အသက် (၂၈) နှစ်အရွယ် ဘုရားအလောင်းဆိုသူကို သာသနာရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က စတင်စစ်ဆေး

အသက် (၂၈) နှစ်အရွယ် ဘုရားအလောင်းဆိုသူကို သာသနာရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က စတင်စစ်ဆေး

ဘုရားအလောင်း သာသနာရေးအဖွဲ့ နဲ့ ရဲတပ်ဖွဲ့ ရဲ့ စစ်ဆေးခြင်း ခံနေရ ။ ၂၀၀၅ ခုနှစ်ကစပြီး ကမ္ဘာသိလာတဲ့ နိပေါနိုင်ငံ ဘုရားအလောင်းဟု လူသိများသူ Ram Bahadur Bomjan ရမ်ဘဟာရာ ဘွမ်ကျန် အသက် ၂၈ နဲ့  သူ့ ရဲ့  နောက်လိုက်တွေကို ရဲတပ်ဖွဲ့ က အမျိုးသမီးနဲ့  သီလရှင် တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့  စုံစမ်းစစ်ဆေး နေပြီလို့  နိပေါနိုင်ငံဆိုင်ရာသတင်းတွေမှာဖေါ်ပြနေပါတယ်။

တောထဲမှာတစ်လတာ ရေနဲ့ အစာမစားဘဲ တရားကျင့်နေကြတဲ့ အမျိုးသမီးအနည်းဆုံး ၁၂ ဦးရဲ့  တိုင်းတန်းချက်တွေကြောင့် ခုလိုစစ်ဆေးနေတာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် သီလရှင် တပါးကိုတော့ သူ့ ရဲနောက်လိုက်တဦးက လူရှင်းတဲ့တောထဲခေါ်သွားပြီး မုဒိမ်းကျင့်ခဲ့တယ်လို့  ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်မှာဖေါ်ပြထားပါတာပါ။

ဘာသာတိုင်း လူမျိုးတိုင်းမှာ လူကောင်း လူယုတ်မာ ဘာသာရေး ဟန်ပြ စီးပွားရှာ လိမ်လည်နေသူတွေ ကိုယ်ကျင့်တရာဖေါက်ပြန်နေသူတွေ အများအပြားရှိနေပါတယ်။လွန်ခဲ့တဲ့နှစ် ၃၀ ခန့်က မြန်မာနိုင်ငံကျေးရွာ အနှံ့အပြားမှာ ဘုန်းကြီးအတုတွေ ဘိုးတော်လိမ်တွေက (၉)န၀င်း သုသာန် တရားစခန်းထိုင်တာခေတ်စားခဲ့ပါသေးတယ်။

ယုံကြည်ပြီးနောက်ကလိုက် တရားစခန်းဝင်တဲ့ တကာမတွေ (၉)သချီ င်္ုင်းမပြည့်သေးခင် ကိုယ်ဝန်ရ သွားခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်၊ ယုံကြည်လွန်တဲ့ လူတွေကတော့ ခုလို သမီးဖြစ်သူ အမည်မဖေါ်နိုင်တဲ့ ကိုယ်ဝန်ကို ဘိုးတော်လက်ဆောင် အဘဘုန်းရဲ့ ကိုယ်ပွားပေးတာလို့ တောင် ဂုဏ်ယူနေကြပါသေးတယ်။ဘာသာရေးကို သန့် ရှင်းအောင် လုပ်နိုင်တာကတော့ တရားဥပဒေ နဲ့  သာသနာစောင့်ထိမ်းကြတဲ့သူတွေရဲ့  စောင့်ကြည့်စစ်ဆေး အရေးယူပေးရပါတယ်။

ထိုင်းနိုင်ငံမှာ ဘိုးတော် နဲ့  ဘုန်ကြီးလိမ်တွေ ဆေးစွဲသံဃာ တကာမနဲ့  လိင်ဆက်ဆံ နေသူတွေကို စစ်တပ်-ရဲ-သာသနာရေး အဖွဲ့တွေပေါင်းပြီး မျက်နှာမထောက် တမ်း အရေးယူပါတယ်။ စီပွားရေးလုပ်နေတဲ့ သာသနာ့ ဂိုဏ်းချုပ်တွေတောင် နိုင်ငံကထွက်ပြေးရပါတယ်။ဘုန်းကြီးကျောင်းတွေမှာ မူးယစ်ဆေးသုံးမသုံး ဆီးစစ် နေသလို တချို့ရာဇ၀တ်သားတွေ ဟာ ဘုန်းကြီးဝတ်နဲ့  ပုန်းနေတာတွေကိုလည်း လိုက်လံ စစ်ဆေးနေတာတွေ့ ရပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.