လိပ်ပြာစံအိမ်(၂) ကို ၂၀၂၀မှာ ရိုက်ကူးဖို့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ထိုင်းဒါရိုက်တာပြောကြား

လိပ်ပြာစံအိမ်(၂) ကို ၂၀၂၀မှာ ရိုက်ကူးဖို့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ထိုင်းဒါရိုက်တာပြောကြား

ပရိသတ်တွေ စောင့်မျှော်နေခဲ့ရတဲ့ လိပ်ပြာစံအိမ် The Only Mom ရုပ်ရှင်ဇာတ်ကားကြီးကို မနေ့က ဖေဖော်ဝါရီလ ၈ ရက်နေ့တည်းက တစ်နိုင်ငံလုံးမှာ ရုံတင်ပြသနေတာပဲ ဖြစ်ပါတယ်။ ပထမဆုံး စတင်ရုံတင်ပြသတဲ့နေ့မှာပဲ အားပေးသူပရိသတ် ရုံပြည့်ရုံလျှံရှိခဲ့ပြီး မှတ်ချက်ကောင်းတွေကိုလဲ ရရှိခဲ့ပါတယ်။ ပရိသတ်တွေ မြင်ဖူးနေကျမဟုတ်တဲ့ မြန်မာဝိညာဉ်သည်းထိတ်ရင်ဖို ဇာတ်ကားကြီးဖြစ်တာကြောင့် ပရိသတ်တွေကလဲ တော်တော်ကြီး အကြိုက်တွေ့နေကြပါတယ်။

။”လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးဟာ ဘန်ကောက်မှမန္တလေးသို့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ထိုင်းရုပ်ရှင်ဒါရိုက်တာ Chartchai Ketnust ကရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး မြန်မာသရုပ်ဆောင်များဖြစ်တဲ့ နိုင်းနိုင်း၊ ဒေါင်း နဲ့ ဝတ်မှုံရွှေရည်တို့က အကောင်းဆုံးပါဝင် သရုပ်ဆောင်ထားပါတယ်။

မနေ့ညက ဝတ်မှုံရွှေရည်က လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပဲ့ကိုင်ရှင် ထိုင်းဒါရိုက်တာ Chartchai Ketnust ၊ စီစဉ်သူ တို့နဲ့ တွေ့ဆုံညစာစားခဲ့ပါတယ်။ ဝတ်မှုံရွှေရည်က ထိုင်းဒါရိုက်တာ Chartchai Ketnust ကို လိပ်ပြာစံအိမ်ရဲ့ အမှတ်တရတွေကို မေးရင်း လိပ်ပြာစံအိမ် Part 2 အတွက် ဘယ်လိုလဲမေးခဲ့ပါတယ်။ Chartchai Ketnust က လိပ်ပြာစံအိမ် (၂) ကို လာမယ့် ၂၀၂၀မှာ ရိုက်ကူးဖို့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဖြေထားပါတယ်။

လိပ်ပြာစံအိမ်(၂) ရိုက်ကူးဖို့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ထိုင်းဒါရိုက်တာပြောကြား

လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို အပိုင်း(၂) ဆက်လက် ရိုက်ကူးမယ်ဆိုတာ သေချာရင်တော့ ပရိသတ်တွေအနေနဲ့ ပျော်စရာပဲနော်။ လိပ်ပြာစံအိမ်(၂) ကို ကြည့်ရှုဖို့ မစောင့်နိုင်တော့လို့ ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျးဇူးအထူးတင်ရှိပါတယ်။


အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.