ဒါရိုက်တာကိုပေါက်တစ်ယောက် ဘဝမှာဘယ်တော့မှ မမေ့နိုင်တော့မယ့် နေ့တစ်နေ့

ဒါရိုက်တာကိုပေါက်တစ်ယောက် ဘဝမှာဘယ်တော့မှ မမေ့နိုင်တော့မယ့် နေ့တစ်နေ့

Line Walker 2 ဟောင်ကောင်ရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံမှာ ရက်အတော်ကြာလာရောက်ရိုက်ကူးနေကြပြီးတော့ ဒီရိုက်ကွင်းကို အနုပညာရှင်များ၊ ဒါရိုက်တာအချို့တွေ သွားရောက်လေ့လာခဲ့ကြပါတယ်။ နည်းပညာမြင့်မားမှုတွေ၊ pre production ကိုစနစ်တကျ အချိန်ပေးလုပ်ထားခြင်းတွေဟာ မြန်မာ့ရုပ်ရှင်လောကအတွက် အတုယူစရာကောင်းတဲ့ စံနမူနာလေးတွေလည်းဖြစ်ခဲ့ပါတယ်။

ဒီရိုက်ကွင်းကို ဒါရိုက်တာကိုပေါက်တစ်ယောက် နေ့စဉ် ရက်မပြတ် သွားရောက်လေ့လာခဲ့တာဖြစ်ပါတယ်။ ဒီနေ့လေးကတော့ သူ့ရဲ့ မျှော်လင့်ချက်တွေပြည့်ဝခဲ့ရပြီး တသက်မမေ့နိုင်တော့တဲ့ နေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်။ Line Walker 2 ရဲ့ ဒါရိုက်တာဖြစ်တဲ့ Jazz Boon နဲ့အတူ မအားလပ်တဲ့ကြားက ဓာတ်ပုံလေးတစ်ပုံတွဲရိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်မျှော်လင့်သောနေ့” ရီဟာဇယ်လုပ်တဲ့ ဘားလမ်းကနေစပြီး အဓိကသရုပ်ဆောင်တွေရိုက်ပြီးသွားတဲ့ ဒီနေ့အထိ နေ့တိုင်း နေ့တိုင်း Line walker lol ကို လေ့လာနေခဲ့တာ အတွေးစတွေလည်း အများကြီးရပါတယ်။ ပညာတွေလည်းတိုးပါတယ်။ နည်းစနစ်တွေလည်း လက်လှမ်းမှီသလောက် ရပါတယ်။ အချိန်ပေးရကျိုးနပ်သလို ကမ္ဘာကျော်ဒါရိုက်တာ Jazz boon နဲ့ အမှတ်တရဓါတ်ပုံတွဲရိုက်ရဖို့ ကလည်း ကျွန်တော့်ရဲ့အိပ်မက်တစ်ခုပါ။ သူတို့တွေ အရမ်းအလုပ်ရှုပ်နေချိန်မှာ ကိုယ့်ကြောင့် အနှောက်အယှက်ဖြစ်မှာ စိုးတယ်။ အလိုက်မသိတဲ့ လူတစ်ယောက်ဖြစ်မှာစိုးလို့ ဓါတ်ပုံရိုက်ဖို့ ကြိုးစားတာတွေဟာ နေ့တိုင်းနေ့တိုင်း ပျက်ခဲ့ရတယ်။ ဒီနေ့တော့ ကျွန်တော်တောင့်တခဲ့တဲ့ စိတ်အဟာရ တစ်ခုပြည့်စုံခဲ့ပါပြီ။ သူနဲ့တွဲပြီး ဓါတ်ပုံရိုက်ပြီးချိန်မှာ ကျွန်တော်အရမ်းပျော်နေ ပါတယ်။ သူများတွေအတွက်တော့ ဒီကိစ္စဟာ အထူးအဆန်းဟုတ်ချင်မှ ဟုတ်မယ်၊ ကျွန်တော့အတွက်တော့ ဖြတ်သန်းခဲ့သမျှေ တွထဲမှာ ဘယ်တော့မှေ မ့လို့မရမယ့်နေ့တွေထဲက တစ်ခုဖြစ်လို့နေမှာပါ လို့ ရေးသသားထားပါတယ်။Thank you #Jazz Boon ” လို့ သူ့ရဲ့လူမှုကွန်ယက်အကောင့်ကနေပြီး ရေးသားထားတာဖြစ်ပါတယ်။

အခြားလူတွေအတွက်တော့ အထူးအဆန်းဟုတ်ချင်မှ ဟုတ်ပေမယ့် တန်ဖိုးထား ရသူတစ်ယောက်အတွက်တော့ ဒီဓာတ်ပုံတစ်ပုံလေးဟာလည်း တသက်မမေ့နိုင်စရာဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ  ရိုက်ကူးခဲ့တဲ့ ဒီ Line Walker 2 ရုပ်ရှင်ဇာတ်ကားဟာလည်း မြန်မာပရိသတ်တွေကြား လက်ရှိအချိန်မှာတည်းကပင် ရေပန်းစားနေပြီဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.