ဖိုးလပြည့်နဲ့ အပေးအယူ ညီပါတယ်ဆိုတဲ့ ဆုရွှေရည်ထူး

ဖိုးလပြည့်နဲ့ အပေးအယူ ညီပါတယ်ဆိုတဲ့ ဆုရွှေရည်ထူး

ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို နောက်ပိုင်းမှာ ရရှိလာပြီဖြစ်တဲလ တက်သစ်စ မော်ဒယ်လ် ဆုရွှေရည်ထူးကတော့ English သီချင်းတွေကို Cover MTV အမိုက်စားတွေ ရိုက်လေ့ရှိတဲ့ နေရွှေသွေးအောင်နဲ့ ပတ်သက်ပြီးတော့ ချီးကျူးစကားကို အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ုဆုရွှေရည်ထူး “လတ်တလောမှာတော့ ဆု ကိုဖိုးလပြည့်ပေါ့နော် ကိုနေရွှေသွေးအောင် နဲ့ TVC တစ်ခုထွက်ထားတယ်။ ပြီးတော့ Novotel Hotel ရဲ့ Commercial လေးရိုက်ဖြစ်တယ်။ နောက်ထက် ပွဲတက်လေးတွေ MC လေးတွေ လုပ်ဖြစ်နေပါတယ်။ ကိုဖိုးလကနေ တကယ်သူက ဒီအနုပညာအပေါ်မှာ တကယ်ချစ်မြတ်နိုးပြီး တကယ်ကို ဝါသနာပါလို့ လုပ်တာပေါ့နော်။ နှစ်ယောက်အပေးအယူကလည်း သူလည်း တကယ်ချစ်လို့ တကယ်မြတ်နိုးလွန်းလို့ ရင်ထဲအသည်းထဲက ဝါသနာပါလို့ လုပ်နေတဲ့ အလုပ်တစ်ခုဖြစ်တယ်။ ဆုကလည်း တကယ်အရမ်းချစ်လို့ ဒီအလုပ်ကို လုံးဝမစွန့်လွတ်နိုင်ဘဲနဲ့ လုပ်နေတဲ့သူ ဖြစ်တယ်ဆိုတော့ နှစ်ယောက်လုံးက အပေးအယူညီတယ်။ ပြီးတော့ ကိုဖိုးလက ပြောတာဆိုတာ ဆက်ဆံတာ နေပုံထိုင်ပုံ ဒီအနုပညာပေါ်မှာ ချစ်မြတ်နိုးတဲ့ အရာတွေ အားလုံးက ဘာမှပြောစရာမလိုဘူး နှစ်ယောက်စလုံးက အပေးအယူညီပါတယ်။”လို့ပြောသွားခဲ့ပါတယ်။

နေရွှေသွေးအောင်ကို ဝေဖန်နေကြတာနဲ့ပတ်သက်ပြီး”လူတစ်ယောက်အကြောင်းကို မသိသေးလို့ပြောတာပါ ဒါတွေကတော့လေ သူတို့ ပြောတဲ့လူမှာလည်း အပြစ်မရှိဘူး။ ခံရတဲ့လူနှစ်ဦးနှစ်ဖက်မှာလည်း အပြစ်မရှိဘူး။ ဒါက သူတို့ပြောတယ်ဆိုတာက သူတို့တွေက သူတို့ရဲ့ ပတ်ဝန်းကျင်တစ်ခုက ကြားရတဲ့ အရာတွေကိုပဲ သူတို့က ပြန်ပြီးပြောတာပေါ့နော်။ စကားဆိုတာက စလိုက်ရင်ကားသွားတာပေါ့နော်။ အဲ့လိုသဘောသဘာဝပဲ သူတို့မသိလို့ပြောတာ တကယ်လို့သာ စကားပြောမိလိုက်ရင် အဲ့လူနဲ့ ထိတွေ့ပြီး ဆက်ဆံဖူးလိုက်ပြီဆိုရင် သူနဲ့ သေသေချာချာ မျက်နှာချင်းဆိုင် တွေ့ဖူးရင် ဒါဆိုရင် အဲ့လိုထင်တော့မှာ မဟုတ်ဘူး။ ကြားခဲ့တဲ့စကားတွေက အော်.. တစ်ခြားစီပါလား အဲ့လိုမဟုတ်ပါလားလို့ ထင်သွားပါလိ့မ်မယ်။ ဒါကတော့ ဆုကတစ်ခြား Personal တွေ တစ်ခြားဘာမှ စုမပြောချင်ဘူး လူတစ်ယောက်ရဲ့ ပြောပုံဆိုပုံ နေပုံထိုင်ပုံကို ဆုက ဆုနဲ့ တွေ့ဖူးတဲ့ အချိန်ခဏလေးကိုပဲ ဆုပြောတာပေါ့နော်။ ကျန်တာတော့ ဆုလည်း မသိပါဘူး။”လို့ပြောသွားခဲ့ပါတယ်။

အကယ်၍ နေရွှေသွေးအောင်နဲ့ အမိုက်စား MTV ရိုက်ခွင့်ရရင်ရော လို့မေးမြန်းခဲ့ရာ “အမိုက်စား MTV အဲ့တာတော့ ရောက်လာရင်တော့ မပြောတတ်ဘူးပေါ့။ အခုလောလောဆယ် ဆုကိုလည်း ကိုဖိုးလက မအပ်သေးဘူးဆိုတော့ ဆုလည်း မပြောတတ်သေးဘူး။ တကယ်လို့ အပ်ဖြစ်ရင်တော့ ဆုလည်း မပြောတတ်သေးဘူးပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.