သား​လေးပြန်​လာလို့ ​ပျော်​​နေကြတဲ့ စင်​​ရော်​​မောင်​​မောင်​နဲ့ ​မေသန်းနု

သား​လေးပြန်​လာလို့ ​ပျော်​​နေကြတဲ့ စင်​​ရော်​​မောင်​​မောင်​နဲ့ ​မေသန်းနု

လွန်​ခဲ့တဲ့ နှစ်​​တွေက မြန်​မာနိုင်​ငံရဲ့ အလှဆုံးမင်းသမီးတစ်​ဦးအ​နေနဲ့ ရပ်​တည်​​ခဲ့တဲ့ အကယ်​ဒမီများရှင်​ ​မေသန်းနုက​တော့ သူမလိုပဲ အနုပညာပါရမီပါတဲ့ သား​လေးကို ပိုင်​ဆိုင်​ထားတာပါ။ ​နာမည်​ကြီးဒါရိုက်​တာတစ်​ဦးဖြစ်​တဲ့ စင်​​ရော်​​မောင်​​မောင်​နဲ့ မေသန်းနုတို့ရဲ့သား​လေး မင်းသန့်​​မောင်​​မောင်​က​တော့ အ​မေရိကန်​နိုင်​ငံမှာ အနုပညာနဲ့ပတ်​သတ်​တဲ့​ပညာ​တွေကို ၃ နှစ်​​ကျော်​ကြာ သွား​ရောက်​ဆည်းပူးခဲ့တာဖြစ်​ပြီး ဒီ​နေ့​လေးမှာ​တော့ မြန်​မာနိုင်​ငံသို့ ပြန်​လည်​​ရောက်​ရှိလာပြီပဲ ဖြစ်​ပါတယ်​။ တစ်​ဦးတည်း​သောသား​လေးပြန်​လာပြီမို့ ​အ​ဖေ​ရော ​အ​မေကပါ ​​ပျော်​ရွှင်​​နေကြတာပါ။

ချစ်​ပရိသတ်​​တွေ​အတွက်​ အမေရိကန်​ မှာ ပညာသင်ယူခဲ့ပြီးလို့ မြန်​မာနိုင်​ငံသို့ ပြန်​​ရောက်​လာပြီဖြစ်​တဲ့ စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ရဲ့ သားလေး မင်းသန့်မောင်မောင်ရဲ့ပုံရိပ်​​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

သားလေးကို တွေ့ရလို့ ပျော်ရွှင်ကြည်နူးနေတဲ့ မိဘနှစ်​ပါးရဲ့ပုံရိပ်​​တွေက အရမ်းချစ်​စရာ​ကောင်းလှပါတယ်​​နော်​။

။စင်ရော်မောင်မောင်က​တော့ “သား ပြန်​ ရောက်​ ပြီ..”ဆိုပြီး ကြည်​နူးပီတိဖြစ်​စွာ ​ရေးသားထားတာ ​တွေ့ရပါတယ်​။

သားပြန်​လာမှာမို့လို့ ည​တောင်​မအိပ်​ပဲ​စောင့်​​နေခဲ့တာဆိုတဲ့ စင်​​ရော်​​မောင်​​မောင်

စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သား​လေး မင်းသန့်မောင်မောင်က​တော့ အ​ဖေနဲ့​ရော အ​မေနဲ့ပါတူလို့်​ အနုပညာဝါသနာကြီးသူတစ်​ဦးပဲ ဖြစ်​ပါတယ်​။ ဒါရိုက်​တာ စင်​​ရော်​​မောင်​​မောင်ရိုက်​ကူးပြီး ​မေသန်းနုအဓိကသရုပ်​​ဆောင်​ထားတဲ့ ”ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း မင်းသန့်​​မောင်​​မောင်​က လူငယ်​တစ်​ဦးအ​နေနဲ့ အ​ကောင်းဆုံးအကြံဥာဏ်​​တွေ ​ပေးခဲ့တယ်​လို့လည်း သိရပါတယ်။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း သား​လေးပြန်​လာလို့ ​ပျော်​​နေကြတဲ့ စင်​​ရော်​​မောင်​​မောင်​နဲ့ ​မေသန်းနုတို့ကိုချစ်​ရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.