ဟိုတယ်ရှေ့မှာ အနမ်းတွေခြွေရင်း လွတ်လွတ်လပ်လပ် ကခဲ့ကြတဲ့ Justin နဲ့ Hailey

ဟိုတယ်ရှေ့မှာ အနမ်းတွေခြွေရင်း လွတ်လွတ်လပ်လပ် ကခဲ့ကြတဲ့ Justin နဲ့ Hailey

ပြီးခဲ့တဲ့ စက်တင်ဘာလက လက်ထပ်လိုက်ကြပြီဖြစ်တဲ့ ကမ္ဘာကျော် အနုပညာရှင်နှစ်ယောက် Justin Bieber နဲ့ Hailey Bieber တို့စုံတွဲကတော့ ပျော်ရွှင်စွာနဲ့ နှစ်ယောက်တစ်ဘဝကို ဖြတ်သန်းနေကြပြီဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ အတူခရီးတွေ ထွက်နေကြပြီး လတ်တလောမှာလည်း Beverly Hills မှာ ရှိတဲ့ Montage ဟိုတယ်မှာ တည်းနေကြတာဖြစ်ပါတယ်။

Daily Mail

တနလာင်္နေ့ နေလည်မှာတော့ Justin နဲ့ Hailey တို့ဟာ သူတို့ကို လာခေါ်မယ့်ကားကို စောင့်နေရင်း ဟိုတယ်ရှေ့မှာပဲ နှစ်ယောက်အတူ ကနေခဲ့ကြပါတယ်။

Daily Mail
Daily Mail
Daily Mail

Hailey ကတော့ သူမရဲ့ ခင်ပွန်းဖြစ်သူ Justin တစ်ယောက် စီးချက် ညီညီကနေတာကို ကြည့်နေတာ အပြုံးတွေကို ဝေဆာနေတာပါပဲ။ ပြီးတဲ့အခါမှာတော့ Hailey ကပါ လက်တွေ ဘယ်ညာယိမ်းပြီးတော့ ဝင်ကခဲ့တာဖြစ်ပါတယ်။ နှစ်ယောက်သား လွတ်လွတ်လပ်လပ်နဲ့ အားရပါးရ ကပြီးတဲ့အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်ပြီး အနမ်းတွေ ခြွေခဲ့တာဖြစ်ပါတယ်။

Daily Mail
Daily Mail

အချစ်ငှက်လေးတွေလို ကြည်နူးပျော်ရွှင်နေကြတဲ့ Justin နဲ့ Hailey တို့ရဲ့ ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Daily Mail

Source: Daily Mail

Comments are closed.