ခြိမ့်ကေကိုက လမ်းမှန်ပေါ်ရောက်နေပါပြီဆိုတဲ့ အလင်းသခင်

ခြိမ့်ကေကိုက လမ်းမှန်ပေါ်ရောက်နေပါပြီဆိုတဲ့ အလင်းသခင်

အလင်းသခင်ဟာ Tiktok လေးတွေဆော့ပြီးအောင်မြင်လာသူဖြစ်သလို ပရိသတ်တော်တော်များများရဲ့ထောက်ခံအားပေးမှုရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အလင်းသခင်က ဟိုတစ်လောလေးကမှ ခြိမ့်ကေကိုကိုအသေဝုန်းထားတာလည်း ပရိသတ်တွေမှတ်မိကြဦးမှာပါ။ ဒါပေမယ့် ခြိမ့်ကေကိုရဲ့ အနုပညာစွမ်းရည်နဲ့ ကိုယ်ရည်ကိုယ်သွေးကိုနောက်ဆုံးတော့ အလင်းသခင်ပါ လက်ခံလိုက်ရပါပြီ။ အလင်းသခင်က မကြာသေးမီက အင်တာဗျူးတစ်ခုမှာ ခြိမ့်ကေကိုနဲ့အတူလက်တွဲအလုပ်လုပ်ရတဲ့ခံစားချက်နဲ့ ခြိမ့်ကေကိုအပေါ်အမြင်ကိုပြောပြထားပါတယ်။

အလင်းသခင်က ခြိမ့်ကေကိုနဲ့ နဖူးတွေ့ဒူးတွေ့ကြုံရတဲ့အကြောင်းကို “MTV ရိုက်တာအဆိုတော်ကတော့ ဘယ်သူနဲ့လို့တော့ မပြောထားဘူးပေါ့နော်။ သူလာတော့ နည်းနည်း အံ့သြသွားတာပေါ့နော်။ ဟယ် ကိုယ်ဝုန်းထားတဲ့သူကြီးပေါ့။ သူကလည်း နည်းနည်းအံ့သြသွားတယ်ပေါ့နော်။ ဘာရယ်မဟုတ်ဘူး။ ဘယ်လိုပြောရမလဲလည်းမသိဘူး ချက်ချင်းတွေ့တာနဲ့ ကျွန်တော်စပြီးနှုတ်ဆက်လိုက်ပါတယ်။ လာလို့ နင်ရယ်ငါရယ် Tiktok ရိုက်မယ်လို့”ဆိုပြီးပြောပြထားပါတယ်။

ခြိမ့်ကေကိုနဲ့ပတ်သက်ပြီးအမြင်ကိုလည်း အလင်းသခင်က “ခြိမ့်ကေကိုကတော့ ပြောရမယ်ဆိုရင် ကောင်းကောင်းမွန်မွန်ပေါ့။ သူ့မှာ ထိန်းထားတဲ့လူမရှိလို့ပေါ့နော်။ သူ့မှာ သူ့ရဲ့လွပ်လပ်ပိုင်ခွင့်ရှိတယ်။ အချို့ကတော့ ဘာမဟုတ်ပဲ မြှောက်ပေးပင့်ပေးတဲ့လူတွေရှိလို့ပေါ့နော်။ အဲဒီအခါကျတော့ သူက အဲ့လိုမျိုးလမ်းမှားရောက်နေတာပေါ့နော်။ အခုတော့ သူ လမ်းမှန်တော်တော်တည့်နေပါပြီ”လို့ လည်းဝေဖန်ထားပါတယ်။

ငှက်ပျောသီးခေါ် ခြိမ့်ကေကိုဟာ ရှေ့ဆက်ပြီးအောင်မြင်ဦးမယ့်သူဖြစ်ကြောင်းလည်း “ဒါပေမယ့် သူကံကောင်းပါတယ်။ အဲ့လိုမျိုး ဖိလေ အခုခေတ်က ဝုန်းလေ အဝုန်းခံရလေ အောင်မြင်လေပဲဆိုတော့ သူဒီ့ထက်မကအောင်မြင်မှာပါ။ ဘာလို့ဆိုတော့ မြန်မာနိုင်ငံမှာ အဲ့လိုမျိုးလိုက်ဝုန်းနေတဲ့သူတွေရှိသ၍တော့ သူ အောင်မြင်နေမှာပါ”လို့ ပြောသွားပါတယ်။

ခြိမ့်ကေကိုကို စီနီယာတွေဖြစ်တဲ့ ထန်ပါးလို အနုပညာရှင်တွေကလည်း လက်တွဲခေါ်ယူလာခဲ့ကြပြီး ဖေးမကူညီလျက်ရှိနေတာကလည်း ခြိမ့်ကေကိုအတွက်ဝမ်းသာစရာပါပဲ။ မကြာသေးမီက ထန်ပါးက ခြိမ့်ကေကိုနဲ့ friend ဖြစ်သွားလို့ ဝမ်းသာတဲ့အကြောင်းလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးထားပါသေးတယ်။ ထန်ပါး၊ခြိမ့်ကေကိုနဲ့ အလင်းသခင်တို့သာပေါင်းပြီး သီချင်းတစ်ပုဒ်လုပ်မယ်ဆိုရင်တော့ ဂေါ်ထွက်နေမှာသေချာပါတယ်။

ပရိသတ်ကြီးရော ခြိမ့်ကေကိုနဲ့အလင်းသခင်ကို နှစ်သက်ကြလား။ အလင်းသခင်နဲ့ခြိမ့်ကေကိုအတူတူဆော့ထားတဲ့ Tiktok လေးတွေရော ကြည့်ပြီးကြပြီလား။ သူတို့နှစ်ယောက်ရဲ့ MTV ကိုရော ကြည့်ရှု့အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.