ချစ်သူနဲ့ စေ့စပ်ပွဲလုပ်ခဲ့တုန်းက အမှတ်တရပုံလေး တွေကို မျှဝေခဲ့တဲ့ စုမွန်

ပရိသတ်ကြီးရေ စုမွန်ကတော့ အစီစဉ်တင်ဆက်သူတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိခဲ့ပြီး လက်ရှိမှာဆိုရင်တော့ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေခဲ့တဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၃၀)ရက်န့မှာ သူ့ရဲ့ချစ်သူနဲ့ စေ့စပ်ပွဲလေးကျင်းပပြုလုပ်ခဲ့တာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မယ်ထင်ပါတယ်နော်။

စုမွန်တို့ စုံတွဲလေးကတော့ နေနဲကလရွှေနဲကမြလို လိုက်ဖက်ညီလွန်းလှတာကြောင့် ပရိသတ်တွေကတောင် နတ်ဖက်တဲ့စုံတွဲလေးကို တင်စားနေကြရပါသေးတယ်။ စုမွန်ကတော့ ဒီနေ့နိုဝင်ဘာလ (၂၂)ရက်နေ့မှာ သူတို့ စုံတွဲလေးရဲ့ စေ့စပ်ပွဲလေးမှာ ရိုက်ကူးထားတဲ့ သူ့ရဲ့ပုံလေးတွေကို အမှတ်တရအနေနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

အမြဲတမ်းလိုလို ပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်နေတတ်တဲ့ စုမွန်ကတော့ စေ့စပ်ပွဲလေးမှာတော့ အပျော်တွေလွန်နေတာကြောင့် “ပုံတိုင်းမှာ ပြောင်စပ်စပ်ဖြစ်နေလို့ သတို့သမီးလောင်းနဲ့ တူတဲ့ပုံ မနည်းရှာလိုက်ရတယ်” ဆိုပြီး သူရဲ့ပုံလေးတွေကို မျှဝေထားခဲ့တာပဲ ဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးတွေအတွက် စုမွန်ရဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလို က်ပါတယ်နော်။

Source – Su Mon

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*