
ကိုရီးယားတွေ စတင်တီထွင်ခဲ့ပြီး လူကြိုက်အရမ်းများတဲ့ အလှအပဆိုင်ရာနည်းလမ်း(၈)မျိုး
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အလှအပနဲ့ပတ်သက်ပြီး ထူးထူးဆန်းဆန်းနည်းလမ်းတွေကို သုံးခဲ့ကြပါတယ်။ အခုဆိုရင် အသားအရေထိန်းသိမ်းတာ၊ မိတ်ကပ်လိမ်းခြယ်တာအပြင် တခြား အလှအပဆိုင်ရာနည်းလမ်းတွေ၊ ပစ္စည်းတွေအများအပြားထုတ်လုပ်ခဲ့ကြပြီး သုံးစွဲတဲ့သူတွေအတွက်လည်း ရွေးချယ်စရာတွေ အများကြီးရှိလာတာကိုတွေ့ရပါတယ်။ အဲ့ဒီအထဲကမှ ဒီနှစ်ပိုင်းအတွင်းမှာ ကိုးရီးယားနိုင်ငံကတီထွင်လိုက်ပြီး လူကြိုက်များလှတဲ့ အသားအရေထိန်းသိမ်းနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) သဘာဝပိုးအိမ် Cleanser
ပိုးကောင်လေးတွေရဲ့ပိုးမျှင်လေးတွေနဲ့ယက်လုပ်ထားတဲ့ပိုးအိမ်လေးတွေကို မျက်နှာသစ်တဲ့နေရာမှာ cleanser အနေနဲ့အသုံးပြုတဲ့နည်းလမ်းကို ကိုးရီးယားတွေစတင်ခဲ့ကြပြီး လူကြိုက်များခဲ့ပါတယ်။
(၂) ၀ိုင်နီ mask
အရည်အသွေးမြင့်ဝိုင်နီနဲ့လုပ်ထားတဲ့ mask တွေဟာ ဈေးကွက်မှာထွက်ရှိလာကတည်းကလူကြိုက်အရမ်းများပြီး အသားအရေနဲ့ နှုတ်ခမ်းတို့အတွက်အရမ်းထိရောက်တဲ့ မျက်နှာပေါင်းတင် mask ဖြစ်တယ်လို့ တညီတညွှတ်တည်းထောက်ခံကြပါတယ်။
(၃) ရာဘာပြား mask
ရာဘာနဲ့လုပ်ထားတဲ့ mask တွေက မျက်နှာမှာကပ်ထားပြီး ခြောက်သွားတဲ့အခါမှာလည်း မျက်နှာအသားအရေထဲကအစိုဓာတ်ကိုမဆုံးရှုံးသွားအောင် ထိန်းပေးထားနိုင်ပြီး ကော်လာဂျင်ထုတ်လုပ်မှုကိုလည်း တိုးတက်စေပါတယ်။
(၄) Bubble clay mask
ဒီ mask လေးနဲ့ပေါင်းတင်တဲ့အခါ ချစ်စရာအရမ်းကောင်းတဲ့ပုံစံလေးဖြစ်သွားပြီး ပေါင်းတင်ပြီးနောက် ရလဒ်ကလည်း အရမ်းကောင်းလို့ လူကြိုက်များတဲ့နည်းလမ်းတစ်ခုဖြစ်ခဲ့ပါတယ်။
(၅) အာလူးပြုတ်မျက်နှာပေါင်းတင်နည်း
အာလူးကို အလှအပအတွက်အသုံးပြုကြတဲ့အထဲမှာ အာလူးပြုတ်တွေကိုချေပြီး မျက်နှာမှာကပ်တဲ့နည်းလမ်းကိုတော့ ကိုရီးယားကစတင်ခဲ့တာပါ။ အာလူးအရည်ကို မျက်ကွင်းညိုနဲ့အမဲစက်တွေသက်သာဖို့သုံးကြပြီး အာလူးကိုအခြေခံထုတ်လုပ်ထားတဲ့ အလှကုန်တွေလည်း အခုနောက်ပိုင်းထပ်ထွက်လာဖို့ရှိပါတယ်။
(၆) V shaped mask
မျက်နှာကိုခွဲစိတ်ဖို့မလိုဘဲ V shaped ဖြစ်ချင်သူတွေအတွက် ထုတ်လုပ်လိုက်တဲ့ ဒီ mask လေးကလည်း လူငယ်တွေကြားမှာ တော်တော်ပေါက်ရောက်ခဲ့ပါတယ်။ အဲ့ဒီ mask ကို အိပ်ချိန်တွေမှာတပ်ထားပေးရင် တဖြည်းဖြည်း V shaped ပုံပေါ်လာတာကြောင့် လူကြိုက်များတာပါတဲ့။V shaped ဖြစ်ချင်ရင်ဒီနည်းလေးစမ်းကြည့်လိုက်ဦးနော်။
(၇) ဂေါ်ဖီစိမ်း mask
အသားအရေလှဖို့အတွက်စားရမယ့်အစားအစာတွေထဲမှာ ဂေါ်ဖီစိမ်းကထိပ်ဆုံးကပါပါတယ်။ဒါပေမယ့် ဂေါ်ဖီစိမ်းနဲ့ mask ထုတ်ဖို့တော့ ဘယ်သူမှစဉ်းစားမိမယ်မထင်ပါဘူး။ အဲ့ဒီဘယ်သူမှမစဉ်းစားမိတာကို ကိုရီးယားတွေကလုပ်ခဲ့ပါတယ်။ ပန်းဂေါ်ဖီစိမ်းနဲ့ပြုလုပ်ထားတဲ့ mask က ၀က်ခြံတွေကိုသိသိသာသာသက်သာစေပြီး အသားအရေကိုစိုပြည်တင်းရင်းစေတာကြောင့် လူကြိုက်များခဲ့ပါတယ်။
(၈) မရောနိ ဆံပင်ပေါင်းဆေး
မရောနိ နဲ့ဆံပင်ပေါင်းလို့ရမယ်လို့ရော တွေးမိဖူးလား။ ကိုရီးယားနိုင်ငံကတော့ မရောနိဆံပင်ပေါင်းဆေးကို ထုတ်လုပ်ခဲ့ပြီးပါပြီ။ ဆံပင်ပေါင်းပြီးတဲ့အခါ ဆံကေသာတွေကို တောက်ပစေပြီး နဂိုကထက်ပိုသန်မာလာစေပါတယ်။ ပြီးရင် အနံ့အသက်ကိုလည်း ဗနီလာအနံ့ဖြစ်အောင် ပြောင်းလဲထုတ်လုပ်ထားတာကြောင့် လူကြိုက်များတဲ့ ကုန်ပစ္စည်းတစ်ခုဖြစ်ခဲ့ပါတယ်။
MAY THAZINHTOO