အေဖျဖစ္သူေသဆံုးသြားတာေျကာင့္ ယူျကံဳးမရေအာင္ ေအာ္ဟစ္ငိုေျကြးေနတဲ့ဒါရိုက္တာမိုက္တီး

အေဖျဖစ္သူေသဆံုးသြားတာေျကာင့္ ယူျကံဳးမရေအာင္ ေအာ္ဟစ္ငိုေျကြးေနတဲ့ဒါရိုက္တာမိုက္တီး

အနုပညာေလာကမွ နာမည္ျကီးမင္းသမီးတစ္ဦးျဖစ္ခဲ့တဲ့ သရုပ္ေဆာင္လင္းဇာနည္ေဇာ္ရဲ့ ဖခင္ျဖစ္သူဒါရိုက္တာျကီး ဦးခင္ေဇာ္ဟာ ဒီဇင္ဘာ ၃ရက္ေန့မွညပိုင္း (၁၁)နာရီ (၅၅) မိနစ္က ေနအိမ္မွာပဲကြယ္လြန္ခဲ့တာျဖစ္ပါတယ္။

အနုပညာေလာကအတြက္ ေငြျကယ္ပြင့္မ်ားစြာကို ေမြးထုတ္ေပးနိုင္ခဲ့တဲ့ ဖခင္အတြက္ က်န္ရစ္သူ သားသမီးတစ္စုမွ မ်ားစြာပူေဆြးေသာကျဖစ္ေနျကပါတယ္။

သရုပ္ေဆာင္ လင္းဇာနည္ေဇာ္ ခ်စ္ခ်စ္ေဇာ္ ဒါရိုက္တာ မိုက္တီးတို့ရဲ့ ဖခင္ဟာ ေသဆံုးမဲ့ေဝဒနာ လကၡာဏာအခ်ိဳ့ကို မျပဘဲ ရုတ္တရက္ေအးခ်မ္းစြာဆံုးပါးသြားခဲ့တာပဲျဖစ္ပါတယ္။မူးယစ္ေဆးဝါးမွဳနဲ့ ေထာင္က်ေနတဲ့ ဒါရိုက္တာမိုက္တီးဟာ သူအရမ္းခ်စ္တဲ့အေဖ ေသဆံုးခဲ့တဲ့အတြက္ ပူေဆြးေသာကအလြန္အမင္းျဖစ္ေနရေျကာင္းကို မိုက္တီးရဲ့ညီမျဖစ္သူ ခ်စ္ခ်စ္ေဇာ္က အခုလိုပဲေျပာျပလာပါတယ္။

“ကိုမုိက္ကို မနက္အေစာပိုင္းေလာက္က သြားၿပီး ေျပာျပထားတယ္။ အေဖ့ကို သူလည္းအရမ္းခ်စ္တာ မနက္ကသြားေျပာေတာ့ ကိုႀကီးဘယ္လုိလုပ္ရမလဲဆိုၿပီးေအာ္ငိုေနတာ” လို့ မ်က္ရည္ေတြနဲ့ေျပာျပလာတာျဖစ္ပါတယ္။ဖခင္ျဖစ္သူနဲ့ပတ္သက္ျပီး စိတ္မေကာင္းဖြယ္ဝမ္းနည္းစြာ ေျပာျပလာတဲ့ ခ်စ္ခ်စ္ေဇာ္ရဲ့ ဗီဒီယိုဖိုင္ေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…

Credit – padonmar

( Unicode )

အနုပညာလောကမှ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်ခဲ့တဲ့ သရုပ်ဆောင်လင်းဇာနည်ဇော်ရဲ့ ဖခင်ဖြစ်သူဒါရိုက်တာကြီး ဦးခင်ဇော်ဟာ ဒီဇင်ဘာ ၃ရက်နေ့မှညပိုင်း (၁၁)နာရီ (၅၅) မိနစ်က နေအိမ်မှာပဲကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

အနုပညာလောကအတွက် ငွေကြယ်ပွင့်များစွာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ဖခင်အတွက် ကျန်ရစ်သူ သားသမီးတစ်စုမှ များစွာပူဆွေးသောကဖြစ်နေကြပါတယ်။

သရုပ်ဆောင် လင်းဇာနည်ဇော် ချစ်ချစ်ဇော် ဒါရိုက်တာ မိုက်တီးတို့ရဲ့ ဖခင်ဟာ သေဆုံးမဲ့ဝေဒနာ လက္ခာဏာအချို့ကို မပြဘဲ ရုတ်တရက်အေးချမ်းစွာဆုံးပါးသွားခဲ့တာပဲဖြစ်ပါတယ်။မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေတဲ့ ဒါရိုက်တာမိုက်တီးဟာ သူအရမ်းချစ်တဲ့အဖေ သေဆုံးခဲ့တဲ့အတွက် ပူဆွေးသောကအလွန်အမင်းဖြစ်နေရကြောင်းကို မိုက်တီးရဲ့ညီမဖြစ်သူ ချစ်ချစ်ဇော်က အခုလိုပဲပြောပြလာပါတယ်။

“ကိုမိုက်ကို မနက်အစောပိုင်းလောက်က သွားပြီး ပြောပြထားတယ်။ အဖေ့ကို သူလည်းအရမ်းချစ်တာ မနက်ကသွားပြောတော့ ကိုကြီးဘယ်လိုလုပ်ရမလဲဆိုပြီးအော်ငိုနေတာ” လို့ မျက်ရည်တွေနဲ့ပြောပြလာတာဖြစ်ပါတယ်။ဖခင်ဖြစ်သူနဲ့ပတ်သက်ပြီး စိတ်မကောင်းဖွယ်ဝမ်းနည်းစွာ ပြောပြလာတဲ့ ချစ်ချစ်ဇော်ရဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်…

Credit – padonmar

Comments are closed.