အျဖစ္မ်ားတဲ့ မေတာ္တဆမႈ။ အပူလာင္ျခင္းအတြက္ အလြယ္တကူ ေဆးေကာင္း၅ခု

အျဖစ္မ်ားတဲ့ မေတာ္တဆမႈ။ အပူလာင္ျခင္းအတြက္ အလြယ္တကူ ေဆးေကာင္း၅ခု

အပူေလာင္ ဒဏ္ရာေတြကို သက္သာေပ်ာက္ကင္းေစမယ့္ နည္းလမ္း ၅ ခု

အပူေလာင္ျခင္းဟာ အျဖစ္မ်ားတဲ့ မေတာ္တဆမႈ တခုျဖစ္ၿပီး ႀကီးႀကီးမားမား အပူေလာင္တာမ်ိဳးမဟုတ္ဘူးဆိုရင္ အိမ္မွာ အလြယ္တကူရွိတဲ့ သဘာဝပစၥည္းေတြနဲ႔တင္ သက္သာေပ်ာက္ကင္းေအာင္ ကုသေပးႏိုင္ပါတယ္။

ဒါေၾကာင့္မို႔လို႔ အပူေလာင္ ဒဏ္ရာေတြကို သက္သာေပ်ာက္ကင္းေစမယ့္ အိမ္တြင္း သဘာဝကုထုံး နည္းလမ္းေတြကို မွ်ေဝေပးလိုက္ပါတယ္။

(၁) ဆီပူေလာင္တာမ်ိဳးပဲ ျဖစ္ျဖစ္ ဒါမွမဟုတ္ ပူေနတဲ့ အရာဝတၳဳတခုခုနဲ႔ ကပ္မိတဲ့အခါမ်ိဳးမွာပဲျဖစ္ျဖစ္၊ အပူေလာင္သြားတဲ့ အေရျပားေနရာေပၚကို ေရခဲေရနဲ႔ ေလာင္းေပးၿပီး အိမ္မွာ အလြယ္တကူရွိတဲ့ သြားတိုက္ေဆး အနည္းငယ္ကို ပြတ္လိမ္း ေပးထားျခင္းအားျဖင့္ အပူေလာင္ျခင္းေၾကာင့္ အရည္ၾကည္ဖုထျခင္းကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

(၂) ပ်ားရည္ဟာ အေသးစား အပူေလာင္ဒဏ္ရာေတြအတြက္ အသင့္ေတာ္ဆုံး သဘာဝပစၥည္းတမ်ိဳး ျဖစ္ပါတယ္။ အပူေလာင္ထားတဲ့ အေရျပားေပၚကို ပ်ားရည္အနည္းငယ္ သုတ္လိမ္းေပးျခင္းအားျဖင့္ အပူေလာင္ျခင္းေၾကာင့္ ခံစားရတဲ့ စပ္ဖ်င္းဖ်င္း ေဝဒနာေတြကို သက္သာေစတဲ့အျပင္ ကူးစက္ပိုးေတြ ဝင္ေရာက္ျခင္းကေနလည္း ကာကြယ္ေပးႏိုင္ပါတယ္။

(၃) အုန္းဆီမွာ ဗီတာမင္အီးနဲ႔ Fatty Acid တို႔ပါဝင္တာေၾကာင့္ အပူေလာင္ျခင္းကို သက္သာေစႏိုင္ၿပီး သံပုရာရည္နဲ႔ အုန္းဆီတို႔ကို ေရာစပ္ၿပီး အပူေလာင္ဒဏ္ရာေပၚ လိမ္းေပးျခင္းအားျဖင့္ အပူေလာင္ဒဏ္ရာေၾကာင့္ က်န္ခဲ့တဲ့ အမာ႐ြတ္ကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

(၄) ႏြားႏို႔မွာ ပ႐ိုတင္းဓာတ္နဲ႔ အဆီဓာတ္ ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ အပူေလာင္သြားတဲ့ အေရျပားကို အနာက်က္ ျမန္ေစမွာ ျဖစ္ပါတယ္။ အပူေလာင္ထားတဲ့ အေရျပားေပၚကို ႏြားႏို႔နဲ႔ ေသခ်ာစြာေဆးေၾကာ သန႔္စင္ေပး႐ုံနဲ႔ အေရျပားကို ေအးျမေစၿပီး ေရဓာတ္ျပည့္ေနေစမွာ ျဖစ္ပါတယ္။

(၅) ရွာလကာရည္မွာ ပါဝင္တဲ့ Ascetic Acid ဟာ အပူေလာင္ျခင္းေၾကာင့္ ေရာင္ရမ္းျခင္း၊ နာက်င္ျခင္းနဲ႔ အရည္ၾကည္ဖု ထျခင္းတို႔ကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ အပူေလာင္ထားတဲ့ အေရျပားကို ရွာလကာရည္ အနည္းငယ္ ေလာင္းခ်ေပးၿပီး ေရေအးေအးနဲ႔ ျပန္လည္ ေဆးေၾကာေပး႐ုံနဲ႔ သက္သာေပ်ာက္ကင္းေစမွာ ျဖစ္ပါတယ္။

Ref : www.ba-bamail.com

Credit – ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)

အပူလောင် ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်း ၅ ခု

အပူလောင်ခြင်းဟာ အဖြစ်များတဲ့ မတော်တဆမှု တခုဖြစ်ပြီး ကြီးကြီးမားမား အပူလောင်တာမျိုးမဟုတ်ဘူးဆိုရင် အိမ်မှာ အလွယ်တကူရှိတဲ့ သဘာဝပစ္စည်းတွေနဲ့တင် သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။

ဒါကြောင့်မို့လို့ အပူလောင် ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေမယ့် အိမ်တွင်း သဘာဝကုထုံး နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ဆီပူလောင်တာမျိုးပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ပူနေတဲ့ အရာဝတ္ထုတခုခုနဲ့ ကပ်မိတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ အပူလောင်သွားတဲ့ အရေပြားနေရာပေါ်ကို ရေခဲရေနဲ့ လောင်းပေးပြီး အိမ်မှာ အလွယ်တကူရှိတဲ့ သွားတိုက်ဆေး အနည်းငယ်ကို ပွတ်လိမ်း ပေးထားခြင်းအားဖြင့် အပူလောင်ခြင်းကြောင့် အရည်ကြည်ဖုထခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၂) ပျားရည်ဟာ အသေးစား အပူလောင်ဒဏ်ရာတွေအတွက် အသင့်တော်ဆုံး သဘာဝပစ္စည်းတမျိုး ဖြစ်ပါတယ်။ အပူလောင်ထားတဲ့ အရေပြားပေါ်ကို ပျားရည်အနည်းငယ် သုတ်လိမ်းပေးခြင်းအားဖြင့် အပူလောင်ခြင်းကြောင့် ခံစားရတဲ့ စပ်ဖျင်းဖျင်း ဝေဒနာတွေကို သက်သာစေတဲ့အပြင် ကူးစက်ပိုးတွေ ဝင်ရောက်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၃) အုန်းဆီမှာ ဗီတာမင်အီးနဲ့ Fatty Acid တို့ပါဝင်တာကြောင့် အပူလောင်ခြင်းကို သက်သာစေနိုင်ပြီး သံပုရာရည်နဲ့ အုန်းဆီတို့ကို ရောစပ်ပြီး အပူလောင်ဒဏ်ရာပေါ် လိမ်းပေးခြင်းအားဖြင့် အပူလောင်ဒဏ်ရာကြောင့် ကျန်ခဲ့တဲ့ အမာရွတ်ကို ပျောက်ကင်းစေနိုင်ပါတယ်။

(၄) နွားနို့မှာ ပရိုတင်းဓာတ်နဲ့ အဆီဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အပူလောင်သွားတဲ့ အရေပြားကို အနာကျက် မြန်စေမှာ ဖြစ်ပါတယ်။ အပူလောင်ထားတဲ့ အရေပြားပေါ်ကို နွားနို့နဲ့ သေချာစွာဆေးကြော သန့်စင်ပေးရုံနဲ့ အရေပြားကို အေးမြစေပြီး ရေဓာတ်ပြည့်နေစေမှာ ဖြစ်ပါတယ်။

(၅) ရှာလကာရည်မှာ ပါဝင်တဲ့ Ascetic Acid ဟာ အပူလောင်ခြင်းကြောင့် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနဲ့ အရည်ကြည်ဖု ထခြင်းတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။ အပူလောင်ထားတဲ့ အရေပြားကို ရှာလကာရည် အနည်းငယ် လောင်းချပေးပြီး ရေအေးအေးနဲ့ ပြန်လည် ဆေးကြောပေးရုံနဲ့ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

Ref : www.ba-bamail.com

Credit – ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

Comments are closed.