သင်းသင်း၊ နန္ဒာလှိုင်နဲ့ ဝေဠုကျော်ကြားက အရှုပ်တော်ပုံ

သင်းသင်း၊ နန္ဒာလှိုင်နဲ့ ဝေဠုကျော်ကြားက အရှုပ်တော်ပုံ

အလှမယ် သင်းသင်းကတော့ မင်းသား ဝေဠုကျော်ကို ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားတဲ့ ဖြစ်ရပ်ကိုတော့ တော်တော်များများ သိပြီးကြမှာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အလှမယ် သင်းသင်းကတော့ ဝေဖန်တိုက်ခိုက်မှု များစွာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ယခုမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သရုပ်ဆောင်နန္ဒာလှိုင်မှာ ဆွဲထည့်ခံလိုက်ရတာ ဖြစ်ပါတယ်။ နန္ဒာလှိုင်ကတော့ သူမရဲ့ ဖေ့ဘုတ်ပေါ်မှာ “တချိန်က ပတ်သက်ခဲ့ဖူးတဲ့သူဆိုတာ ရန်သူမဟုတ်သလို ချစ်သူလဲ မဟုတ်တော့ပါဘူး သူငယ်ချင်းလဲ မဖြစ်နိုင်တော့သလို တိုက်ခိုက်နေစရာလဲ မလိုပါဘူး ပြီးတော့ကိုယ်အဲ့လောက်မအားပါဘူးကွယ်” ဆိုပြီးတော့ တင်ထားတာနဲ့ ပတ်သက်ပြီး အကောင့်တု တခုက သင်းသင်း၊ နန္ဒာလှိုင်၊ ဝေဠုကျော်ကြားမှာ သဘောထားကွဲလွဲနိုင်တဲ့ စာသားတွေတင်ခဲ့တာ ဖြစ်ပါတယ်။

အကောင့်တခုကတော့ “အလှမယ်သင်းသင်းစွဲဆိုထားသော ကာမလိမ်လည်မှုကတော့ ကြည့်ကောင်းသွားပါပြီရှင် ပရဘုတ မင်းသားကြီးကတော့ ငွေကြေးအင်အား တောင့်တင်းပြီး အများစုက ပရဘုတမင်းသားကြီး အနိုင်ရမည်ဟု တထစ်ချတွက်ထားသော ထိုအမှုအား ပွဲပို ကုလားဖန်ထိုးမဲ့ ဆရာမကြီးတစ်ပါးဝင်လာပါပြီရှင် သူကတော့ အလှမယ်သင်းသင်းဘက်က အစစအရာရာ သက်သေကအစ ရှေ့နေဌားခအကုန် စပွန်စာရိတ်ထုတ်ပေးမဲ့ သူက တချိန်ကနိုင်ငံကျော် မင်းသမီးကြီး နန္ဒာလှိုင် (ဇေကမ္ဘာ) ပဲ ဖြစ်ပါတယ်ရှင် ဒီဇာတ်လမ်းတွေက ကျောင်းတော်က ရန်စတွေ ပြန်လည်စတင်ပါပြီရှင်” ဆိုပြီး တင်ထားတာကြောင့် ပရိသတ်တွေကြားမှာ အုတ်အော်သောင်းနင်း ဖြစ်သွားပါသေးတယ်။ ဒီကိစ္စကိုတော့ အလှမယ် သင်းသင်းက ပြန်လည် ဖြေရှင်းထားတာ ဖြစ်ပါတယ်။

Mc နဲ့ အင်တာဗျူးမှာတော့ သင်းသင်းက “ဒါကြီးကတော့ တဖက်စောင်းနင်းတင်တယ်လို့တော့ အမ ထင်တယ်။ အမနဲ့ မနန္ဒာလှိုင်နဲ့ဆိုတာ ပတ်သက်မှု မရှိသလို ဆက်စပ်မှုလည်း မရှိပါဘူး။ ပွင့်ပွင့်လင်းလင်းပြောပြတာ။ လူတိုင်းက ဒါလုပ်လို့ လိုက်ပြောတိုင်း လိုက်လုပ်ရအောင် အမက ကလေးမှ မဟုတ်တာ။ သူများကိစ္စကို တချို့က ဒီလိုမျိုး တင်လိုက်တော့ မနန္ဒာဖက်ကလည်း အရမ်း ထိခိုက်မှုရှိတယ်လို့ ထင်ရပါတယ်။ ကိုယ်တွေလည်း မသိဘူးလေ။ အဲ့တုန်းက ကလေးပဲ ရှိနေတာဆိုတော့။ အခုချိန်မှာ မနန္ဒာလှိုင်ဆိုတာ အပြင်မှာလည်း တခါမှ မတွေ့ဖူးပါဘူး။ ကိုယ်ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့တဲ့ မင်းသမီးပါ။ ဆုံချင်ခဲ့ဖူးတယ်ဆိုတာ အရင်တုန်းက အရမ်းကြိုက်တဲ့ မင်းသမီးမို့ ဆုံချင်ခဲ့ဖူးတာ။

ဒီကိစ္စနဲ့ ပတ်သက်လို့လည်း အမနဲ့လည်း မဆိုင်ဘူးလေ။ ဒါကတော့ ကိုယ့်အတွေးပေါ့။ သူတို့ဇာတ်လမ်းကြောင်းတွေလည်း ကိုယ်မသိပါဘူး။ ဒါကို အဲ့လိုမျိုး ပို့စ်ကြီး တက်လာတယ်ဆိုတော့ ဘယ်လိုလည်းမသိဘူး။ စိတ်ထဲမှာ။ လူတွေက ဘာကြောင့် တိုက်ခိုက်နေလည်းဆိုတာ မသိပါဘူး။ စတွေ့ချင်းတုန်းကတော့ အရမ်းအံ့သြသွားတယ်။ သူနဲ့ ကိုယ်နဲ့က အဆက်စပ်မှ မရှိတာ။ သက်သက် ဘလိုင်းကြီး လုပ်တာလေနော်။ အမ အတွက်လည်း မကောင်းဘူး ညီမ အတွက်လည်း မကောင်းဘူးလို့ ထင်ပါတယ်။ အဓိက သူတို့ တိုက်ခိုက်ချင်တာက ကိုယ့်ကိုလား အမကိုလား ဆိုတာကို သိချင်တယ်။ သူတို့ ပြောသလိုမျိုးတောင် မနန္ဒာနဲ့ တခါလောက်တော့ တွေ့ဖူးချင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်အရမ်းကြိုက်တဲ့ မင်းသမီးဖြစ်နေခဲ့လို့။

ဒီလိုမျိုးကြီး တက်လာတယ်ဆိုတော့ ကိုယ်လည်း မျက်လုံးတော်တော်ပြူးသွားတယ်။ ဒါက တမင်သက်သက်ကြီးကို လုပ်တဲ့ အကောင့်နဲ့ လုပ်တာပါ။ ဒါကလည်း မနန္ဒဖက်ကနေ ဖြေရှင်းသင့်တယ်လို့လည်း ထင်ပါတယ်။ ဘာလို့ ဖြေရှင်းသင့်လည်း ဆိုတော့ အမ အနေထားတခုနဲ့ လူတိုင်းမှာ သိက္ခာတရားဆိုတာ ရှိတယ်လေ။ သို့လော သို့လော ဆိုတာမျိုးတော့ မဖြစ်စေချင်ပါဘူး။ ဟုတ်ရင်ဟုတ်တယ်။ မဟုတ်ရင် မဟုတ်ဘူးဆိုတာကတော့ ဖြေရှင်းတာ ကောင်းပါတယ်။ အမကိုတော့ ကိုယ်မတွေ့ဖူးပါဘူး။ သူတို့ဘာကို ရည်ရွယ်ပြီး ဒီလိုတွေ တင်လည်း ဆိုတာကို မသိပါဘူး။ သူတို့ အကောင့်အတုနဲ့ ဘာလို့ လုပ်တာလဲ။ သတ္တိရှိလို့ ရှိရင် အကောင့်စစ်နဲ့ တင်လိုက်ပေါ့”

“မနန္ဒာကို တခုပြောချင်တာကတော့ ဒီအကောင့်တုနဲ့ တက်လာတာကို ရအောင် လိုက်စေချင်တယ်။ ဒါကဘယ်လိုပြောရမလဲဆိုတော့ နည်းနည်းတော့ အမ အတွက်လည်း ထိခိုက်တယ်။ လူတယောက်ရဲ့ သိက္ခာတရားနဲ့ ဆိုင်တယ်လို့ ထင်တယ်။ မဖြစ်သင့်တဲ့ ကိစ္စကြီးတက်လာတာလေ။ မနန္ဒာကလည်း သူစာကြောင်းလေးနဲ့ ဖြေရှင်းထားတာဆိုတော့ ဒါကလည်း အမှန်ပဲလေ။ အမမှာလည်း သူ့သိက္ခာနဲ့သူ ရှိတယ်လေ။ ဒါ တမင်သက်သက် ဆွဲထည့်လိုက်တယ်လို့ ထင်တာပဲ” ဟု ဖြေကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.