ခင်ပွန်းဖြစ်သူ လီဗြောင်ဟွန်းနဲ့ သားလေးရဲ့ အကြောင်းတွေကို Lee Min Jung ဝေမျှ

ခင်ပွန်းဖြစ်သူ လီဗြောင်ဟွန်းနဲ့ သားလေးရဲ့ အကြောင်းတွေကို Lee Min Jung ဝေမျှ

Lee Min Jung နဲ့ Lee Byung Hun တို့ကတော့  ကိုရီးယားရဲ့ နာမည်ကြီးဆယ်လီစုံတွဲ တစ်တွဲ ပါ။သူတို့စုံတွဲဟာ (၂၀၁၃)ခုနှစ် သြဂုတ်လ(၁၀)ရက်နေ့က လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် ချစ်စ ရာ ကောင်းတဲ့ သားလေးတစ်ေ ယာက် ကိုပါ ပိုင်ဆိုင်နေကြပါပြီ။Lee Min Jung ကတော့ SBS’s “My Ugly Duckling,”  အစီအစဉ်မှာ ပါဝင် ခဲ့ပြီး သူမခင်ပွန်းရဲ့ အကြောင်းနဲ့လေးနှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သားလေးရဲ့ အကြောင်းတွေကို ဝေမျှခဲ့ပါတယ်။

Shin Dong Yup က သူမကို Lee Byung Hun ကို လက်ထပ်လိုက်တာ မှန်လိုက်လေခြင်းလို့ ဘယ်လို အချိန် တွေမှာ ခံစားရလဲ လို့ မေးခဲ့ပါတယ်။ အဲ့ဒီအခါမှာ သူမက” ကျမကလဲ မင်းသမီး တစ်ယောက်ဖြစ်တဲ့ အတွက် သူနဲ့က အလုပ် အကြောင်းတွေကို တိုင်တိုင်ပင်ပင်လုပ်လို့ရတယ်..ကျမအတွက် အနီးကပ်တိုင်ပင်ဆွေးနွေးလို့ရတယ်.. ကျမတို့ နှစ်ယောက်က အတူစားသောက်ကြတဲ့ အချိန်တွေမှာ ဒီလို အကြောင်းတွေကို ပြောပြဆွေးနွေးတိုင်ပင်ရတာကို ကျမ သဘောကျတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။မကြာခင်မှာပြသမယ့် သူမရဲ့ ဒရမ်မာကား “Fates and Furies”  နဲ့ ပတ်သက်ပြီးလည်း အခုလို ပြောခဲ့ပါတယ်။” ကျမက ရိုမန်တစ်ဟာသကားတွေပဲ ရိုက်တာ များတယ်လေ.. ဒါကြောင့် ပရိသတ်တွေက ကျမကို ပုံစံသစ်တမျိုးနဲ့ ပြချင်ခဲ့တပါ။ဇာတ်ကားရဲ့ နာမည်မှာတည်းက ကြီးကျယ်မှု၊သစ္စာဖောက်မှု၊ သဘောတူညီမှု …ဒီလို ခံစားချက်ကို ရတယ်..” လို့ ပြောခဲ့ပါတယ်။
Zayn Malik နဲ့ ပြန်တွဲနေပြီဆိုတာ ပရိသတ်တွေကို အသိပေးလိုက်တဲ့ Gigi Hadid


သားလေးကို စောင့်ရှောက်ရတာ ပင်ပန်းလား အမေးကိုတော့…” ခက်ခဲပင်ပန်းတဲ့ အချိန်တွေ အများကြီးက ကျန်ခဲ့ ပါပြီ.. အခုဆိုသားလေးက လေးနှစ်ရှိနေပါပြီ..ဒါပေမယ့် သားက အသက်ထက်ပိုပြီး ထွားတယ်..တကယ့်ကို ထွားတ ယ်…ကိုယ်အလေးချိန်က (၄၆)ပေါင် လောက်ရှိတယ်..ဒါက grade 1 တစ်ယောက်ရဲ့ ကိုယ်အလေးချိန် လောက်ရှိ တယ်…သားက သူ့ကို ချီဖို့ ပြောနေတုန်းပဲ ကျမ (၄၆)ပေါင်လောက်ကို ချီနေရတာ…” ဆိုပြီး ပြောခဲ့ပါတယ်။သားလေး ရဲ့ တော်တဲ့ တက်တဲ့ အကြောင်းတွေကို ပြောပါအုံးလို့ မေးတဲ့ အခါမှာတော့…….” သားလေးက စကားစောစေြာေ ပာကြောင်း၊ဘာသာစကားသင်ယူရာမှာလည်း အရမ်းမြန်ကြောင်း ပြောခဲ့ပါတယ်။ဒီအကြောင်းကို သူငယ်ချင်းကို သူမက ပြော တဲ့ သူငယ်ချင်းဖြစ်သူက ဒါဆိုရင် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ စာရင်းဝင်ဖို့ လုပ်ပါလား ဆိုပြီး ပြောကြပြီး သူမ စကား ကို မယုံဖူးလို့ လည်းပြောပါတယ်။တကယ်က ရက် (၁၀၀) ပြည့်ချိန်မှာပဲ ကလေးက “ရေ ရေ ..” ဆိုပြီး ရေေ တာင်း သောက်တတ်နေပြီလို့ ဆိုပါတယ်။သူငယ်ချင်းတွေက ရက် တစ်ရာပြည့်တဲ့ ကလေးက ဖေဖေ မေမေ က လွဲ ရင် တခြားစကား ပြောတတ်တယ်ဆိုတာ မဖြစ်နိုင်ဖူး ဆိုပြီး မယုံကြဘူးလို့ ပြောပါတယ်။

ကပေါ့လောကမှာ ညိုချောလေးတွေအဖြစ် နာမည်ကြီးတဲ့ သူတို့တတွေ

Source: soompi

Comments are closed.