မိန်းကလေးတိုင်းရဲ့ အသည်းကို လှုပ်ခါသွားမယ့် ချီချီရေးတဲ့ စာစုလေး

မိန်းကလေးတိုင်းရဲ့ အသည်းကို လှုပ်ခါသွားမယ့် ချီချီရေးတဲ့ စာစုလေး

Beauty Blogger အနေနဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ အားလုံးက ချစ်ခင်အားပေးကြတဲ့ နေခြည်ဦး ခေါ် ချီချီက အလှအပဆိုင်ရာအတွက်ပဲ ဖြစ်ဖြစ် Lifestyle အတွက်ပဲ ဖြစ်ဖြစ် အသုံးဝင်မယ့် အကြောင်းအရာလေးတွေကို မျှဝေပေးနေကျပါ။

ဒီတစ်ခေါက်မှာလည်း အားလုံးရဲ့ ရင်ထဲ ထိသွားစေမယ့် စာလေးကို ရေးခဲ့ပြန်ပါတယ်။ အကြောင်းအရာကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ကိုယ့်အပြုံးမှာ တစ်ပါးသူရဲ့အမုန်းတွေ ကျဆုံးပါစေ ဆိုပြီး လူတွေကို ပိုပြုံးဖို့ အားပေးလိုက်ပဲဖြစ်ပါတယ်။ ဒီစာလေးကိုတော့ သူမရဲ့ Beautybynaychi page မှာ တင်ထားခဲ့တာပါ။ ပြန်လည်မျှဝေသူတွေ၊ အားပေးသူတွေ၊ မှတ်ချက်ပေးနေသူတွေနဲ့ စည်ကားနေတဲ့ ပို့စ်လေး တစ်ခုပါပဲ။

ပြုံးပါ အမြဲတမ်းပြုံးပါဆိုတော့ ချီချီ့ရဲ့ စာလေးကတော့ ….“တစ်ယောက်နဲ့ တစ်ယောက်တွေ့တဲ့အခါမှာ တစိမ်းသူ တစ်ယောက်နဲ့ မျက်နှာချင်းတဲ့ဆုံမိတဲ့အခါမှာ ကိုယ်ကအရင်ဆုံးပြုံးပြနှုတ်ဆက်ကြည့်ပါ။ သူတစ်ပါးရင်ထဲမှာ အမုန်းရှိရင်တောင် ကိုယ့်အပြုံးလေးက သူ့ကိုအေးမြသွားစေမှာပါ။ အပြုံးလက်ဆောင်လေးပေးလိုက်တဲ့အခါ သူ့အတွက်၊ ကိုယ့်အတွက် တစ်နေ့တာ ခွန်အားကိုရသွားတာပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုတိုးချင်တယ်ဆိုလည်း အမြဲပြုံးထားပါ။ ပြုံးရမယ်ဆိုတာကို အလုပ်တစ်ခု ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ စိတ်လေးထားပြီးအမြဲပြုံးပေးပါ။ သမီးရည်းစားချင်း ရန်ဖြစ်တာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာ အဆင်မပြေတာပဲ ဖြစ်ဖြစ် တခြားဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေရင်တောင် ကိုယ့်ကိုယ်ကို ပြုံးပြီး နှစ်သိမ့်လိုက်ပါ။

ကိုယ့်ကိုကိုယ် အပြုံးနဲ့ ခွန်အားပေးပါ။ ပြုံးလိုက်တာနဲ့ကိုယ့် မျက်နှာပေါ်က ကြွက်သွားလေးတွေက မှုန်ကုတ်ကုတ်နဲ့ ကြုံ့နေရာကနေ ဆန့်လာလိမ့်မယ်။ အဲ့အတွက်စိတ်ညစ်စရာမျက်နှာမှုံကုတ်ကုတ် ကြီးကနေ ဝိုင်းစက်ပြီး ပြုံးပျော်လာတဲ့မျက်နှာလေးက မိမိကိုယ်မိမိ အရင်ဆုံး ပျော်ရွှင်လာစေပါလိမ့်မယ်။ ဒီစာလေးက ဘာရယ်မဟုတ်ဘူး နေခြည် နေခြည့်ကောင်လေးကို လေဆိပ်မှာ စောင့်ကြိုနေရင်းနဲ့ နေခြည်တခြား တစိမ်းတွေနဲ့ ဆုံမိတဲ့အခါ ပြုံးပြလိုက်ရင် ခပ်တည်တည် ရပ်နေတဲ့ ဦးလေးကြီးတွေတောင် ပြန်ပြုံးပြီး နှုတ်ဆက်တဲ့ အမှုအရာလေးတွေ၊ နေခြည့်ကို ကြောက်နေတဲ့ ကလေးလေးတွေတောင် ရှက်ကိုရှက်ကန်းနဲ့ ပြန်ရီပြတဲ့ အမူအရာလေးတွေတွေ့တော့ ပြုံးပြခြင်းရဲ့ လက်တွေ့ပြန်ရတဲ့ ကြည်နူးစရာ အကျိုးကျေးဇူးတွေ share ပေးချင်လို့ပါ။ မယုံဘူးလား ??

မယုံရင် ဒီစာလေးဖတ်ပြီးတာနဲ့ ကိုယ့်ညာဘက်မှာ ရှိနေတဲ့ သူစိမ်းတစ်ယောက်ကို ပြုံးပြပြီး နှုတ်ဆက်ကြည့်။ သူက ကိုယ့်ကို ဘယ်လို ပြန်တုံ့ပြန်လဲဆိုတာ comment မှာ ပြန်ရေးပေးပေါ့။ အပြုံးလေးတစ်ပွင့်က ကိုယ့်ရဲ့တနေ့တာမှာဘဲဖြစ်ဖြစ် သူတစ်ပါးရဲ့တနေ့တာမှာဘဲဖြစ်ဖြစ် တစ်စက္ကန့် တစ်မိနစ်လောက် စိတ်ချမ်းမြေ့မှုပေးနိုင်တယ်ဆို နေခြည်ကတော့ အမြဲပြုံးနေဖို့ ကိုယ်ကိုယ်တိုင်လည်း အမြဲသတိပေးမယ် ချစ်ရတဲ့ chillies တွေကိုလည်း အမြဲတိုက်တွန်းပါရစေနော်။”

ကဲ…အားလုံးပဲ ချီချီ့ရဲ့ အပြောလေးကို လက်ခံကြလား။ ပျိုမေလေးတွေကတော့ ချီချီ့ရဲ့ စာစုလေးကို ပြန်လည်မျှဝေရင်း ပြုံးနေကြမှာ သေချာပါတယ်။ အမြဲတမ်း ပြုံးနေတတ်တဲ့ နေခြည်ဦးရဲ့ ပရိသတ်တွေရှိရင် ဒီစာလေးကို မျှဝေပေးလိုက်ပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.