
ခြိမ့်ကေကိုနဲ့ဖရန့်ဖြစ်သွားလို့ ပျော်နေတဲ့ ထန်ပါး
မြန်မာအမျိုးသားတွေရဲ့ ရှေ့ဆောင်လမ်းပြ ဖက်ရှင်ကင်းအဖြစ် Online ပေါ်မှာရော အပြင်လောကမှာပါ နာမည်ကြီးလာတာ နှစ်အတန်ကြာပြီဖြစ်တဲ့ ထန်ပါးကိုပရိသတ်တော်တော်များများသိကြမှာပါ။ ထန်ပါးကို ဖက်ရှင်ကင်းသီချင်းနဲ့စသိခဲ့ပြီးနောက် တစိုက်မတ်မတ်အားပေးလာတဲ့ ပရိသတ်ထုကြီးကလည်းများစွာရှိနေတာကိုတွေ့ရမှာဖြစ်တဲ့အပြင် ထန်ပါးက မကြာသေးမီကပဲ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိထားပါသေးတယ်။ အဲဒါကတော့ စူပါမင်းသီချင်းပါ။ သူကိုယ်တိုင် စူပါမင်းလိုဝတ်ပြီးသီချင်း MTV မှာ ဖျော်ဖြေခဲ့တာလည်းဖြစ်လို့ စူပါမင်းသီချင်းဟာ ပရိသတ်အားပေးမှုအတော်အတန်ရရှိထားတာလည်းဖြစ်ပါတယ်။

ခေတ်ပြိုင်အဆိုတော်တွေဖြစ်တဲ့နစ်ကီဘိုမင်းအောင်တို့ ဆလိုင်းဖွာထောင်တို့လိုပဲ ပရိသတ်ကြိုက်တဲ့ သီချင်းအမိုက်စားတွေထုတ်တတ်တဲ့ ထန်ပါးဟာ သူ့လိုပဲထက်မြက်ပြီးအနုပညာအရည်အသွေးရှိတဲ့ မျိုးဆက်သစ်လေးတွေကို လက်ကမ်းကြိုဆိုပေးဖို့လည်း ဝန်လေးတတ်သူမဟုတ်ပါဘူး။ သဘောကောင်းတဲ့ထန်ပါးက နောက်ပိုင်းမှာပရိသတ်အားပေးမှုရပြီးနာမည်ကြီးလာတဲ့ ခြိမ့်ကေကိုကို လက်တွဲခေါ်ယူလိုက်ပါပြီ။


မနေ့က (22.2.2019) နေ့မှာ ထန်ပါးက သူ့ရဲ့ လူမှုကွန်ယက်မှာ ခြိမ့်ကေကိုနဲ့ ဖရန့်ဖြစ်သွားလို့ ဝမ်းမြောက်ကြောင်း တင်ထားခဲ့ပါတယ်။ ခြိမ့်ကေကိုဓာတ်ပုံနဲ့ တွဲပြီး “ဒီနေ့ မှာ ချစ်ညီ Chaink K Ko နဲ့ Friends ဗြီဗျအားလုးံအားလုးံကိုဘုရားသခင်ကောင်းချီးပေးပါစေ”လို့ ရေးတင်ထားခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးရဲ့ ပရိသတ်တွေက အဲဒီပို့စ်အောက်မှာ ဝင်ရောက်ကောင်းချီးပေးနေကြပြီး အချို့ပရိသတ်တွေကလည်း ချစ်စနိးနဲ့ စနောက်ထားတဲ့ comment တွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ ခြိမ့်ကေကိုကလည်း comment မှာ Fly Kiss sticker လေးဝင်မန့်ထားခဲ့ပါတယ်။


့ ပရိသတ်ကြီးရော ထန်ပါးနဲ့ခြိမ့်ကေကိုကိုအားပေးကြလား။ သူတို့နှစ်ယောက်ကိုသီချင်းအတူတူတွဲလုပ်စေချင်ကြလား။နှစ်ယောက်ပေါင်းပြီးအခွေတစ်ခွေထွက်လာရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။