ပြီးခဲ့သမျှအချစ်ရေးတွေကို ကျေနပ်တယ်လို့ပြောတဲ့အောင်ရဲလင်း

ပြီးခဲ့သမျှအချစ်ရေးတွေကို ကျေနပ်တယ်လို့ပြောတဲ့အောင်ရဲလင်း

အနုပညာအလုပ်တွေခြေလှမ်းကျဲသွားတယ်ထင်ကြရပေမယ့် လုပ်စရာရှိတဲ့အလုပ်တွေကိုပုံမှန်လုပ်နေတဲ့သရုပ်ဆောင်မင်းသားအောင်ရဲလင်းကတော့ သူရဲ့အချစ်ရေးနဲ့ဘဝခံယူချက်တွေနဲ့ပတ်သတ်ပြီးတော့ မီဒီယာတွေနဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတာတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိရအောင်လို့ပြောပြပေးလိုက်ပါတယ်နော်။

အချစ်ပေါ်ထားတဲ့ သူခံယူချက်ကတော့ “ အထူးသဖြင့်ကတော့ဘာမှမလိုအပ်ပါဘူး အဓိကက ကျွန်တော်ချစ်ဖို့လိုတယ်။ သူကျွန်တာ့်ကိုချစ်ဖို့လိုတယ်။ ဘာမှမရှိဘဲနဲ့ တစ်ယောက်ကိုတစ်ယောက်ပေါ့ အချစ်နဲ့အချစ်ထပ်တူကျတာအကောင်းဆုံးပါပဲ။” ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ဘဝအတွက်ချမှတ်ထားတဲ့ သူ့အစီစဉ်တွေကိုလည်း “ကြီးကြီးမားမားတော့ကျွန်တော် မတွေးထားပါဘူး။အဓိက ကတော့ကျွန်တော့်ဘဝမှာ မိဘနှစ်ပါး ကအရေးကြီးဆုံးပါပဲ ။ ကျွန်တော့်မိဘနှစ်ပါးကို ကျွန်တော် ဒီလိုမျိုး (စဉ်းစားလျက်) ကျွန်တော်ရှိနေသမျှကာလပတ်လုံးပေါ့နော် ။ ကျွန်တော့်မိဘနှစ်ပါးလည်းရှိ နေသမျှကာလာပတ်လုံးပေါ့နော် ဂရုစိုက်ချင်တယ်။ကျေးဇူးဆပ်ချင်တယ် ကျန်တာကျွန်တော်ဘာမှမမျှော်လင့်ပါဘူး။ ဆိုပြီးပြောသွားခဲ့ပါတယ်။

နောက်ပြီးသူက အချစ်ရေးနဲ့ပတ်သတ်ရင် Roတတ်သူတစ်ယောက်မဟုတ်ပဲ ပွင့်ပွင့်လင်းလင်းပဲဆက်ဆံတဲ့သူဖြစ်ကြောင်း၊သူကြုံတွေခဲ့ရတဲ့အချစ်ရေးမှန်သမျှဟာလည်းသူကံကောင်းတယ်လို့ပြောလို့ရတဲ့အခြေအနေမှာရှိခဲ့ပုံတွေနဲ့ကောင်မလေးတွေရင်ခုန်လောက်အောင်လည်းမလုပ်တတ်တဲ့သူဖြစ်ကြောင်းပြောသွားတဲ့ အပြင်ခေတ်ရေစီးကြောင်းပြောင်းလာတာနဲ့အမျှ ပရိသတ်တွေအနုပညာရှင်တွေရည်းစားထားခြင်းနဲ့ အိမ်ထောင်ပြုခြင်းအပေါ်မှာ နားလည်ပေးတတ်လာကြောင်းတွေကိုလည်းပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.