ယောက်ျားတကာနဲ့လိုက်အိပ်နေတာမဟုတ်ဘူးဆိုတဲ့ မထက်

ယောက်ျားတကာနဲ့လိုက်အိပ်နေတာမဟုတ်ဘူးဆိုတဲ့ မထက်

မထက်ဟာ အစောဆုံး LGBT တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်သလို LGBT အသိုင်းအဝိုင်းမှာလည်း ဂုဏ်သိက္ခာရှိစွာ ကိုယ့်စီးပွားရေးကိုယ်တိကျသေချာစွာလုပ်ပြီးရပ်တည်နေခဲ့သူပါ။ မထက်က ပရိသတ်တောင်းဆိုမှုများပြားတာကြောင့် မကြာသေးမီကမှ ကျားကျားကြိုက်ကြိုက်ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးပြီး အနုပညာလောကထဲကို မင်းသမီးတစ်လက်အဖြစ် ခြေလှမ်းချလာတာဖြစ်ပါတယ်။ မထက်က မီဒီယာတွေနဲ့အင်တာဗျူးမှာ LGBT တွေပါဝင်တဲ့ရုပ်ရှင်တွေအပေါ်အမြင်နဲ့ LGBTတွေရဲ့ ကိုယ်ပိုင်ဘဝမှာ ထိန်းသိမ်းမှုတွေကိုဖြေကြားလာခဲ့ပါတယ်။

မထက်က LGBT တွေပါဝင်တဲ့ရုပ်ရှင်တွေအပေါ်သဘောထားကို “အစ်မသဘောထားကိုပြောရရင်တော့ တကယ့်အပြင်မှာ ကိုယ့်လူမျိုးရေးအရ ရိုင်းစိုင်းမှုတွေရှိတယ်ဆိုရင်တောင် လူမျိုးရေးအရ ဒီထက်ယဉ်ကျေးလာတဲ့ Generations တွေဖြစ်လာအောင် ဇာတ်ကားထဲမှာ မဟုတ်ရင်တောင်မှ ဟုတ်အောင် ယဉ်ကျေးပါတယ်၊မြင့်မြတ်ပါတယ် တည်ကြည်ပါတယ်ဆိုတဲ့ လူမျိုးတစ်ခုဖြစ်လာတဲ့ပုံစံမျိုးဖော်ဆောင်ပြီးရိုက်ပြီး နောက် Generation အသစ်မှာ ဒီထက်ပိုကောင်းမွန်တဲ့ generation အသစ်ကိုဖော်ဆောင်သင့်တယ်လို့ထင်တယ်”လို့ ပြောပြထားပါတယ်။

ဒါ့အပြင် LGBT တွေမှာလည်း ထိန်းသိမ်းပြီးတည်ကြည်စွာနေထိုင်တတ်တဲ့ စံပြတွေရှိကြောင်းလည်းပြောထားပါသေးတယ်။ မထက်ကိုယ်တိုင်ကလည်း ကိုယ်ပိုင်ဘဝမှာဘယ်လိုပဲဖြစ်ပါစေ ယောက်ျားတကာနဲ့တော့လိုက်အိပ်နေတာမဟုတ်ကြောင်း “အစ်မတို့ LGBT တွေမှာလည်း “အစ်မရင်သားမှာ ဆီလီကွန်ထည့်ပြီးတော့ နို့တွေထည့်ထားရင်ထည့်ထားမယ်။ ဒါပေမယ့် အစ်မ လမ်းပေါ်ကလူတွေနဲ့ ယောက်ျားတကာနဲ့လိုက်အိပ်နေတာအစ်မကိုဘယ်သူမှလည်းမမြင်ဖူးဘူး။ ဘယ်သူမှလည်း ဟီလာဟာလာထပြီလျှောက်သွားနေတာလည်းမမြင်ဖူးဘူးလေ။ အစ်မတို့ တည်ကြည်အောင် စောင့်ထိန်းကြတယ်”လို့လည်းရဖွင့်ထားပါတယ်။

မထက်က စံပြုထားရတဲ့ LGBT တွေလည်းရှိကြောင်း “ရှေ့လူတွေအတွက်ရော ကိုယ့်ရဲ့စီနီယာတွေကိုရော ချစ်ခင်လေးစားအောင် ကိုယ့်ရဲ့ Generation ကိုယ့်ရဲ့ LGBT အသိုင်းအဝိုင်းချစ်ခင်လေးစားအောင် အစ်မတို့နေတယ်။ အစ်မတို့စံပြုထားတဲ့သူတွေလည်းအများကြီး။ အန်တီပေါက်တို့ဘာတို့ဆိုတာ အစ်မတို့လေးစားရတဲ့သူတွေ။ ခေတ်စနစ်ကြောင့်သာ အစ်မတို့ဝတ်တယ်စားတယ်ဖြစ်ရင်ဖြစ်မယ်”လို့ပြောထားသလို မိန်းမလျာတွေကို ရုပ်ရှင်ရိုက်ကူးနေတဲ့သူတွေကိုလည်းမထက်က  “ဒီခေတ်ကြီးမှာ အဲ့လိုစကားတွေပြောပြီးအဲ့လိုယောက်ယတ်ခတ်တဲ့လူတွေဆိုတာ အရမ်းရှားပါပြီ။ အဲဒီတော့ ဒါတွေဟာထားခဲ့သင့်ပြီ။ထက်တို့ပုံစံလေးတစ်မျိုးပြောင်းပြီးရိုက်ကူးကြရအောင်လို့ထက်ကပြောချင်ပါတယ်”လို့ အေးအေးချမ်းချမ်းဖြေထားပါတယ်။

ပရိသတ်ကြီးရော မထက်ကိုချစ်ကြလား။ မထက်ရဲ့ရုပ်ရှင်ထွက်လာရင်ရောအားပေးကြမှာလား။မထက်နဲ့ LGBT တွေအပေါ်ထားတဲ့အမြင်ကဘယ်လိုရှိလဲ ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.