​မွေးဖွားသန့်​စင်​ခဲ့တာပါ။ ဒီနေ့လေးမှာတော့ ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံက ကျောင်းတက်ဖို့အတွက် သြစတေးလျကို ထွက်ခွာတော့မှာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း သားလေးနဲ့ခွဲပြီး ကျောင်းသွားတက်တော့မယ့် ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံ အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit-မိုမိုလေး

Comments are closed.