အခြောက်ဇာတ်ရုပ်ရိုက် Image ထိခိုက်တယ်ဆိုတဲ့ နေထက်လင်း

အခြောက်ဇာတ်ရုပ်ရိုက် Image ထိခိုက်တယ်ဆိုတဲ့ နေထက်လင်း

အခုတလာ Hit ဖြစ်နေတဲ့ Line Walker 2ရိုက်ကွင်း လာရောက်ရိုက်ကူးတဲ့အပေါ်မှာပြည်သူတွေရဲ့အမြင်၊ အနုပညာလောက(အထူးသဖြင့် ရုပ်ရှင် )လောကမှာ အမြင်အမျိုးမျိုးကွဲပြား နေကြပါတယ်။အဲ့ဒီထဲမှာ အက်ရှင်မင်းသားကြီးနေထက်လင်းလည်းပါပါတယ် ။ သူဘယ်လိုမြင်လဲဆိုတဲ့အမြင်တွေကို 8Daysမီဒီယာနဲ့အင်တာဗျူးမှာပြောပြခဲ့ပါတယ်။ အဲ့ဒီလိုပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ကြီးသိအောင် ပြန်လည်ပြောပြပေးလိုက်ပါတယ်နော်။

Line Walker 2 ရိုက်ကွင်းကိုသွားပြီးလေ့လာခဲ့တဲ့ သူ့အမြင်ကို “ ဟာ Line Walker မှာတွေ့ရတာအရမ်းမိုက်တယ်။ သူ့တို့ရဲ့မင်းသားကြီးတွေဆိုရင် ၁၂နာရီ ၁နာရီလောက်ထိကို လာစရာမလိုသေးဘူး အပေါ်ကနေခုန်ဆင်းတာတွေဘာတွေက မင်းသားကြီးကလည်း ၄၈နှစ်လောက်ရှိပြီဆိုတော့ အရိုးတွေဘာတွေဆတ်နေပြီလေ။ ကျနော်တို့မှာကိ Subtitute မလုပ်ဘဲလုပ်ရတဲ့အတွက် ကိုယ်တွေကိုက်တာတွေဘာတွေအများကြီးရှိပါတယ်။ အခုနေတိုးနဲ့ရိုက်ခဲ့တဲ့ကား ကျနော့်ညီလေးရိုက်ခဲ့တဲ့ကားတွေမှာ ကျနော့်ဟာကျနော်ပဲသရုပ်ဆောင်ခဲ့တယ်။ သူတို့မှာကျတော့ ညီမတို့မြင်တဲ့အတိုင်းပဲ Substitute တွေလုပ်ပြီးသရုပ်ဆောင်ရတယ်ပေါ့နော်။

တကယ့်အရိုးဆတ်တဲ့နေရာတွေမှာမကျိုးအောင်ပေါ့။ ။ပြီးတော့မှမင်းသားကြီးရောက်လာပြီးတော့သေနတ်ပစ်ခန်းတွေလောက်ပဲသရုပ်ဆောင်သွားတာတွေ့တယ်။အဲ့ဒီမှာလည်းပညာတွေအများကြီးရတယ်။ ကျည်ဆန်ပစ်တဲ့ဟာတွေကတကယ့်အစစ်တွေ ၊ ကျနော်တောင် ကျည်ဆန်တစ်တောင့်ကိုယူကြည့်သေးတယ်။ ထိပ်ဖူးတော့မပါဘူးပေါ့နော်။ရာဘာလေးနဲ့ပိတ်ထားတာ။သေနတ်အစစ်တွေကိုလုပ်သွားတယ်အရမ်းအားရတယ်။ဟာရီယာ ဆိုရင်အကုန်အပေါက်ဖေါက်ထားတာ။ Animation နဲ့လုပ်တာမဟုတ်ဘူး ။အဲ့ဒါကိုခွင့်ပြုတဲ့အစိုးရကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ သူတို့ရှေ့ကနေလာလုပ်သွားတော့ ကျနော်တို့နောက်ကအများကြီးလိုက်လုပ်လို့ရတယ်ဆိုတော့ ခွင့်ပြုပေးတဲ့အစိုးရကိုလည်းကျေးဇူးတင်တယ်။ ပြန်ကြားရေးရောဘာရောပေါ့။ နောက်ပြီး ရုပ်ရှင်အစည်းရုံးကိုရောကျေးဇူးတင်တယ်။ကျနော်တို့လေ့လာခွင့်ရတယ်ပေါ့ ။

တစ်ချိန်တုန်းကအဲ့တာကိုသွားပြီးတော့ သိန်း၁၀၀၊ကုန်ကုန်၂၀၀ကုန်ကုန်သွားလေ့လာဖို့စီစဉ်ထားတာ။သိုင်းပညာကအစ ကျနော့်နိုင်ငံကျနော်သယ်ယူလာမှရမယ်လေရှေ့ဆောင်အနေနဲ့အက်ရှင်တွေလုပ်နေတာဆိုတော့ အက်ရှင်မကြိုက် တဲ့ပရိသတ်တွေအက်ရှင်ကြိုက်လာအောင် အက်ရှင်အားပေးလာအောင်။ အက်ရှင်ကိုကျနော်တို့ လိုင်းတစ်လိုင်းအနေနဲ့ဖောက်ခဲ့တယ် ဒါကျနော်တို့ပဲ။ဒီညီလေးတွေလည်းပါတယ်ဒီကောင်တွေဆိုရှေ့ဂျွမ်းနောက်ဂျွမ်းအကုန်ရတယ်။ တောကိုအက်ရှင်နဲ့ဖောက်ရမယ်။ မြင်တဲ့အတိုင်းပဲကျနော့်ညီရုပ်က( သူထူးစံပုံကိုညွှန်ပြလျက်)နှုတ်ခမ်းမွေးနဲ့ပါးသိုင်းမွေးနဲ့။သူကြမ်းကြမ်းတမ်းတမ်းကျားကျားလျားလျားလုပ်မှရမှာလေ။ အဲ့တာတောင်ဒီကောင်ကိုတော်တော်ဆူထားတာ ဒီကောင်အခြောက်လုပ်ခန်းတွေ ၄ ၅ ၆ကား၇ကား လောက်ရိုက်တာ ၊ ကျနော်နဲ့တကားရိုက်ဖူးတယ် အမွှေဇယားဆိုတဲ့ဇာတ်ကားမှာ ကျနော်က တစ်ကားရိုက်ပြီးနောက်ထပ်မရိုက်တော့ဘူး ။ငါ့ရဲ့Image ထိခိုက်တယ်ဆိုပြီးငြင်းတယ် ကျနော်မရိုက်ဘူးဆိုပြီးငြင်းတယ်။ ထုတ်လုပ်သူလည်းမေးကြည့်ပါ ကျနော်၅နှစ်တိတိ ထိုင်နေတာ။ ဆိုပြီးပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.