လိုချင်တဲ့ချစ်သူရဲ့စံချိန်စံညွှန်းတွေကိုပြောပြတဲ့ မိတ်ကပ်ခင်စန်းဝင်း

လိုချင်တဲ့ချစ်သူရဲ့စံချိန်စံညွှန်းတွေကိုပြောပြတဲ့ မိတ်ကပ်ခင်စန်းဝင်း

နိုင်ငံကျော်မိတ်ကပ်ပညာရှင်၊သရုပ်ဆောင် မကြီးစန်းခေါ် ခင်စန်းဝင်း ကSky Net Up to Date နဲ့တင်ဗျူးတစ်ခုမှာ ပြောပြသွားတဲ့သူရဲကအချစ်ရေးအခြေအနေပြီးတော့ သူရဲ့အချစ်ပေါ်မှာထားတဲ့ခံယူချက်တွေကို ပြောပြသွားခဲ့ပါတယ်။ အဲ့ဒီလိုပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်ကြီးသိအောင်ပြန်ပြောပြလိုက်ရပါတယ်။

အချစ်ရေးနဲ့ပတ်သတ်ပြီးတော့ “ ချောကလက်တွေကတော့စားရပါတယ်။(ရယ်လျက်)ဒါပေမယ့်မကြီးအပျိုကြီးပါ တစ်ယောက်တည်းပါ။မကြီးကကျတော့ မကြီးရဲ့စံချိန်စံညွှန်းရှိတယ်။ပြီးရင်မကြီးလိုချင်တဲ့ပုံစံရှိတဲ့အတွက် မကြီးအတွက်က အရမ်းရှားပါတယ်။ အဲ့ဒီအတွက်ကိုဘယ်လိုပြောရမလဲ စကားပြောလို့ရရုံ အဲ့လို့အမည်ဖော်လို့ရရုံတစ်ခုတည်းနဲ့မလုပ်ချင်ဘူး ။ မကြီးအတွက် ရွေးစရာတွေအရမ်းရွေးရတဲ့သူလည်းဖြစ်တယ်။ရွေးတဲ့လူကလည်း ကိုယ့်စံချိန်စံညွှန်းမှာအကောင်းဆုံးဖြစ်နေတဲ့သူဖြစ်ဖို့လိုအပ်တဲ့အခါကျတော့မကြီးအတွက်အရမ်းရှားပါတယ်။ အဓိကတော့ဟိုပေါ့လေ မကြီးက ယောက်ျားလေးကိုကြိုက်တယ်။ ကိုယ်ကမိန်းမဆိုတော့ ယောက်ျားလေးအစစ်ကိုကြိုက်တယ်။ နောက်တစ်ခုကအဲ့ဒီယောက်ျားလေးသည်လည်း စိတ်နေသဘောထားပေါ့ ၊ရုပ်ချောတာ အရပ်မြင့်တာ၊နာမည်ကျော်ကြားတာကအဓိကမဟုတ်ဘူး ။စိတ်နေစိတ်ထားလေးပေါ့ ကိုယ့်အပေါ်နားလည်တတ်တဲ့သူ စာနာနားလည်တတ်တဲ့သူ၊ ညှာတာတတ်တဲ့သူဖြစ်ဖို့များတယ်ပေါ့။

မကြီးတို့နဲ့ပတ်သတ်တဲ့ အခါကျတော့လေ မိခင်စိတ်ရှိတဲ့အတွက်အစစအရာရာပေါ့ဘယ်လိုခေါ်မလဲ ။ ကိုယ့်ဘက်ကလိုအပ်တာထက်ပိုပြီးတော့ဂရုစိုက်တာမျိုး၊ဦးစားပေးတာမျိုးရှိတတ်တယ်။ဘာပဲဖြစ်ဖြစ်မကြီးတို့နားမှာနေရင်ပျော်ကိုပျော်တယ်။ဒါပေမယ့်သဘာဝတရားအရမကြီးတို့နဲ့ပတ်သတ်ရင်မကောင်းပြောခံရတာမျိုး၊ ရှုံ့ချခံရတာမျိုးတွေ၊ဂေးလို့သတ်မှတ်တာမျိုးတွေအပေါ်မှာကျတော့ မကြီးကိုချစ်ရဲ့သားနဲ့လမ်းခွဲပြီးတော့ထားခဲ့တဲ့ယောက်ျားလေးတွေရှိတယ်။ သူတို့ဂေးအဖြစ်တော့မခံနိုင်ဘူး မေတ္တာမရှိဘူးမဟုတ်ဘူး မေတ္တာတော့ရှိတယ်။သဘောတရားတွေနားလည်လာတဲ့အခါကျတော့ မကြီးမကြိုးစားတော့ဘူးပေါ့။ကိုယ့်ဘာသာကိုယ်နေနိုင်အောင်ကြိုးစားလိုက်တယ်။ မကြီးကစိတ်ကူးယဉ်တာထက် လက်တွေ့သမားပါ ။လက်တွေ့သမားဖြစ်တဲ့အခါကျတော့စိတ်ကူးသိပ်မယဉ်ဘူး ဆိုတဲ့အခါကျတော့ ခုနကအကြောင်းအရာလေးတွေတွေးပြီးပျော်တာမျိုးတွေ ဖြစ်လို့ရတယ်လေ။

အဓိကကတော့လေလူတွေမျက်စိမနောက်ဖို့အရေးကြီးတယ်။ပြုမူနေထိုင်ပုံကလေဟိုလိုပေါ့(စဉ်းစားလျက်)တစ်ခါတစ်လေကျလို့ရှိရင် မကြီးကိုယ့်တပည့်တွေထဲမှာလည်း ဆုံးမရတာတွေရှိတယ်။ဘာလို့လဲဆိုတော့ လူမစော်ကားရင်နေပါစေ၊မချီးကျူးရင်နေပါစေပေါ့။ အစော်ကားမခံရဖို့ ၊ မရှုံ့ချခံဖို့ အနေအထိုင်ကအစလှုပ်ရှားတာကအစသတိနဲ့နေစေချင်တယ်ပေါ့ ။ဘာပဲဖြစ်ဖြစ်ပေါ့ကိုယ်ရဲ့အနေအထားက မျက်စိနောက်စရာမဖြစ်ဘူးဆိုရင် လူသတိမထားမိရင်မျက်စိမနောက်တော့ဘူးပေါ့။အခုခေတ်ကတော့ မျက်စိပွင့်နားပွင့်ဖြစ်လာပါပြီ။မကြီးတို့ငယ်ငယ်တုန်းကတော့ တော်တော်ကိုတိုက်ခိုက်ခံခဲ့ရတာပေါ့”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.