အထူးအဆန်းတွေလုပ်လိုက်ပြန်တဲ့ ဟိန်းမင်းသူ

အထူးအဆန်းတွေလုပ်လိုက်ပြန်တဲ့ ဟိန်းမင်းသူ

ဟိန်းမင်းသူဟာဆိုရင် မကြာခင်နှစ်တွေကမှ ပရိသတ်တွေသတိထားမိလာတဲ့အဆိုတော်အနုပညာရှင်တစ်ဦးဖြစ်ပြီး ကမ္ဘာကျော်အဆိုတော် Justin Bieber နဲ့တူတယ်ရယ်လို့ပရိသတ်တွေရဲ့ဝေဖန်မှုခံထားရတဲ့ အဆိုတော်လည်းဖြစ်ပါတယ်။ နိုင်ငံခြားသားလိုချောမောသန့်ပြန့်တဲ့ရုပ်ရည်ကြောင့် မိန်းကလေးပရိသတ်တော်တော်များများကိုရရှိပိုင်ဆိုင်ထားတဲ့အနုပညာရှင်ဆိုရင်လည်းမမှားပါဘူး။ ဟိန်းမင်းသူဟာ မကြာသေးမီကမှ သင်ဇာဝင့်ကျော်နဲ့ ချစ်သူလို့ထင်ယောင်ထင်မှားဖြစ်စေတဲ့ ဓာတ်ပုံတွေတွဲရိုက်ပြီးပရိသတ်ကိုအသည်းယားစေခဲ့တာလည်းဖြစ်ပါတယ်။

အခုတစ်ခါလည်းဟိန်းမင်းသူက ပရိသတ်တွေကိုအထူးအဆန်းတစ်ခုလုပ်ပြလိုက်ပြန်ပါပြီ။ အဲဒါကတော့ မြို့ထဲ လူစည်ကားထူထပ်တဲ့နေရာတွေလျှောက်သွားပြီး သူ့ကိုသိလားလို့ပရိသတ်တွေကိုလျှောက်မေးခဲ့တာဖြစ်ပါတယ်။ ဟိန်းမင်းသူဟာ မျက်နှာမှာ Mask တပ်ပြီး လူစည်ကားတဲ့နေရာတွေက လူငယ်တွေကို သူ့ကိုသိလားလို့လိုက်မေးတဲ့အပျော်သဘောအစီအစဉ်လေး တစ်ခုပြုလုပ်ခဲ့ပါတယ်။

အဲဒီလိုလုပ်ဖို့ကို Duwun TV က ဟိန်းမင်းသူကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဟိန်းမင်းသူကလည်း ပရိသတ်တွေကိုပျော်စေချင်စိတ်နဲ့ လက်ခံခဲ့တာပါ။ အဲဒီလိုလိုက်မေးရတာဟာ ဟိန်းမင်းသူအတွက်တော့ လွယ်ကူလှတာမဟုတ်ပါဘူး။ အချို့ကတော့ ဟိန်းမင်းသူမေးနေတယ်မှန်းရိပ်မိနေကြပြီး အကန်တွေချည်းပဲပြောလွှတ်နေတာလည်းရှိသလို ရုပ်ဖျက်ထားရင်းနဲ့ အင်တာဗျူးလုပ်လို့ရလားလို့ မေးတာတောင် မရဘူးလို့ဆိုပြီး ထွက်ပြေးတဲ့သူတွေလည်းရှိပါတယ်။ ဒါပေမယ့် ဟိန်းမင်းသူကိုတကယ်သဘောကျတဲ့ပရိသတ်တွေနဲ့လည်းတွေ့ခဲ့ပြီး ပရိသတ်တွေကိုပျော်ရွှင်စေခဲ့တာကြောင့် ဟိန်းမင်းသူလည်းစိတ်ကျေနပ်ခဲ့မယ်ထင်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ဟိန်းမင်းသူရဲ့ video လေးကို ထည့်သွင်းတင်ဆက်ပေးလိုက်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဟိန်းမင်းသူကိုချစ်ကြလား။ ဟိန်းမင်းသူနဲ့ အပြင်မှာရုတ်တရက်ဆုံလိုက်ရရင်ဘယ်လိုမျိုးတုံ့ပြန်ဖြစ်မှာလဲ။ပြောခဲ့ကြပါဦး။

Can’t Wait To Say

Comments are closed.