တော်ရုံဝါနဲ့ သမ္ဘာနဲ့မရနိုင်တဲ့ အူဝဲရဲ့ကြိုးစားမှုတွေကို ပြောပြလာတဲ့ ဒါရိုက်တာ မောင်မျိုးမင်း

တော်ရုံဝါနဲ့ သမ္ဘာနဲ့မရနိုင်တဲ့ အူဝဲရဲ့ကြိုးစားမှုတွေကို ပြောပြလာတဲ့ ဒါရိုက်တာ မောင်မျိုးမင်း

ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အပြိုင်သရုပ်ဆောင်ထားတဲ့ “ကျွန်မအချစ်ဆုံး ယောက်ျားသုံးယောက်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေ အချိန်အတော်ကြာ စောင့်မျှော်ခဲ့ရပြီးနောက်ပိုင်းမှာတော့ မကြာခင်မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ ဝါရင့်မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က သူမရဲ့အနုပညာကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးချပြထားတာကြောင့် ပရိသတ်တွေပိုလို့စိတ်ဝင်စားနေတာဆိုရင်လည်း မမှားပါဘူး။ လတ်တလောမှာတော့ ဒါရိုက်တာ မောင်မျိုးမင်းက “ကျွန်​မအချစ်ဆုံး ယောက်ျားသုံးယောက်” ရုပ်ရှင်ဇာတ်ကားကြီး” ထဲမှာ အသေးစိတ်ကအစ ပီပြင်အောင်ကြိုးစားထားတဲ့ အိန္ဒြာကျော်ဇင်ရဲ့အကြောင်းကို ထုတ်ပြောလာတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် ဒါရိုက်တာမောင်မျိုးမင်းပြောလာတဲ့ အူဝဲရဲ့ကြိုးစားအားထုတ်မှုတွေအကြောင်းကို ဖော်ပြလိုက်ပါတယ်နော်။

ဒါရိုက်တာမောင်မျိုးမင်းကတော့ ” အရွယ်အလိုက် အားလုံးပြောင်းထားတယ် ကျွန်တော်တို့ ရုပ်ရှင်တွေမှာ ဘာတွေ့ရလည်းဆိုတော့ မင်းသမီးတွေ မိတ်ကပ်တွေ ပြောင်းပြီး မျက်နှာသာ အိုလာတယ် အသက်အရွယ် အလိုက် Body ပြောင်တာ မလုပ်ကြဘူး ဒီကားမှာ အားလုံးလုပ်ထားတယ် ဗိုက်တွေ ပူအောင်လုပ်တယ် ခါးတွေ တုပ်အောင် လုပ်တယ် ရင်သားတွေ အောက်ကျနေအောင် လုပ်ခိုင်းထားတယ် အရွယ်အလိုက် အသံတွေလည်း မတူဘူး အူဝဲ အကုန်ပြောင်းထားတယ် ဒီကားမှာ ငိုခန်း ငါးခန်းပါတယ် ငိုခန်း ငါးခန်းမှာ အူဝဲကို ငါးမျိုး ငိုခိုင်းထားတယ် လုံးဝမတူဘူး သတိထားပြီး စောင့်ကြည့်ပေးပါ ဒါ တော်ရုံ ၀ါနှင့် သမ္ဘာနဲ့ မရပါဘူး” ဆိုပြီး အိန္ဒြာကျော်ဇင်ရဲ့သရုပ်ဆောင်ချက်တွေကို သေချာသတိထားပြီး စောင့်ကြည့်ပေးဖို့ပါ ပြောထားတာ တွေ့ရပါတယ်။

အူဝဲရဲ့သရုပ်ဆောင်ချက်တွေကိုတော့ ပရိသတ်တွေက ယုံကြည်ပြီးသားမို့ စိတ်ဝင်တစားနဲ့ပဲ စောင့်မျှော်နေကြတာပါ။

“ကျွန်မ အချစ်ဆုံးယောကျာ်းသုံးယောက်” ရုပ်ရှင်ဇာတ်ကားကြီးကို​တော့ လာမယ့်​ မတ်​လ ၁၅ ရက်​​နေ့မှာ ရုံတင်​ပြသသွားမယ်​လို့သိရပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေ​လည်း ဒိတ်​ဒိတ်​ကြဲ သရုပ်​​ဆောင်​​တွေရဲ့ အမိုက်​စားအိုက်​တင်​​တွေကို ​တွေ့မြင်​ရမယ့်​ “ကျွန်မ အချစ်ဆုံးယောကျာ်းသုံးယောက်”ဇာတ်ကားကြီး ရုံတင်​ပြသရင်​ အား​ပေးကြဖို့ မ​မေ့ပါနဲ့​နော်​။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.