တီးလုံးနဲ့အညီ စည်းချက်ကျကျ ခါးလေးရမ်းပြီး Cat Walk လျှောက်ပြလိုက်တဲ့ ဘေဘီစူးရှထက်ရဲ့ အမိုက်စား Tik Tok ဗီဒီယိုဖိုင်

တီးလုံးနဲ့အညီ စည်းချက်ကျကျ ခါးလေးရမ်းပြီး Cat Walk လျှောက်ပြလိုက်တဲ့ ဘေဘီစူးရှထက်ရဲ့ အမိုက်စား Tik Tok ဗီဒီယိုဖိုင်




Posted by Zar Chi on Sunday, December 2, 2018

Posted by Zar Chi on Sunday, December 2, 2018

credit – myanmarload

( Unicode )

အမိုက်စားပုံရိပ်တွေနဲ့ ပုရိသတွေရဲ့နှလုံးသားကို ဖမ်းစားထားနိုင်တဲ့ စူးရှထက်ကတော့ Sexy ပုံလန်းလန်းလေးတွေနဲ့ နာမည်ကြီးလာခဲ့သူလေး ဖြစ်ပါတယ်။ ဘေဘီလေးဆိုပြီး အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ စူးရှထက်က ရင်ခုန်ချင်စရာကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အများရဲ့ဝေဖန်မှုဒဏ်ကို ခါးစည်းခံရင်း အောင်မြင်မှုတွေ ရရှိလာတဲ့ သူမကတော့ အခုဆိုရင် မသိသူမရှိလောက်အောင် ကျော်ကြားနေပြီ ဖြစ်ပါတယ်။

လတ်တလောမှာတော့ စူးရှထက် Sexy ပုံအမိုက်စားလေးတွေ ရိုက်ကူးပြီး Social Media ထက်မှာ ပရိသတ်တွေရဲ့ စိတ်ဝင်တစား အားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ်။ Tik Tok ကစားရတာ ဝါသနာပါတဲ့ ဘေဘီက မကြာခဏဆိုသလို သူမရဲ့ဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိပြီး ဘေဘီရဲ့ဗီဒီယိုလေးတွေကလည်း လူကြိုက်များအောင်မြင်တာ တွေ့ရပါတယ်။ အခုလည်း စူးရထက်က ပန်းရောင်အင်္ကျီလေးနဲ့ အရမ်းကိုချစ်စရာကောင်းနေတဲ့ Tik Tok ဗီဒီယိုလေးတွေကို အသစ်တင်ထားပါတယ်။

ဒီဗီဒီယိုလေးမှာတော့ စူးရှထက်ကတော့ မြူးကြွကြွသံစဉ်လေးတွေနဲ့အတူ စည်းချက်ကျကျ ခါးလေးရမ်းပြီး လမ်းလျှောက်ပြလိုက်တာ ဖြစ်ပါတယ်။ ချစ်စရာအမူအရာလေးတွေနဲ့ ဖမ်းစားထားတဲ့ စူးရှထက်ကတော့ သီချင်းလေးနဲ့အတူ သရုပ်ဆောင်ထားတဲ့ ဗီဒီယိုလေးကိုလည်း ထပ်တင်ထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စူးရှထက်ရဲ့ Tik Tok ဗီဒီယိုအသစ်လေးတွေကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Comments are closed.