လေးစားအားကျဖွယ် ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ ပထမဆုံးဒါန

လေးစားအားကျဖွယ် ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ ပထမဆုံးဒါန

ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝ ရရှိထားပြီး လေးစားအားကျစရာကောင်းတဲ့ ဇနီးမောင်နှံဖြစ်တဲ့ အဆိုတော် သရုပ်ဆောင် ချစ်သုဝေနဲ့ တေးရေးတေးဆို လင်းလင်းတို့ စုံတွဲလေးကိုတော့ ယခုနောက်ပိုင်းမှာ ပိုပိုပြီးသတိထားမိလာမယ်လို့ ထင်ပါတယ်။ သူတို့ ဇနီးမောင်နှံမှာတော့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့ သစ်ကြောင့်လည်း ပါပါတယ်။ သူတို့  မိသားစုလေးကတော့ တယောက်ချင်းစီတိုင်းကို ချစ်စရာကောင်းပြီး ပရိသတ်လက်ခံအားပေးကြတာပါ။

သူတို့ဇနီးမောင်နှံကတော့ သိပ်မကြာသေးခင်အချိန်တုန်းက လိုအပ်တဲ့နေရာများကို ကူညီပေးဖို့အတွက် ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်လိုက်တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကတော့ တဖြည်းဖြည်း အလှူရှင်တွေများလာပြီး လက်ရှိမှာတော့ သူတို့အနေနဲ့ ပထမဆုံးသောဒါနတခုကို စတင်လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒါကိုတော့ ခေတ်သစ်ဖောင်ဒေးရှင်းဆိုတဲ့ ပေ့ခ်ျကတော့ သူတို့ပြုလုပ်ခဲ့တဲ့ ပထမဆုံးသော ဒါနနဲ့ ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းကတော့ “တိုက်ကြီးမြို့နယ်နေ လယ်သမားမိသားစု၏ သားငယ်လေး မွေးရာပါ နှလုံးအပေါက်ပါလူနာရှင် (VSD Closure) အသက် (၄) နှစ်အရွယ်ရှိ မောင်သန့်ဇင်အောင်အား ၂၁.၂.၂၀၁၉ နေ့တွင် မွေးရာပါနှလုံးခွဲစိတ်ဆရာဝန်ကြီးများအဖွဲ့ (ရန်ကင်းကလေးဆေးရုံ) မှ ရန်ကင်းကလေးဆေးရုံတွင် ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ အဆိုပါ ခွဲစိတ်ကုသမှုအတွက် ခွဲစိတ်ကုသမှုစရိတ်များအား ခေတ်သစ်ဖောင်းဒေးရှင်းမှ ကူညီပေးနိုင်ခဲ့ပါတယ်။ အောင်မြင်စွာ ခွဲစိတ်ကုသမှုပေးခဲ့ပါသော ဆရာဝန်ကြီးများအဖွဲ့အား အထူးကျေးဇူတင်ရှိပါကြောင်းနှင့် ဝိုင်းဝန်းလှူဒါန်းပေးခဲ့ကြပါသော စေတနာရှင်များအားလည်း အထူးကျေးဇူးတင်အပ်ပါသည်။ ခေတ်သစ်ဖောင်ဒေးရှင်း” ဆိုပြီးတော့ ရေးသားပြီး တင်ထားတာ ဖြစ်ပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ ဒါနလေးကိုတော့ လင်းလင်းကလည်း သူ့အကောင့်မှာ “ကျွန်တော်တို့ ခေတ်သစ် ဖောင်းဒေးရှင်း ရဲ့ ပထမဆုံးစတင်သော ခွဲစိတ်မှု ဒါန အလှူရှင်များအားလုံး ကျန်းမာကြပါစေ ခင်မျာခေတ်သစ်ဖောင်ဒေးရှင်းမှ ဝိုင်းဝန်းကြသောမိသားစုများနှင့်လင်း ထရီဇာ ခေတ်ခေတ် သစ်သစ် မိသားစု” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကတော့ ပထမဆုံး ဒါနလေးကတော့ အထမြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာလည်း လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကို လေးစားပြီး အားပေးတဲ့သူတွေ ရှိကြလား။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.