မင်္ဂလာလက်ဖွဲ့ငွေ အများကြီး လိုချင်တယ်ဆိုတဲ့ အေးမြတ်သူ

မင်္ဂလာလက်ဖွဲ့ငွေ အများကြီး လိုချင်တယ်ဆိုတဲ့ အေးမြတ်သူ

ရိုးသားပွင့်လင်းတဲ့ အပြောလေးတွေ ချိုသာတဲ့ အပြုံးလေးတွေကြောင့် ရေပန်းစားတဲ့ မင်းသမီးကတော့ အေးမြတ်သူ ဖြစ်ပါတယ်။ ချစ်ရတဲ့သူ ရှိပေမဲ့ ပရိသတ်တွေကို ထုတ်မပြသေးဘဲ အရိပ်အမြွက်ပဲ ပြောပြတဲ့ အေးမြတ်သူက မင်္ဂလာလက်ဖွဲ့ငွေ အများကြီး လိုချင်တဲ့ အကြောင်း စကားစလာပါတယ်။ သူထူးစံရဲ့ မင်္ဂလာပွဲမှာ အခမ်းအနားအတွက် ဝိုင်းဝန်းစီစဉ်ပေးခဲ့တဲ့ မမြတ်လေး အလှည့်ကရော ဘယ်တော့လောက် ဖြစ်မလဲဆိုတာကိုတော့ ခုလိုမျိုး ဖြေကြားသွားပါတယ်။

“အေးမြတ်သူကတော့ နောက်ထပ် ၅ နှစ်လောက် လိုဦးမယ် ထင်တယ်။ သူများ မင်္ဂလာဆောင်တွေ စီစဉ်ပေးရတာ မဆိုးဘူး။ အတွေ့အကြုံလည်း နည်းနည်း ရလာပြီ။ ဘယ်လိုပန်းတွေကို ဘယ်လိုစီစဉ်မလဲပေါ့နော်။ အဓိကကတော့ ဈေးနှုန်း သက်သက်သာသာနဲ့ ဧည့်သည်တွေကို နေရာချထားရေး ဘယ်လိုလူမျိုးကို ဘယ်လိုဖိတ်သင့်တယ်။

အေးမြတ်သူ တစ်ခု သွားမြင်တာက မြန်မာပြည်မှာက နောက်ပိုင်းမှာ social media ပေါ်လာတဲ့အခါကျ ဖိတ်စာကို လူကိုယ်တိုင် ဖိတ်တာ ရှားသွားပြီ။ အေးမြတ်သူ အဲ့ဒါကို မကြိုက်ဘူး။ ငယ်ငယ်တုန်းက ဆိုရင် မင်္ဂလာဆောင်မယ့် သတို့သားက အိမ်တွေကို ကိုယ်တိုင်သွားပြီး ဖိတ်စာ လိုက်ဖိတ်တာ။ အေးမြတ်သူကတော့ အဲ့ဒါကို ပိုသဘောကျတယ်။ ဆောင်ဖြစ်ရင်လည်း အဲ့လိုမျိုး ရအောင် ကြိုးစားပြီး ဖိတ်မယ်လို့ စဉ်းစားထားတယ်။ အဲ့ဒါက ပိုပြီး နွေးထွေးတယ်။ အခုဟာက အွန်လိုင်းကနေ ဖိတ်တဲ့အခါကျတော့ လာမလား မလာမလား မသိဘဲ နေရာတွေ ဖယ်ထား။ မလာဖြစ်တဲ့ အခါကျတော့ အဲ့နေရာကြီးက လူတွေ မရှိဘူး။ ကိုယ့်မင်္ဂလာပွဲကိုတော့ ဈေးသက်သက်သာသာနဲ့ အခမ်းနားဆုံး ဖြစ်စေချင်တာ။ လက်ဖွဲ့ငွေကိုတော့ အများကြီး ရချင်တယ်။” ဆိုပြီး ပြောပြသွားပါတယ်။

သမီးကောင်း အိမ်ထောင်ရှင်မကောင်း ဖြစ်ချင်တဲ့အကြောင်း အေးမြတ်သူက ခံစားချက်ကို ခုလို ပြောပြပါတယ်။

“အေးမြတ်သူကို မြန်မြန် ယူစေချင်တဲ့သူတော့ မရှိလောက်သေးပါဘူး။ အိမ်က အဖေ အမေကလည်း အိမ်ထောင်ပြုဖို့ တအားကြီး မတိုက်တွန်းသေးဘူး။ မင်္ဂလာဆောင်ချင်ပါတယ်။ ရင်ထဲမှာ အိမ်ထောင်ပြုချင်တဲ့ စိတ်ဆန္ဒအရမ်းရှိပါတယ်။ မိသားစုတစ်ခု ထူထောင်ချင်တယ်ပေါ့နော်။ အိမ်ထောင်ရှင်မကောင်းလည်း ဖြစ်ချင်တယ်။ ဒါပေမဲ့ အဲ့ဒါကလည်း ဖြစ်လာဦးမှ။ စိတ်ဆန္ဒရှိပေမဲ့ ကံမပါလာရင်လည်း ဖြစ်ချင်မှ ဖြစ်မှ။ အေးမြတ်သူကတော့ သမီးနေရာမှာပဲ နေရနေရ အိမ်ထောင်ရှင်မ နေရာမှာပဲ နေရနေရ ကိုယ်အဆင်အပြေဆုံးနဲ့ ကောင်းကောင်းမွန်မွန် ဖန်တီးနေထိုင်သွားချင်တယ်လို့ ပြောချင်ပါတယ်။” လို့ ဆိုပါတယ်။

မမြတ်လေးတစ်ယောက် အမြန်အစွံထုတ်ပြီး အိမ်ထောင်ရှင်မကောင်း ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.