ပြင်ဦးလွင်မှာ ပျော်နေတဲ့ သူတို့ စုံတွဲနှစ်တွဲ

ပြင်ဦးလွင်မှာ ပျော်နေတဲ့ သူတို့ စုံတွဲနှစ်တွဲ

ဂီတလောနဲ့ အနုပညာလောကရဲ့ ဆယ်လီစုံတွဲတွေဖြစ်တဲ့ ဖြိုးလေးနဲ့ ၀ါဆိုမိုးဦး၊G Fatt နဲ့ နန်းဆုရတီစိုး တို့ ကတော့ ပြင်ဦးလွင်ကို ရောက်နေပါတယ်။သူတို့စုံတွဲ နှစ်တွဲကတော့ ပြင်ဦးလွင်မှာ ပျော်ပျော်ပါးပါး လည်ပတ်နေတဲ့ ပုံ လေး တွေ ကို  ဆိုရှယ်မီဒီယာပေါ်မှာ ဝေမျှထားပါတယ်။

 

G Fatt နဲ့ ဖြိုးလေးတို့ကတော့ ဂီတလောကမှာ အောင်မြင်မှု ကိုယ်စီရနေကြသူ တွေပါ။နောက်ထပ်တူတဲ့ အချက် ကေ တာ့ နှစ်ယောက်လုံးက မင်းသမီးအချောလေးတွေကို ချစ်သူတော်ထားရတာပါ။စုံတွဲ နှစ်တွဲရဲ့ အုပ်စုပုံလေး တွေကို တော့ ၀ါဆိုရော နန်းဆု ကပါ သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ ဝေမျှ ထားပါတယ်။

နန်းဆုရဲ့ အမိုက်စားပုံတွေကို ချစ်သူ  G Fatt က အမိုက်စားရိုက်ကူးတီးဖြတ်ပေးထားတာလို့ သိရပါတယ်။နန်းဆု ကတော့ သိပ်မကြာသေးခင်က သူမရဲ့ fb မှာ G Fatt နဲ့ ပြတ်ပြီလို့ ကြေညာခဲ့သူပါ။နောက်ပိုင်းမှာတော့ နန်းဆု ဘက်က လမ်းခွဲပြီဆိုတဲ့ ကြေညာချက်အပေါ် G Fatt က အတည်မယူဖို့ ပြန်ရှင်းခဲ့ပါတယ်။အခုဆိုရင်တော့ နားလည် မှုတွေ ပြန်ရပြီး ပြန်အဆင်ပြေသွားခဲ့တာပါ။

Source နန်းဆု၊၀ါဆိုမိုးဦး

Comments are closed.