ကျန်းမာရေးအတွက် သတိထားပြီး တွဲဖက်မစားသင့်တဲ့ အစားအစာများ

ကျန်းမာရေးအတွက် သတိထားပြီး တွဲဖက်မစားသင့်တဲ့ အစားအစာများ

မုန့်တွေတွဲဖက်စားသုံးတာဟာကောင်းမွန်ခြင်းရှိမရှိနဲ့ အကျိုးအပြစ်တွေကို ငယ်စဉ်ကတည်းအချိန်ကတည်း လူတွေသိတတ်ကြပါတယ်။အချို့ သော အစားအသောက်တွေပေါင်းစပ်စားသောက်ပါက အစာခြေ အဖွဲ့ အစည်းကို ဒုက္ခပေးတတ်ပြီး အချို့  ဆိုရင် နေမကောင်းဖြစ်တတ်ပါတယ်။ဒါပေမဲ့ ကော်ဖီနဲ့ အသားညှပ်မုန့်တွေ ပေါင်းစပ်စားသုံးခြင်းကတော့ ကျန်းမာရေးကို ပိုမိုဆိုးရွားစေပါတယ်။ကော်ဖီနဲ့ တွဲဖက်စားရမည့် အစားအစာတွေဟာ နံနက်ခင်းစားသောက်စရာ အချိန်မရှိတဲ့ ၊အလုပ်မအားတဲ့ နေ့ မျိုးတွေမှာ အချိန်ကုန်သက်သာစေပေမဲ့ အလွန်သတိထားရပါတယ်။

Tomatoes and Cucumbers

ခရမ်းချဉ်သီးနဲ့ သခွားသီးတွေ တွဲဖက်စားသုံးခြင်းဟာလည်း အလွန်ကို လူကိုဒုက္ခပေးစေပါတယ်။ယခု ခေတ်နောက်ပိုင်းမှာတော့ နိုင်ငံတကာမှာ ဇီဝ ကမ္မဖြစ်စဉ်အရ လူကို ဒုက္ခပေးစေတယ်လို့ ဆိုပါတယ်။၂ ခုလုံးမှာ ဗီတာမင်ဓာတ်ပေါများတာကြောင့် ကျန်းမာရေးကောင်းမွန်စေပြီး တစ်ခါ တစ်ရံ ခရမ်းချဉ် သီးနဲ့ သခွားသီးကို သီးခြားစားသုံးလို့လည်း အဆင်ပြေစေပါတယ်။

Potato and Meat

အာလူးနဲ့ ကြက်သားရောနှော စားသောက်တာကတော့ မြန်မာပြည်မှာ နာမည်ကြီးပါတယ်။အာလူးဟာ အငန်ဓာတ် နည်းနည်းပါတဲ့ အစားအသောက်ဖြစ်ပြီး အသားကတော့ ပရိုတင်းဓာတ်ကို ပေးနိုင်ပါတယ်။ပုံမှာပြထားတဲ့ အတိုင်း အာလူးကို ကြော်ပြီး အသားကင်တွေနဲ့ စားသောက်ပါက အစာအိမ်ပြဿနာဖြစ်စေနိုင်ပြီး ရင်ပူတဲ့ ဝေဒနာကို လည်း ဖြစ်စေနိုင်ပါတယ်။

Pasta+Minced Meat

ခေါက်ဆွဲ နဲ့ အမဲသား နုတ်နုတ်စဉ်းထားတာကို တွဲဖက်စားသုံးပါက ဓာတု ဖြစ်စဉ် အရ ဓာတ်ပြု မှု ကောင်းမွန်ခြင်းမရှိပဲ အစာအိမ်ကို ဒုက္ခပေးလာနိုင်ပါတယ်။ အထူးသဖြင့် ပက်စတာ( ခေါက်ဆွဲ )တွေကို သီးခြားစားသောက်စရာတွေနဲ့ တွဲဖက် စားသုံးသင့်တယ်လို့ ဆေးပညာ ရှု့  ထောင့်က အကြံပေးထားပါတယ်။

Beer+ Nut

ကျွန်တော်ကတော့ လက်ရှိ စာရေးနေတဲ့ အချိန်မှာတောင် ဘီယာ နဲ့ မြေပဲ ကို တွဲဖက်သောက်သုံးနေတုန်းပါပဲ။ကျွန်တော်တို့ ကောလိပ် ကျောင်းသားတုန်းကလည်း ဘီယာ နဲ့ မြေပဲ ဟာ ပေါ်ပြူ လာဖြစ်ခဲ့တာပဲလေ။ဒါပေမဲ့ မြေပဲ (သို့) အခွံမာသီးတွေမှာ ပါတဲ့ ဆားငန်ဓာတ်ဟာ ဘီယာ နဲ့ တွဲဖက်သောက်သုံးပြီးပါက ကျန်းမာရေးအတွက် သိပ်တော့ မကောင်းဘူးလို့ ဆေးပညာအရသိရပါတယ်။ထူးခြားတာကတော့ ဘီယာ သောက်နေစဉ် ရေနည်းနည်း ထပ်မံသောက်သုံးပေးဖို့ လိုတယ်ဆိုတာပါပဲ။ဒါမှလည်း အငန်ဓာတ် ကို ပြေလျော့ မျှတစေမှာမို့လား။

Dairy+Pineapple

နို့ထွက်ပစ္စည်းတွေနဲ့ နာနတ်သီးရောနှော စားသောက်တာဟာ နံနက်ခင်းစာအတွက် အစာခြေမှု နှေးကွေးစေတယ်လို့ ဆိုပါတယ်။တခါတလေ မှာ အဆိပ်အတောက်ဖြစ်စေနိုင်တာမို့ နာနတ်သီးအစား ဇီးသီး၊စပျစ်သီး ကို အစားထိုး စားသောက်ပေးဖို့ အကြံပြု ချင်ပါတယ်။

Milk+Banana

နွားနို့ နဲ့ ငှက်ပျောသီးတွဲဖက်စားသုံးတာဟာလည်း အလွန်ကို လူကြုက်များတဲ့ အစားအသောက်ဖြစ်ပါတယ်။၂ မျိုးစလုံးက ချိုမြိန်တဲ့ အစားအသောက်တွေဖြစ်တာကြောင့် လူကြိုက်များပေမဲ့ ငှက်ပျောသီးဟာ အစာခြေအဖွဲ့  အစည်းကို ဒုက္ခပေးနိုင်ပါတယ်။တကယ်တော့ ငှက်ပျောသီးကို ထမင်း၊အသားတွေ စားနေတုန်း မှာ စားသုံးသင့်တယ်လို့ ဆိုပါတယ်။အစာပြေ အနေနဲ့ မစားသင့်ပါဘူးတဲ့ ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.