ဖမ်းဝရမ်းထုတ်ထားသော အမျိုးသမီးကို သွားရောက်ဖမ်းဆီးသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အက်စစ်ဖြင့် အပက်ခံရ

ဖမ်းဝရမ်းထုတ်ထားသော အမျိုးသမီးကို သွားရောက်ဖမ်းဆီးသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အက်စစ်ဖြင့် အပက်ခံရ

တရားရုံးမှ ဖမ်းဝရမ်း ထုတ်ထားသော အမျိုးသမီးကို ရဲ တပ်ဖွဲ့နှင့်အတူ သွားရောက်ဖမ်း ဆီးသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အား  အက်စစ်ဖြင့်ပက်မှု ဖေဖော် ဝါရီ ၂၁ ရက်က စစ်ကိုင်းမြို့ ရွှေ မင်းဝံရပ်ကွက်တွင် ဖြစ်ပွားခဲ့ သည်။

ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန် မှု) ဖြင့် တရားစွဲဆိုခံထားရသော (၃၅) နှစ်အရွယ် အမျိုးသမီးအား စစ်ကိုင်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ ဝင်များနှင့် ရွှေမင်းဝံရပ်ကွက်အုပ် ချုပ်ရေးမှူးက သွားရောက်ဖမ်း ဆီးစဉ် အဆိုပါအမျိုးသမီးက လာရောက်ခြင်းမပြုရန် ဆဲဆို ကြိမ်းမောင်းကာ ရေသန့်ဘူးဖြင့် ထည့်ထားသော အက်စစ်ရည်ဖြင့် ပက်ခဲ့ကြောင်း ရဲမှတ်တမ်း၌ ဖော် ပြထားသည်။

အက်စစ်ဖြင့်ပက်ခံရသော ရွှေမင်းဝံရပ်ကွက်အုပ်ချုပ်ရေးမှူး သည် ခန္ဓာကိုယ်ဘယ်ဘက်ခြမ်း တွင် အပူလောင်ဒဏ်ရာများ ရရှိ ခဲ့သည်။

‘‘မျက်လုံးထဲ ဝင်သွားရင် ကန်းသွားလောက်တယ်။ မျက်နှာ ကို မစဉ်လို့။ ခန္ဓာကိုယ်ကတော့ စပ်နေတာပေါ့ဗျာ။ အက်စစ်နဲ့ ပက်ခံရပြီး ကံကောင်းတော့ အနီး နားမှာ ရေကန်ကြီးရှိနေတယ်။ ရေနဲ့ချက်ချင်းဆေးလိုက်လို့ ဘာ မှတော့ သိပ်မဖြစ်လိုက်ဘူး’’ ဟု ရွှေမင်းဝံအုပ်ချုပ်ရေးမှူး ဦးဝင်းချို က ပြောသည်။

အက်စစ်ဖြင့် ပက်ကာနှောင့် ယှက်သော်လည်း   ယင်းအမျိုး သမီးကို ရဲစခန်းသို့ ဖမ်းဆီးခေါ် ဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရပ် ကွက်အုပ်ချုပ်ရေးမှူးက တရား လိုပြုလုပ်ကာ အက်စစ်ဖြင့်ပက် သူအမျိုးသမီးကို စစ်ကိုင်းရဲ ကင်းစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၃၂၊ ၂၉၄၊ ၅၀၆ (ပြည်သူ့ဝန် ထမ်းတာဝန်ထမ်းဆောင်နေစဉ် သာမန်ဒဏ်ရာရှိမှု၊ ညစ်ညမ်းစွာ ပြုလုပ်မှု၊ ခြိမ်းခြောက်မှု) တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

7 Day မှကူးယူဖော်ပြပါသည်

Comments are closed.