မြင်သူတိုင်းစာနာမိမယ့် မြန်မာနိုင်ငံက စိတ်မကောင်းစရာ မြင်ကွင်းများ

မြင်သူတိုင်းစာနာမိမယ့် မြန်မာနိုင်ငံက စိတ်မကောင်းစရာ မြင်ကွင်းများ

လူရယ်ဖြစ်လာပြီဆိုရင်တော့ ငယ်ရွယ်တဲ့ အချိန်မှာပညာရှာ၊ ပညာစုံသွားရင်တော့ ပိုက်ဆံရှာ၊ ပိုက်ဆံရှာပြီးသွားရင်တော့ အေးချမ်းတဲ့ တရားရှာရမယ်ဆိုပြီးတော့ လောကနိယာမတွေ ရှိပါတယ်။ ဒါပေမယ့်လည်းလောကမှာတော့ ဒီလိုမျိုး အစဉ်တိုင်းမဖြစ်လာတဲ့ လူသားတွေ တော်တော်များပါတယ်။ အထူးသဖြင့်တော့ စားဝတ်နေရေး အတွက် ရုန်းကန်နေရတဲ့သူတွေ တော်တော်လေးကို များပါတယ်။ လူတိုင်းနီးပါးစားဝတ်နေရေးအတွက် ရုန်းကန်နေရပေမယ့်လည်း တချို့ကတော့ အသက်အန္တရာယ်များစွာ ရုန်းကန်နေရတာတွေ ရှိပါတယ်။ ကမ္ဘာပေါ်မှာလည်း ဒီလိုစားဝတ်နေရေးအတွက် အသက်အန္တရာယ်ကို ပဒါနမထားပဲ ရုန်းကန်နေရတဲ့သူတွေ ရှိသလို ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုး ရုန်းကန်နေရတာတွေ ရှိပါတယ်။ ပြောချင်လွန်းလို့ပေ့ခ်ျ က ဖော်ပြပေးချင်တာ မြင်သူတိုင်းစာနာသွားမယ့် မြန်မာနိုင်ငံက မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁.အလုပ်ဟူသမျှဂုဏ်ရှိစွ ဆိုပေမယ့်လည်း ဒီအမျိုးသားလုပ်နေပုံကတော့ အသက် အန္တရာယ်ကိုမှ မထောက်ပဲ အလုပ်လုပ်နေတာကို တွေ့ရပါတယ်။ မတော်လို့သာ အောက်ခြေက သစ်သားတွေ မခိုင်ခဲ့ရင် ဒီအမျိုးသားကို ထိန်းနိုင်မယ့် ကြိုးတွေဆိုတာလည်း မရှိပါဘူး။ ထမင်းတလုတ်အတွက်နဲ့ မိမိအသက်ကိုတော့ တန်ဖိုးထားပေးကြပါ။

၂.အဖွားရဲ့ အသက်အရွယ်အရ တရားရှာရမယ့် အရွယ်ကို ရောက်နေပေမယ့်လည်း စားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်းနဲ့ လုပ်ကိုင်ရုန်းကန်နေရတုန်းပါ။ ဒီပုံလေးကို တွေ့လိုက်ရရင် စိတ်မကောင်းဖြစ်မိမယ် ထင်ပါတယ်။ ဒီလိုမျိုး မြင်ကွင်းတွေ မရှိတော့ရင်တော့ ကောင်းမယ်ဗျာ။

၃.ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆိုတာကလည်း အန္တရာယ်အတော်ကို များလှတဲ့ အလုပ်ပါပဲ။ တခြားနိုင်ငံတွေမှာ လုံခြုံရေးကိရိယာအပြည့်အစုံနဲ့ အန္တရာယ်မဖြစ်အောင် ဝတ်စုံတွေ အထပ်ထပ်ဝတ်ထားသော်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အိမ်မှာ ဟင်းချက်တဲ့ပုံစံနဲ့ အမျိုးသမီးကြီးတွေ ဆောက်လုပ်ရေးလုပ်ငန်းခွင် ဝင်နေတာကတော့ အတော့်ကို အန္တရာယ်များလှပါတယ်။

၎.မြန်မာနိုင်ငံမှာတော့ မိုးရာသီတွေဆိုရင် ဓါတ်လိုက်ပြီး သေဆုံးတဲ့ အဖြစ်ပျက်တွေ တော်တော်များပါတယ်။ ဒါကတော့ နည်းပညာတွေကြောင့်လည်း ပါမယ်ထင်ပါတယ်။ ဒီလိုမျိုး လျှပ်စစ်မီးကြိုးတွေကို ပြင်ဆင်ရတဲ့သူတွေလည်း အသက်အန္တရာယ်က လက်တကမ်းမှာပါပဲ။

၅.မြန်မာနိုင်ငံမှာတော့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ အထဲမှာတော့ လမ်းဘေးဈေးသည်တွေ တော်တော်များပါတယ်။ လမ်းတွေပေါ်မှာ နေရာမရတဲ့အချိန်မှာ ဒီလိုရထားလမ်းပေါ်မှာ ဈေးတွေခင်းရောင်းနေတာကတော့ တော်တော်ကို အမြင်မတော်စရာပါပဲ။ အခန်းမသင့်ရင် အသက် အန္တရာယ်ရှိနိုင်ပါတယ်။

၆.တခြားဥရောပနိုင်ငံတွေမှာ ဒီလောက်ကြီးတဲ့ ပစ္စည်းတွေကိုတော့ စက်ပစ္စည်းတွေနဲ့ သယ်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ဒီလောက်ကြီးတဲ့ ပစ္စည်းတွေကို လူတွေနဲ့ပဲ သယ်နေတာကို တွေ့ရပါတယ်။ အခန်းမသင့်လို့ တယောက်ယောက် ခြေချော်သွားရင် အရိုးတွေဘာတွေ ကျိုးနိုင်ပြီး အသက် အန္တရာယ်ပါ ရှိနိုင်ပါတယ်။

၇.ကျွန်တော်တို့နိုင်ငံမှာ ပဲပြုတ်ကို လူတိုင်းကြိုက်ကြပါတယ်။ ဒါပေမယ့်လည်း မနက်အစောကြီးတွေမှာ ပဲပြုတ်လိုက်ရောင်းတဲ့သူတွေကို ကြည့်လိုက်ရင် အသက်ကြီးနေပြီဖြစ်တဲ့ အဖွားတွေ များပါတယ်။ ဒီလိုမြင်ကွင်းတွေကိုလည်း မကြာခဏမြင်လေ့ရှိပြီး စိတ်မကောင်းဖြစ်ရတဲ့ အချိန်များစွာ ရှိခဲ့ဖူးကြမှာပါ။

၈.ပညာကောင်းကောင်းရှာရမယ့် အရွယ်မှာ ဒီလိုမြောင်းပုတ်တွေထဲမှာ အမိုက်တွေလိုက်ဆယ် ငါးတွေလိုက်ရှာနေတာကို မြင်လိုက်ရရင်လည်း စိတ်ထဲမှာ တခုခုတော့ ခံစားသွားရမှာပါ။


အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.