အနုပညာရှင် အချင်းချင်းကတောင် အားပေးခဲ့ရတဲ့ ရွှေနှစ်ရွှေရဲ့ “အမှား”သီချင်း ဖျော်ဖြေမှု

အနုပညာရှင် အချင်းချင်းကတောင် အားပေးခဲ့ရတဲ့ ရွှေနှစ်ရွှေရဲ့ “အမှား”သီချင်း ဖျော်ဖြေမှု

ပရိသတ်အချစ်တော် အနုပညာရှင်စုံတွဲလေး ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီက သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ရင်း အနုပညာလုပ်ငန်းတွေကို ကိုယ်စီလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ရွှေနှစ်ရွှေရဲ့ အနုပညာလုပ်ငန်းတွေကို အားပေးတဲ့ ပရိသတ်တွေကလဲ တစ်နေ့တစ်ခြား များပြားလာပါတယ်။ အထူးသဖြင့် ရွှေထူးနဲ့ ရွှေမှုန်ရတီရဲ့ “အမှား” ဆိုတဲ့ သီချင်းလေးက တော်တော်ကြီး လူကြိုက်များ အောင်မြင်လှပါတယ်။

မနေ့ည ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့ The One Entertainment Park မှာ ကျင်းပတဲ့ “Fortune TV – ပျော်ရွှင်ပါပွဲတော်” ပွဲကို အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။ထိုပွဲကို ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ ဇနီးမောင်နှံတို့လဲ တက်ရောက်ခဲ့ပြီး “အမှား” သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ရာ အနုပညာရှင်အချင်းချင်းကတောင် အားပေးခဲ့ကြရပါတယ်။

ရွှေထူးနဲ့ ရွှေမှုန်တို့ရဲ့ သီဆိုဖျော်ဖြေမှု

အမှား

ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ရဲ့ “အမှား”သီချင်းလေးကတော့ Top Ten 10 ပုဒ်ထဲမှာ ပါဝင်နေသေးတဲ့ သီချင်းကောင်းလေး ဖြစ်ပါတယ်။ ရွှေနှစ်ရွှေက ဘာအနုပညာပဲလုပ်လုပ် အောင်မြင်တာကတော့ သူတို့ရဲ့ စန်းတစ်ခုပါပဲ။ ပရိသတ်ကြီးလဲ ဒီပိုစ့်လေးကိုဖတ်ပြီး ကျေနပ်ကြမယ်ထင်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source: May Toe Khine’s ig

Comments are closed.