ဝတ်မှုန်ရွှေရည်ရဲ့အချစ်ရေးအကြောင်းပြောပြတဲ့ နဒီရွှေရည်

ဝတ်မှုန်ရွှေရည်ရဲ့အချစ်ရေးအကြောင်းပြောပြတဲ့ နဒီရွှေရည်

ကစ်လေးလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ ထိပ်တန်းမင်းသမီးဝတ်မှုန်ရွှေရည်ဟာ အခုနောက်ပိုင်း လိပ်ပြာစံအိမ်ဇာတ်ကားအပြီးမှာ အောင်မြင်မှုတွေပိုလို့ရရှိလာသလို အိမ်နီးချင်းနိုင်ငံတွေကပရိသတ်ပေါင်းများစွာကိုပါ ရင်ဝယ်ပိုက်ထားနိုင်တဲ့အရှေ့တောင်အာရှရဲ့နတ်သမီးတစ်ပါးဖြစ်လို့နေပါပြီ။ ကစ်ရဲ့ အချစ်ဆုံးညီမလေး နဒီရွှေရည်ကတော့ Blogger လောကထဲကိုဝင်ရောက်နေပြီဖြစ်ပြီး ပရိသတ်အချစ်တော် Make Up Blogger လေးတစ်ဦးပါ။ နဒီရွှေရည်က မကြာသေးမီက အင်တာဗျူးတစ်ခုမှာ Blogger တစ်ယောက်အဖြစ်ခြေလှမ်းစလာခဲ့ပုံနဲ့ မကစ်ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးတော့ ပြောပြသွားခဲ့ပါတယ်။

နဒီရွှေရည်က Blogger တစ်ယောက်ဖြစ်လာပုံကို “အစ်မကတော့ တိုက်တွန်းနေတာကြာပြီ ကိုယ်ကရှက်လို့မလုပ်တာ မလုပ်ဖြစ်တာပေါ့နော်။ ကြောက်လို့။ ဒါပေမယ့် ကိုယ်က ဝါသနာပါတော့လည်း နည်းနည်း ကိုယ့်ရဲ့ video လေးတွေအပျော်သဘောနဲ့တင်ကြည့်ရင်းနဲ့ပါ”လို့ ပြောပြထားပြီး မိတ်ကပ်ပညာကိုလေ့လာခဲ့ပုံကိုလည်း “အရင်ကတည်းက မိတ်ကပ်ပြင်ရတာကိုအရမ်းကြိုက်တာပါ။ မိတ်ကပ်ပြင်ရတာကိုသဘောကျတာ။ အပြင်သွားရင် ဟိုနေရာဒီနေရာသွားရင်တောင်မိတ်ကပ်လိမ်းလိုက်ရမှ။ Press show တစ်ပွဲပဲမိတ်ကပ်ပြင်ပေးဖူးသေးတယ်”လို့ဖြေကြားထားပါတယ်။

မကစ်က အကုန်သင်ပေးပြောပြပေးတဲ့အကြောင်း “လက်ဦးဆရာကတော့ အစ်မပဲပေါ့နော်။ အစ်မကအကုန်ပြောပေးပါတယ်။ ခေါင်းအစခြေအဆုံး။ ဘာလိုအပ်တယ်ကအစ”လို့ပြောပြထားပြီး မကစ်ကိုနှမျောလို့ အိမ်ထောင်မပြုစေချင်ဘူးလို့လည်း “အပျိုကြီးပဲကောင်းပါတယ်။ဘာလို့ယူမှာလဲနော်။ ကိုယ့်အစ်မကျတော့လည်း နှမျောတယ်လေ”လို့ အစ်မကိုတွန့်တိုတဲ့ညီမလေးဟန်နဲ့ ဖြေကြားထားပါတယ်။

အစ်မရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ နဒီက “ညီမဟိုးအရင်ကလည်းဖြေဖူးပါတယ်။ သူစိတ်ချမ်းသာမယ်။ သူ့ကိုစိတ်ချမ်းသာအောင်ထားမယ်ဆိုရင်တော့ အရာအားလုံးက သူ့သဘောပါပဲလို့။ ဒါပေမယ့်ကိုယ်ကညီမဆိုတော့လည်းနှမျောတာပေါ့နော်”လို့ ဖြေထားသလို မကစ်နဲ့ညီအစ်မတွေကြားက သံယောဇဉ်ကို “မကစ်ကမာတယ်။ စိတ်မာတယ် strong ဖြစ်တယ်ပေါ့နော်။ ညီမကျတော့ စိတ်ပျော့တယ်။ အစ်မဆိုတာထက် ဆယ်နှစ်လည်းကွာတော့ အမေလိုဖြစ်နေတာပေါ့နော်။ ကိုယ့်အပေါ်ကိုအမေလိုကာကွယ်ပေးတဲ့အစ်မတစ်ယောက်ပါ”လို့ ရင်ဖွင့်ပြောပြထားပါတယ်။

နဒီက မကစ်နဲ့ သတင်းထွက်နေတဲ့ အချစ်ရေးတွေအကြောင်းကိုတော့ comfirm မပေးသွားပဲ မကစ်က အခုတော့တစ်ယောက်တည်းပါပဲလို့ ဖြေသွားလို့ ကစ်ကိုမျက်လုံးသိပ်လှပြီးရည်မွန်ယဉ်ကျေးတဲ့စာပေဝါသနာပါတဲ့ မင်းသားလေးနဲ့သဘောတူနေကြတဲ့ပရိသတ်တွေကတော့ ဝမ်းသာရမလားဝမ်းနည်းရမလားပါပဲ။့ ပရိသတ်ကြီးရော ကစ်နဲ့နဒီတို့ညီအစ်မနှစ်ယောက်ကိုချစ်ကြလား။ ကစ်နဲ့ ချွပ်စွပ်တူတဲ့အသံနဲ့ ချစ်ဖို့ကောင်းတဲ့နဒီရွှေရည်လေး အောင်မြင်တဲ့ Blogger တစ်ဦးဖြစ်လာပြီး အနုပညာနယ်ထဲခြေလှမ်းချလာရင်ရော ကြိုဆိုကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.