ရည်းစားဖြစ်သူ အိမ်ထောင်ပြု၊ ကလေးယူနိုင်ဖို့ လမ်းခွဲပေးလိုက်တဲ့မထက်

ရည်းစားဖြစ်သူ အိမ်ထောင်ပြု၊ ကလေးယူနိုင်ဖို့ လမ်းခွဲပေးလိုက်တဲ့မထက်

မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ Make up Artist တစ်ဦးဖြစ်သလို Trans Gender တစ်ဦးဖြစ်ပြီး ပရိသတ်အားပေးလက်ခံမှုကို ရရှိထားနေတဲ့ မထက်ကတော့ လက်ရှိအချိန်မှာ ၅နှစ်လောက်တွဲခဲ့တဲ့ ရည်းစားနဲ့ပြတ်ပြီးနောက်မှာ သူခံစားရတဲ့ ခံစားချက်တွေကို အင်တာဗျူးတစ်ခုမှာ ဖြေသွားခဲ့ပါတယ်။ မထင်ဟာဆိုရင် ရည်းစားသက်တမ်း၆နှစ်လောက်မှာမှ ပြတ်ကြမယ်လို့ စဉ်းစားထားပေမယ့် အခုလောစောစီးစွားပြတ်သွားရလို့ အရမ်းခံစားနေရပါတယ်။

မထက်က “ဟုတ်တယ် အသည်းကွဲနေတယ် လာခါနီးတောင် ငိုလာတာ။ နီနီခင်ဇော်နဲ့ ဖုန်းတွေ ပြောပြီး နှစ်ယောက်သား အစ်မရေ ဒီလိုပဲ ကြားတယ်ဆိုတော့ ကိုယ်ကလည်း သူ့ကို အင်တာဗျူးလေးတောင် ပို့ပေးလိုက်တော့ သူကြည့်ပြီးတော့ ကိုယ်နဲ့သူနဲ့စကြိုက်ခဲ့တဲ့အချိန်ကတည်းက နီနီကသိတယ်ဆိုတော့လေ ဒီဟာလေးကို ကိုယ့်ကို အားပေးတာပေါ့နော်။ ဖြစ်သွားတဲ့အပေါ်မှာ မူတည်ပြီးတော့ ကိုယ်လည်း ကြိုးစားပြီးတော့ မေ့ဖျောက်ပါတယ် အချိန်က ကုစားမှာပါ ဘာမှ အရမ်းတော့ ဟိုလိုကြီးတော့ ဖြစ်မနေတော့ပါဘူး။ အစ်မတို့က ၅နှစ်ပေါ့ ၅နှစ်မှာ ကွဲတာပေါ့ ဒါပေမဲ့ ကိုယ်ကလည်း ၅နှစ်သို့မဟုတ်၆နှစ်မှာကွဲမယ်လို့ ကိုယ့်ကိုယ်ကိုယ် အစီအစဉ်ဆွဲထားတယ်ပေါ့နော်။ ခေါင်းထဲမှာ စဉ်းစားထားတယ် ၅နှစ်၆နှစ်ပေါ့ ၅နှစ်မှာတောင်မကွဲချင်ဘူးပေါ့ ၆နှစ်ကျော်လောကိကျရင်တော့ ကွဲကြရင် ကောင်းမယ်လို့တော့ ကိုယ်က နဂိုထဲကတော့ စဉ်းစားပြီးသားပါ မထင်မှတ်ဘဲနဲ့ နည်းနည်းလေး စောသွားတဲ့ အခါကျတော့ ကိုယ်လိုချင်တဲ့ ပစ္စည်းလေး ပျောက်ဆုံးသွားသလို ကျကွဲသွားသလို ခံစားရတယ် နည်းနည်းတော့ ဝမ်းနည်းရတာပေါ့။”လို့ပြောသွားခဲ့ပါတယ်။

၅နှစ်၆နှစ်ကြာရင် ကွဲကြရင်ကောင်းမယ်လို့ စဉ်းစားထားတာနဲ့ ပတ်သက်ပြီး “ဘာလို့လဲဆိုတော့ Relationship ကိုဘာလို့ အဲ့အချိန်မှာ ရပ်တန့်လိုက်ချင်တာလဲဆိုတော့ သူအိမ်ထောင်ပြုဖို့ရှိသေးတယ် သူ့အသက်ကို အစ်မတွက်ထားတာပေါ့နော် သူ့အသက်နဲ့ သူရည်းစားထားရမယ့်အသက်နဲ့ မိန်းကလေးတစ်ယောက်ကို လေ့လာရမယ့်အချိန် အိမ်ထောင်ပြုမယ့်အချိန်ကလေးရမယ့်အချိန် ပြန်တွက်တဲ့ အခါကျရင် အစ်မတို့ ဒီအချိန်တွေလောက်မှာ ရပ်တန့်လိုက်မှ နောက်နှစ်နှစ်သုံးနှစ်အတွင်းမှာ သူအိမ်ထောင်ပြု ကလေးယူမယ်ဆိုရင် သူအသက် ၃၆ ၃၇ ၃၈အတွင်းမှာမှ သူကလေးတစ်ယောက် ရမှာဆိုတော့လေ အစ်မ သူဒီအသက်အရွယ်မှာ အိမ်ထောင်ပြုသင့်ပြီလို့ အစ်မတွေးထားတာ။ အစ်မက အမြဲတမ်း သူများအတွက်ပဲ စဉ်းစားတယ် ဘာလို့လဲဆိုတော့ အစ်မတို့က မဖြစ်နိုင်တဲ့လမ်းကို လျှောက်ခဲ့ပြီးပြီ ဒါပေမဲ့ ဖြစ်နိုင်ချေရှိတာကိုလည်း အစ်မပြန်ဖန်တီးပေးရမယ်လေ အစ်မသဘောအရမ်းကောင်းနေတာတော့ မဟုတ်ဘူးကွာ။ ဒါပေမဲ့ အစ်မ ဒီဟာကို တစ်ချိန်မှာ ဆွဲထားခဲ့ရင်လည်း တစ်ချိန်မှာ လွတ်ထွက်သွားမှာပဲ အဲ့တော့ လွတ်မထွက်သွားခင်မှာ ကိုယ်က အကောင်းဆုံး တွေးပေးနိုင်ရမယ် ဖြည့်ဆည်းပေးနိုင်ရမယ်။

သူက ကလေးအရမ်းချစ်တတ်တယ် အဲ့တော့ သူမိန်းမယူပြီး ကလေးတွေ မွေးနိုင်အောင် ကြိုးစားလို့။ အရင်တုန်းကတော့ ပြေတာပေါ့နော် ကလေးမွေးစားကြမယ်လို့ အစ်မတွေးထားပြီးသား မလွယ်ပါဘူး မဖြစ်နိုင်ပါဘူး။”လို့ ပြောသွားခဲ့ပါတယ

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.