လရဲ့ အောက်ဘက် မိုင်အဝေးမှာ ” ဒီပါ အဖြစ် ပါဝသရုပ်ဆောင်မယ့် ဝင်းခန့်မိုး ရဲ့အကြောင်း

လရဲ့ အောက်ဘက် မိုင်အဝေးမှာ ” ဒီပါ အဖြစ် ပါဝသရုပ်ဆောင်မယ့် ဝင်းခန့်မိုး ရဲ့အကြောင်း

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ချိုပြုံး ရဲ့ မြေးလေး ဆိုပြီး လူသိများလာတဲ့ နှုတ်ခမ်းနီမလေး တွေရဲ့ အသည်းစွဲ မော်ဒယ်လ် ဝင်းခန့်မိုးဟာဆိုရင် အကယ်ဒမီ ရွှေကြို အကူ စလုပ်ကတည်းက ပရိသတ်တွေ ချစ်ခင်အားပေးခြင်း ခံထားရသူလေးပါ။ ဒီတစ်ခါမှာတော့ ဝင်းခန့်မိုးက “လရဲ့ အောက်ဘက် မိုင်အဝေးမှာ ” ရုပ်ရှင်ဇာတ်ကားမှာဒီပါ အဖြစ် ပါဝင်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေမတွက် ဝင်းခန့်မိုး ရဲ့ အကြောင်း ကို ဖော်ပြပေးလိုက်ပါတယ်နော်။

‘လရဲ့အောက်ဘက် မိုင်အဝေးမှာ’ ထဲက ဒီပါလေးအဖြစ် မိတ်ဆက်ပေးလိုက်တဲ့ မျက်နှာသစ်မင်းသားပေါက်စလေး ဝင်းခန့်မိုးရဲ့အကြောင်းကို သိထားသလောက်လေးတွေနဲ့ ပြန် Share ပေးလိုက်ပါတယ် အသက်ကနေစပြောရမယ်ဆိုရင် ဝင်းခန့်မိုးဟာ 2000 ခုနှစ်ဖွား 18 နှစ်သားလေးပါ .. မွေးနေ့က Oct 25th, ဗုဒ္ဓဟူးသားလေးဖြစ်ပါတယ် တော်တော်များများကတော့ ဝင်းခန့်မိုးကို မေချို (ချိုပြုံး) ရဲ့ မြေးလေးလို့ သိထားကြပါတယ် .. အနုပညာပိုးပါတဲ့ဝင်းခန့်မိုးလေးဟာ အဖွားဖြစ်သူရဲ့သင်ပြမှုနဲ့အတူ ငယ်ကတည်းက Guitar တို့ Piano တို့ စတီးတတ်ခဲ့တာဖြစ်ပြီးတော့ 8 နှစ်အရွယ်လောက်တုန်းကဆိုရင် ကိုယ်ပိုင် Piano Concert လေးတစ်ခုတောင် လုပ်ခဲ့ဖူးပါတယ်တဲ့ .. အခုအချိန်ထိလည်း Piano Cover တီးထားတာလေးတွေကို သူ့အကောင့်မှာ တင်လေ့ရှိပါသေးတယ် ”

ဆယ်တန်းပြီးခါစတုန်းက Coca Cola Commercial တစ်ခုလည်း ရိုက်ခဲ့ဖူးပါတယ်လို့လည်း ပြောပါတယ် .. ‘မေမေက ကျွန်တော့်ရဲ့ Number One ပါ’ ဆိုတဲ့ Slogan လေးကြောင့် လူတစ်ချို့က အဲ့ချိန်ကတည်းကစပြီး စသတိထားမိခဲ့တာဖြစ်လိမ့်မယ်လို့ ဝင်ခန့်မိုးကိုယ်တိုင် ပြောပြခဲ့ဖူးပါတယ် အဖွားနဲ့အတူ ‘အသည်းလေးတွေပေးပါ’ ဆိုတဲ့ရုပ်ရှင်ကားမှာ အဖွားရဲ့မြေးအဖြစ် သရုပ်ဆောင်ဝင်လုပ်ခဲ့ဖူးသေးတယ်လို့လည်း ပြောပါတယ် ။အားလုံးနီးပါး ဝင်းခန့်မိုးကို မေချိုရဲ့မြေးလေးဆိုပြီး သတိထားမိသွားကြ သိသွားကြတာကတော့ 2017 အကယ်ဒမီမှာ တခြားအနုပညာရှင်တွေရဲ့မျိုးဆက်သစ်တွေနဲ့အတူ ရွှေကြိုဝင်လုပ်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ် ။ မောင်နှမ 5 ယောက်ရှိတဲ့အထဲမှာမှ 4 ယောက်မြောက်ကလေးဖြစ်ပါတယ်တဲ့ .. အထက်မှာ အစ်ကိုတစ်ယောက် အစ်မနှစ်ယောက်ရှိပြီးတော့ အောက်မှာ အငယ်ဆုံးညီမလေးတစ်ယောက်ရှိပါတယ်တဲ့ .. အိမ်မှာဆိုရင် အစ်မနှစ်ယောက်ကို အမြဲချွဲနေကြပါတဲ့ ။ဝင်းခန့်မိုးရဲ့ အိမ်နာမည်လေးက Billion ပါတဲ့ .. ငယ်တုန်းက အိမ်မှာ အကောင်းကြိုက်တတ်တဲ့သူဌေးသားလေးဆိုပြီး အဒေါ်က ချစ်စနိုးနဲ့ခေါ်ရင်းကနေ Billion ဆိုပြီး အိမ်နာမည်တွင်သွားတာပါ ။သူငယ်ချင်းတွေကြားထဲမှာ Wink လို့လည်း ခေါ်ပါသေးတယ်တဲ့ .. Snapchat ID မှာ Win Khant Moe က Khant ရဲ့ k ကို Win နဲ့ ပေါင်းရေးလိုက်တာမို့ Wink ဆိုပြီးဖြစ်သွားတာပါ ။

ပညာအရည်အချင်းကတော့ TTC ကျောင်းဆင်းလေးဖြစ်ပြီးတော့ အခုလက်ရှိမှာ အဝေးသင် 1st Year ဖြေထားပါတယ်တဲ့ ။ ဘာသာရေးပုံမှန်လုပ်ဖြစ်တဲ့ကလေးတစ်ယောက်လည်းဖြစ်ပြီးတော့ အိမ်ကလူတွေသင်ပေးထားလို့ ညတိုင်းလည်း ပဌာန်းရွတ်ဖြစ်ပါတယ်တဲ့ .. စရွတ်ရွတ်ချင်းတုန်းကတော့ လိုချင်တာတွေဆုတောင်းချင်လို့ရွတ်ရင်းကနေ နောက်ပိုင်း အကျင့်ဖြစ်သွားတာပါတဲ့ ။အိမ်မှာဆိုရင် အနေအေးတဲ့ကလေးတစ်ယောက်ဖြစ်ပေမယ့် သူငယ်ချင်းတွေကြားထဲမှာဆိုရင်တော့ Energetic ဖြစ်တဲ့လူငယ်တစ်ယောက်ပါတဲ့ .. ရိုက်ကွင်းမှာဆိုရင်လည်း ဟိုလျှောက်သွားလိုက် ဒီလျှောက်သွားလိုက်နဲ့ အငြိမ်မနေတဲ့မျောက်လေးတစ်ကောင်လိုပါပဲတဲ့ ။လူငယ်ပီပီ ဂိမ်းဆော့ရတာ ဝါသနာပါသူတစ်ယောက်ပြီးတော့ ဆော့တဲ့ဂိမ်းတွေကလည်း Dota 2, Counter Strike, PUBG, Warcraft အစုံပါပဲတဲ့ .. ပျော်လည်း ပျော်လို့ဆိုပြီး ဝမ်းနည်းလည်း ဝမ်းနည်းလို့ဆိုပြီး ဂိမ်းအမြဲဆော့ဖြစ်ပါတယ်တဲ့ ။

မျက်မှန်ပါဝါက 250 ပါတဲ့ .. ဒါပေမယ့် မျက်မှန်တပ်ပျင်းတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ တွေ့ရင် ချေသလိုဖြစ်နေတာက မျက်မှန်မပါလို့ မမြင်ရလို့ပါတဲ့ .. ချေတာမဟုတ်ပါဘူးတဲ့။ သူငယ်ချင်းတွေကို ခဏခဏစိတ်ကောက်တတ်တဲ့ကလေးလေးတစ်ယောက်ဖြစ်ပါတယ်ဆိုပြီး Interview တစ်ခုမှာ သူ့သူငယ်ချင်းတွေက ပြောပြခဲ့ဖူးပါသေးတယ် .. ‘သူ့ဖာသာသူဆော့နေတဲ့ဂိမ်း ရှုံးသွားလည်း သမီးတို့ကို လာစိတ်ကောက်တာပဲ’ တဲ့ 😂 Facebook ပေါ်မှာလည်း အ Feel Post တွေ ခဏခဏတင်တဲ့သူပါတဲ့ 😆 တကယ်တမ်းကတော့ ဂိမ်းရှုံးလို့စိတ်ကောက်တာကအများဆုံးပါတဲ့ 😂 ချစ်သူရှိခဲ့ဖူးလားဆိုပြီးမေးတော့ ‘2 ယောက်လောက်တော့ ထားခဲ့ဖူးပါတယ်’ ဆိုပြီး ရယ်ပြီးဖြေပါတယ် .. Ideal Type ကောင်မလေးပုံစံကိုမေးတော့ ချွဲလို့ရတဲ့မမတွေကို ကြိုက်ပါတယ်တဲ့ 😜Cyber Bullying ကို သူ ရှုံချပါတယ်တဲ့ .. ပျော်ချင်လို့သုံးနေတဲ့ Social Media ပေါ်မှာ အဲ့လိုအနိုင်ကျင့်ခံရလို့ စိတ်ဓာတ်တွေကျ Suicide လုပ်ဖို့ကြိုးစားတဲ့သူတွေကိုလည်း သူ ကိုယ်ချင်းစာတယ်လို့ပြောပြီးတော့ Cyber Attack လုပ်တဲ့သူတွေကို အားမပေးပါဘူးတဲ့ 👊🏻

သူရင်ဖွင့်ချင်တာလေးတစ်ခုက သူ့ကို အားလုံးက မေချိုရဲ့မြေးလေးဖြစ်တာမို့ အနုပညာလမ်းကြောင်းကဖြောင့်ဖြူးနေမှာပဲဆိုပြီး မထင်စေချင်ပါဘူးတဲ့ .. မေချိုက လူအများနဲ့ဆိုရင် ဘယ်လိုပေါင်းသင်းဆက်ဆံရတယ် ဘယ်လိုစကားပြောရတယ်လောက်ပဲသင်ပေးတာဖြစ်ပြီးတော့ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လာရင် ဒါရိုက်တာသင်ပြပေးတဲ့အောက်တစ်ခုထဲမှာပဲ ကိုယ်တိုင်ကြိုးစားနေခဲ့ရတာပါတဲ့ .. အနုပညာရှင်တစ်ယောက်ရဲ့မျိုးဆက်သစ်မို့လို့ Pressure များတာကတော့ အမှန်ပါပဲတဲ့။ သူ့ရဲ့အနုပညာရည်မှန်းချက်ကတော့ မြန်မာနိုင်ငံမှာတင်မဟုတ်ပဲ Hollywood အထိ မြန်မာ Representive သရုပ်ဆောင်တစ်ယောက်အဖြစ် အောင်မြင်ချင်ပါတယ်တဲ့ .. အဝင်းလိုဖြစ်ချင်တယ်, အဝင်းကို အားကျပါတယ်တဲ့။

ဒီလောက်ဆိုရင် ဝင်ခန့်မိုးလေးရဲ့အကြောင်းလည်း တော်တော်များများစုံသွားပြီမို့ အခုရိုက်နေတဲ့ ‘လရဲ့အောက်ဘက် မိုင်အဝေးမှာ’ ညီဖြစ်သူ ဒီပါနေရာမှာ သရုပ်ဆောင်ထားတာလေး ရုံတင်ရင်လည်း အားပေးဝန်းရံပေးကြပါဦးလို့ပြောပါရစေ ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.