2019 ထဲမှာပဲ သီချင်းခွေအသစ်ရော ရုပ်ရှင်ရောထွက်မယ်ဆိုတဲ့ ရဲရင့်အောင်

2019 ထဲမှာပဲ သီချင်းခွေအသစ်ရော ရုပ်ရှင်ရောထွက်မယ်ဆိုတဲ့ ရဲရင့်အောင်

ပရိသတ်တွေနဲ့အတော်အတန်ရင်းနှီးပြီး ဟိတ်ဟန်မထုတ်တတ်ပဲ ပရိသတ်တွေကို အပွင့်လင်းဆုံးဆက်ဆံတတ်တဲ့အပြင် တစ်နိုင်င်လုံးက ပရိသတ်တော်တော်များများရဲ့အချစ်ကိုရရှိထားတဲ့ ရဲရင့်အောင်ဟာ အခုနောက်ပိုင်းမှာ Social Media ပေါ်ကနေပုန်းကွယ်ပြီး တိတ်ဆိတ်အေးချမ်းစွာပဲ အလုပ်တွေကြိုးစားနေခဲ့တာကြာပြီဖြစ်ပါတယ်။ ရဲရင့်အောင်ကိုမမြင်တာကြာလို့ လွမ်းနေတဲ့ပရိသတ်တွေကလည်း များစွာရှိနေပါတယ်။ ရဲရင့်အောင်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့သူ့ဘဝမှာဖြစ်သွားခဲ့တဲ့အကြောင်းကိစ္စအချို့အကြောင်းတစ်စေ့တစ်စောင်းပြောပြသွားခဲ့ပါတယ်။

ရဲရင့်အောင်က လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “ဘာတွေလုပ်နေလဲဆိုတော့ ပြီးခဲ့တဲ့လမှာအခွေထွက်ဖို့အတွက် ကျွန်တော်အဲဒီလမတိုင်ခင်ကတည်းက ကြိုးစားနေတယ်။ အဲဒီအချိန်မှာ ကားရိုက်ပေါ်လာတယ်။ ဇာတ်ကားနှစ်ကားရိုက်စရာပေါ့နော်။ အဲဒါရိုက်ဖြစ်လိုက်တယ်။ ရိုက်ဖြစ်လိုက်ပြီးတော့ အခွေဘက်အခုပြန်လှည့်နေတယ်။ဇာတ်ကားကလည်း 2019 ထဲမှာပဲတင်ဖြစ်မယ်ထင်တယ်။ အခွေကလည်း ဒီနှစ်ထဲမှာပဲထွက်မှာလေ”လို့ပြောပြထားပါတယ်။

ပရိသတ်တွေကမတွေ့ရတာကြာလို့လွမ်းနေကြတယ်ဆိုတာကိုတော့ ရဲရင့်အောင်က “အခုလတ်တလောမှာကျွန်တော့်သူငယ်ချင်းတွေကလည်း အနားမှာမရှိဘူး။ အချို့သောအရာတွေကလည်း ပျောက်ဆုံးသွားတယ်။ အဲဒီအတွက် ကျွန်တော် recovery ပြန်လုပ်နေရတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာပြန်ပြုပြင်နေရတယ်။ အဲဒါပါပဲ။ ကျွန်တော် မျောလည်းမမျောဘူး။ အလုပ်မလုပ်တာလည်းမဟုတ်ဘူး”လို့ ပရိသတ်တွေကိုစိတ်ချလက်ချဖြစ်စေမယ့် အေးချမ်းတည်ငြိမ်သန့်စင်တဲ့အပြုံးလေးနဲ့ဖြေကြားထားပါတယ်။

လတ်တလောစိတ်ခံစားချက်ကို Young Yair က “စိတ်ချမ်းသာမှုပေါ့။ ကျွန်တော်စိတ်ချမ်းသာတာပဲလိုချင်တယ်။ ကျွန်တော်စိတ်ချမ်းသာမယ့်အရာလေးတွေလုပ်တယ်။ ကျွန်တော်စိတ်ချမ်းသာမယ့်နေရာမှာနေတယ်။ စိတ်ချမ်းသာမယ့်အရာလေးတွေရှာဖွေတယ်။ အဲဒါပါပဲ”လို့ နွေးထွေးအေးမြတဲ့အပြုံးဖွဖွလေးနဲ့ ပြောပြထားပါသေးတယ်။

အခွေကိုပရိသတ်တွေထက် Young Yair ကတောင်ပိုထွက်ချင်သေးတယ်လို့လည်း “ကျွန်တော့်ပရိသတ်တွေက အခွေမထွက်သေးဘူး။ သီချင်းအသစ်နားမထောင်ရသေးဘူးဆိုပြီးပြောကြတယ်။ တကယ်တမ်းသူတို့ထက်ကျွန်တော်က အမြန်ဆုံးထွက်ချင်ပါတယ်”လို့လည်း အပြစ်ကင်းစင်တဲ့လူငယ်လေးရဲ့ စိတ်အားထက်သန်မှုမျိုးနဲ့ဖြေထားပြီး “ကျွန်တော့်ဘဝထဲမှာ ကြုံတွေ့နေတဲ့အကြောင်းအရာတွေက ကျွန်တော့်ကိုဆွဲချတယ်။ အဲဒါပါပဲ၊ကျွန်တော်အဲ့လောက်ပဲပြောပြချင်တယ်။အခွေအမြန်ဆုံးထွက်မှာပါ”လို့ ပရိသတ်တွေကိုစိတ်မပူအောင် လိုအပ်သလောက်လေးလူကြီးဆန်စွာရင်ဖွင့်ပြောပြထားပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရဲရင့်အောင်ကို ချစ်ကြလား။ရဲရင့်အောင်ရဲ့သီချင်းခွေအသစ်ထွက်လာရင်ရော အားပေးကြမှာလား။ မင်းသားရဲရင့်အောင်နဲ့အဆိုတော်ရဲရင့်အောင် ဘယ်သူ့ကိုပိုချစ်ကြလဲ။ Young Yair ကတော့ ပရိသတ်တွေကို မတူညီတဲ့ရသနှစ်မျိုးပေးချင်တာကြောင့် ရုပ်ရှင်လောကထဲဝင်ရောက်လာခဲ့တာလို့အင်တာဗျူးမှာဖြေခဲ့ဖူးပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.