နေမကောင်းဖြစ်နေသော သမီးလေးကို အဖော်ပြုပေး ရင်း ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေ ဖန်တီး ပေး နေတဲ့ ထူးအယ်လင်းရဲ့ဗီဒီယိုဖိုင်

နေမကောင်းဖြစ်နေသော သမီးလေးကို အဖော်ပြုပေး ရင်း ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေ ဖန်တီး ပေး နေတဲ့ ထူးအယ်လင်းရဲ့ဗီဒီယိုဖိုင်

အသံပါဝါအားကောင်းကောင်းဖြင့် တေးသီချင်းတွေကို သီဆိုနေသူကတော့ အဆိုတော် ထူးအယ်လင်းပဲ ဖြစ်ပါတယ်။ သီချင်းတွေကို ပိုင်နိုင်စွာ သီဆိုနေရုံသာမက  ပရဟိတလုပ်ငန်းတွေကိုလည်း အားကြိုးမာန်တက်လုပ်ဆောင်နေတာကို မြင်တွေ့ကြမှာ ဖြစ်ပါတယ်။  လက်ရှိအချိန်မှာလည်း ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။

သူ့ရဲ့ သမီးကြီးကလည်း မိဘနှစ်ပါးလုံးရဲ့ ဂီတအမွေတွေကို ဆက်ခံရရှိထားပြီး တစ်ခါတစ်ရံ လူမှုကွန်ယက်တွင်သီချင်းဆိုနေတဲ့ ဗီဒီယိုဖိုင်လေးတွေ တင်ပေးနေတာ ဖြစ်ပါတယ်။  အရွယ်ရောက်လာပြီး သိတတ်လိမ္မာတဲ့ သမီးလေးကတော့ ဖခင်ဖြစ်သူရဲ့ ပရဟိတလုပ်ငန်းတွေမှာ ကူညီလုပ်ကိုင်ပေးနေပြီ ဖြစ်ပါတယ်။ ထူးအယ်လင်းကလည်း သမီးလေးရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် ကြည်နူးပီတိဖြစ်နေရတာပါ။

မကြာသေးခင်နာရီပိုင်းလောက်ကလည်း ထူးအယ်လင်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် Live Video လေးတစ်ခုတင်ထားတာ ဖြစ်ပါ တယ်။ ဒါကတော့နေမကောင်းဖြစ်နေတဲ့ သမီးလေးကို အဖော်ပြုပေးရင်း ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေ ဖန်တီးပေးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကို သမီးလေးသီချင်းဆိုတာ နားထောင်စေချင်သော်လည်း ဖျားနေတာကြောင့် နေပြန်ကောင်းမှသာ နားဆင်ပေးကြဖို့ တောင်းပန်စကားဆိုထားသေးတာ ဖြစ်ပါတယ်။  ထူးအယ်လင်းတို့ သားအဖနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေ ကြည့်ရှုအားပေးနိုင်အောင် ဝေမျှပေးလိုက်ပါတယ်နော်။

Source and Photo Crd- Htoo El Lynn’s Facebook Account 

[zawgyi]

အသံပါဝါအားေကာင္းေကာင္းျဖင့္ ေတးသီခ်င္းေတြကို သီဆိုေနသူကေတာ့ အဆိုေတာ္ ထူးအယ္လင္းပဲ ျဖစ္ပါတယ္။ သီခ်င္းေတြကို ပိုင္ႏိုင္စြာ သီဆိုေန႐ုံသာမက  ပရဟိတလုပ္ငန္းေတြကိုလည္း အားႀကိဳးမာန္တက္လုပ္ေဆာင္ေနတာကို ျမင္ေတြ႕ၾကမွာ ျဖစ္ပါတယ္။  လက္ရွိအခ်ိန္မွာလည္း ခ်စ္ရတဲ့ မိသားစုနဲ႔အတူ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝကို ဖန္တီးတည္ေဆာက္ထားတာ ျဖစ္ပါတယ္။

သူ႔ရဲ႕ သမီးႀကီးကလည္း မိဘႏွစ္ပါးလုံးရဲ႕ ဂီတအေမြေတြကို ဆက္ခံရရွိထားၿပီး တစ္ခါတစ္ရံ လူမႈကြန္ယက္တြင္သီခ်င္းဆိုေနတဲ့ ဗီဒီယိုဖိုင္ေလးေတြ တင္ေပးေနတာ ျဖစ္ပါတယ္။ အ႐ြယ္ေရာက္လာၿပီး သိတတ္လိမၼာတဲ့ သမီးေလးကေတာ့ ဖခင္ျဖစ္ သူရဲ႕ ပရဟိတလုပ္ငန္းေတြမွာ ကူညီလုပ္ကိုင္ေပးေနၿပီ ျဖစ္ပါတယ္။ ထူးအယ္လင္းကလည္း သမီးေလးရဲ႕ ခ်စ္စရာေကာ င္းတဲ့ အျပဳအမူေလးေတြေၾကာင့္ ၾကည္ႏူးပီတိျဖစ္ေနရတာပါ။

မၾကာေသးခင္နာရီပိုင္းေလာက္ကလည္း ထူးအယ္လင္းရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္ Live Video ေလးတစ္ခုတင္ထားတာ ျ ဖစ္ပါ တယ္။ ဒါကေတာ့ေနမေကာင္းျဖစ္ေနတဲ့ သမီးေလးကို အေဖာ္ျပဳေပးရင္း ေပ်ာ္႐ႊင္စရာေကာ င္းတဲ့အခ်ိ န္ေ လးေတြ ဖန္တီးေပးေနတာ ျဖစ္ပါတယ္။ ပရိသတ္ေတြကို သမီးေလးသီခ်င္းဆိုတာ နားေထာင္ေစခ်င္ေသာ္ လ ည္း ဖ်ားေနတာေၾကာင့္ ေနျပန္ေကာင္းမွသာ နားဆင္ေပးၾကဖို႔ ေတာင္းပန္စကားဆိုထားေသးတာ ျဖစ္ပါတ ယ္။ ထူးအယ္လင္းတို႔ သားအဖႏွစ္ေယာက္ရဲ႕ ဗီဒီယိုဖိုင္ေလးကို ပရိသတ္ေတြ ၾကည့္ရႈအားေပးႏိုင္ေအာင္ ေဝမွ်ေ ပးလိုက္ပါတယ္ေနာ္။

Comments are closed.