မျက်နှာခွဲစိတ်ပြီး မမှတ်မိနိုင်လောက်အောင် ရုပ်ပြောင်းသွားတဲ့ နန်းခင်ဇေယျာ

မျက်နှာခွဲစိတ်ပြီး မမှတ်မိနိုင်လောက်အောင် ရုပ်ပြောင်းသွားတဲ့ နန်းခင်ဇေယျာ

Miss Internet, Miss International ဆုတွေအပြင် People Choice Award ပါရရှိထားတဲ့ နန်းခင်ဇေယျာဟာ နှစ်ပေါင်းကြာရှည်အောင် အောင်မြင်မှုကိုထိန်းထားနိုင်ဆဲဖြစ်တဲ့အပြင် ပရိသတ်တွေရဲ့အားပေးမှုကိုလည်း ရရှိနေဆဲအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ နန်းခင်ဇေယျာကိုချစ်တဲ့ပရိသတ်တွေအတွက် မကြာသေးခင်က ပြောင်းလဲမှုကြီးတစ်ခုဖြစ်သွားခဲ့တယ်ပြောရမှာပါ။ အဲဒါကတော့ နန်းခင်က မျက်နှာခွဲစိတ်ပြုပြင်မှုလုပ်လိုက်တာပါပဲ။ နန်းခင်ဇေယျာက မျက်နှာခွဲစိတ်လိုက်တာနဲ့ပတ်သက်ပြီး မီဒီယာတွေနဲ့အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

နန်းခင်ဇေယျာက မျက်နှာခွဲစိတ်လိုက်တဲ့အကြောင်းကို “မမှတ်မိလောက်အောင်တော့ ပိုလှလာတယ်ဆိုတဲ့ ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။ အချို့ပရိသတ်တွေကတော့ ရုပ်ဆိုးသွားတယ်လို့ပြောကြမှာပေါ့နော်။ ဒီဟာက နန်းခင်ခွဲစိတ်ထားတာ လေးလပဲရှိသေးတော့ နှာခေါင်းထိပ်လေးတွေဆိုနည်းနည်းယောင်နေတယ်ဆိုတော့ ရုပ်ကတော့ မိတ်ကပ်ဆရာပြောင်းရင်ပြောင်းသလိုရုပ်ပြောင်းရုပ်လွဲလေးတွေတော့ ရှိနေဦးမှာပဲပေါ့နော်”လို့ ပြောပြသွားပါတယ်။

မျက်နှာခွဲစိတ်ထားလို့ဂရုစိုက်နေရတဲ့အကြောင်း “အခုဆိုရင်အဓိကက မျက်လုံးပေါ့ ညာဘက်မျက်လုံးဆိုရင် နည်းနည်းယောင်နေသေးတယ်။ဘယ်ဘက်ကတော့နေသားကျသွားပြီ။ နှာခေါင်းဆိုရင်ယောင်နေသေးတယ်။ ကြည့်လိုက်တဲ့လူက ယောင်မယ်လို့တောင်မထင်ထားဘူး။ ကိုယ်ကိုယ်တိုင်ကတော့ သိတယ်ပေါ့။ မိတ်ကပ်လိမ်းတာကအစ changesလုပ်ရတယ်။ အရင်ကဆို မိတ်ကပ်ကိုအထူကြီးလိမ်းတယ်။ အခုကတော့ ပါးပါးလေးပဲပေါ့”လို့ ပြောပြထားပါတယ်။

ခွဲစိတ်လိုက်တဲ့အတွက်ဝေဖန်မှုတွေခံရတာကိုတော့ “နန်းခင် Gym လည်းဆော့တယ်ဆိုတော့ အချို့တွေက သူ ဆေးများသုံးထားတာလားပေါ့။ အမှန်တော့မဟုတ်ဘူး။ နန်းခင်က Gym ဆော့တယ်။ surgery လုပ်ထားတဲ့အတွက်ကြောင့် ရုပ်က အဲ့လိုရုပ်ကြီးဖြစ်နေတာပေါ့။ ရုပ်ပြောင်းရုပ်လွဲဖြစ်နေတဲ့အခါမှာ ပရိသတ်တွေတော်တော်များများဝေဖန်တာလည်းတွေ့ရပါတယ်။ အချို့ဆိုအရင်က နန်းခင်ကိုမြင်ရင် နန်းခင်ဇေယျာဆိုပြီးတန်းသိတယ်။ အခုဆိုရင် ဟုတ်မှဟုတ်ရဲ့လားလို့ နှစ်ခါလောက်ပြန်ကြည့်ပြီးမှသိသွားတယ်”လို့ ရင်ဖွင့်ထားပါတယ်။

နန်းခင်က လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “လတ်တလောကတော့ ဘာမှထွေထွေထူးထူးမရှိဘူး။ ပွဲတွေတက်တယ်။ နယ်မှာသီချင်းဆိုမယ်။ ဒီလောက်ပါပဲ”လို့ ဖြေကြားထားပါတယ်။ပရိသတ်တွေကတော့ မမှတ်မိနိုင်လောက်အောင်ရုပ်ပြောင်းသွားတဲ့ နန်းခင်ကိုပိုလှလာတယ်ဆိုပြီး ပိုချစ်လာတဲ့သူတွေလည်းရှိသလို ရုပ်ပြောင်းသွားလို့ ဝေဖန်နေကြတဲ့သူတွေလည်းရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် ပိုလှလာတာကတော့ အမှန်ပဲလို့ဆိုရမှာပါ။ ပိုလှလာတာကလည်း surgery လုပ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ပါ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.