သိန်း(၂၅၀)ကျော်တန်ဖိုးရှိတဲ့ ထိုက်စုဝင်းရဲ့ မင်္ဂလာလက်ကိုင်ပန်း

သိန်း(၂၅၀)ကျော်တန်ဖိုးရှိတဲ့ ထိုက်စုဝင်းရဲ့ မင်္ဂလာလက်ကိုင်ပန်း

သူထူးစံနဲ့ချစ်သူကောင်မလေး ထိုက်စုဝင်းဟာ ဖေဖော်ဝါရီ (၂၂) ရက်က Novotel Hotel မှာ မင်္ဂလာဧည့်ခံပွဲကျင်းပသွားခဲ့တာပါ။ ပရိသတ်တွေချစ်တဲ့မင်းသားရဲ့ မင်္ဂလာပွဲကို ပရိသတ်အားလုံးကရော အနုပညာညီအစ်ကိုမောင်နှမတွေကပါ ဂုဏ်ပြုဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပြီး အနုပညာရှင်တော်တော်များများကလည်း မင်္ဂလာပွဲကိုတက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။ သူထူးစံကိုချစ်တဲ့အမျိုးကောင်းသမီးလေးနဲ့လက်ထပ်သွားတာကြောင့်လည်း ချစ်သူခင်သူတွေကဝမ်းမြောက်လျက်ရှိနေကြပါတယ်။

သူထူးစံရဲ့သတို့သမီးလေးက တစ်သက်မှာတစ်ခါဆောင်ရတဲ့ မင်္ဂလာပွဲကိုခမ်းနားကြီးကျယ်စွာဆောင်နှင်းခဲ့ရတဲ့အတွက် ကံကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ မင်္ဂလာပွဲမှာ ထူးခြားမှုလေးတွေလည်းရှိခဲ့ပါတယ်။အဲဒါကတော့ သာမန်မင်္ဂလာပွဲတွေလိုသတို့သားအရံ သတို့သမီးအရံတွေမပါဝင်တဲ့အပြင် မင်္ဂလာပွဲကလည်း ရှေးက မင်းညီမင်းသားတွေခေတ်ကိုပြန်ရောက်သွားသလိုခံစားရစေမယ့် ရိုးရှင်းတဲ့ရှေးမြန်မာအဆင်အပြင်မျိုးဖြစ်ခဲ့တာပါ။  ဒါ့အပြင်  မင်္ဂလာလက်ကိုင်ပန်းကလည်း သာမန်လက်ကိုင်ပန်းမျိုးမဟုတ်ခဲ့ဘူးလို့ဆိုရမှာပါ။

သူထူးစံတို့မင်္ဂလာပွဲက သတို့သမီးကိုင်တဲ့လက်ကိုင်ပန်းဟာ သာမန်ပန်းမျိုးမဟုတ်ပဲ ရွှေသားအတိပြီးတဲ့ လက်ကိုင်ပန်းစည်းလေးဖြစ်ပါတယ်။ လက်ကိုင်ပန်းကို လင်းအာရုဏ် Floral Service and Events က ပြုလုပ်ပေးထားခဲ့တာဖြစ်ပြီး လက်ကိုင်ပန်းချည်းပဲက မြန်မာငွေ သိန်း (၂၅၀)ခန့်တန်ဖိုးရှိကြောင်း ကြားသိရပါတယ်။ အဲဒါကို ကြားသိရတဲ့ပရိသတ်တွေကလည်း ရင်သပ်ရှု့မောဖြစ်နေကြပြီး အားလုံးက သတို့သမီးထိုက်စုဝင်းကို ကံကောင်းလိုက်တာလို့ ဝိုင်းဝန်းမှတ်ချက်ပေးနေကြသလို အားကျလျက်ရှိနေကြပါတယ်။

့ပရိသတ်ကြီးရော သူထူးစံနဲ့ ထိုက်စုဝင်းတို့ကိုချစ်ကြလား။သူထူးစံအိမ်ထောင်ကျသွားလည်းပဲ သူထူးစံရဲ့အနုပညာတွေကို ဆက်လက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.