မင်္ဂလာ​နေ့မြတ်လေးမတိုင်ခင် မိတ်ဆွေတစ်ဦးဆီကနေ ထင်မှတ်မထားတဲ့ လက်ဖွဲ့ပစ္စည်းလေးကိုခဲ့လို့ ဝမ်းသာ ကြည်နူးစွာ ထုတ်ပြလာတဲ့ မောင်နဲ့ ရီရီပွင့်ဖြူ

မောင် နဲ့ ရီရီပွင့်ဖြူ တို့ချစ်သူနှစ်ဦးကတော့ မကြာခင်မှာ ချစ်သူဘဝကနေ တစ်ဆင့်တက်ပြီး ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို ထူထောင် တော့ မှာ ဖြစ်ပါတယ်။ ချစ်သူဘဝကို တစ်ယောက်ကိုတစ်ယောက် သစ္စာရှိပြီး မပြောင်းလဲတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်လကြာရှည်စွာ ဖြတ်သန်းလာခဲ့တာ ဖြစ်ပါတယ်။ နှစ်ယောက်လုံးကလည်း စိတ်တူကိုယ်တူတွေဖြစ်ပြီး ပျော်ပျော်ပါးပါး နေတတ်တဲ့သူတွေ ဖြစ်တာကြောင့် ပရိသတ်တွေကလည်း ချစ်ခင်အားကျနေရတာပါ။

ဒီလိုချစ်ခင်အားကျရတဲ့ ချစ်သူနှစ်ဦးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ နှစ်ဦးသဘောတူ လက်ထပ်တော့မယ်လို့ ပရိသတ်တွေကို အသိပေး ထားခဲ့ ပြီဖြစ်ပါတယ်။ လတ်တလောမှာ မောင်နဲ့ ရီရီပွင့်ဖြူ တို့ဟာ လက်ထပ်ဖို့အတွက် စီစဥ်ဆောင်ရွက်နေကြပြီး မကြာခင်မှာ ကြည်နူးစရာ မင်္ဂလာလက်ထပ်ပွဲလေးကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ယခုမှာတော့ မောင်တို့ချစ်သူနှစ်ဦးဟာ မင်္ဂလာ​နေ့မြတ်လေးမတိုင်ခင် လက်ဖွဲ့ပစ္စည်းလေးရခဲ့တာကို ကြည်နူးစွာ ဖော်ပြလာတာ တွေ့ရ ပါတယ်။ ဒီလက်ဖွဲ့လေးကတော့ မွန်ရိုးရာ ဟင်္သာ​မောင်နှံ ပန်းပု ရုပ်​လေးဖြစ်ပြီး အဝေးရောက်နေတဲ့ မိတ်ဆွေတစ်ဦးက ကြိုတင်လက်ဖွဲ့ ပေးခဲ့တာ ဖြစ်ပါတယ်။ မွန်ရိုးရာ ဟင်္သာ​မောင်နှံ ပန်းပု ရုပ်​လေးကို လက်ဖွဲ့ရခဲ့လို့လည်း မောင်တို့ချစ်သူနှစ်ဦးက ပျော်ရွှင်နေရတာ ဖြစ် ပါတယ်။

သတင်းအရင်းအမြစ်៖ Source – SEIN PHYO & YI

Advertisement

[zawgyi]

CeleGabar ပရိသတ်ကြီးရေဆုမွန် ကတော့ မြန်မာနိုင်ငံရဲ့အောင်မြင်တဲ့ အစီအစဉ်တင်ဆက်သူတွေထဲကတစ်ဦးပါ။ မင်း သမီးေ တွ နီးနီးကို ယောကျာ်းလေးပရိသတ်တွေရဲ့ ဝန်းရံခြင်းခံရသူတစ်ယောက်လို့ဆိုရမှာပါ။ အစီအစ ဉ်တော်တော်များမှာပါဝင်တင်ဆက်ပြီး ချစ်စရာကောင်းတဲ့အမူအရာလေးတွေအမြဲပြုလုပ်တတ်သူလေးလည်ြး ဖစ်ပါတယ်။

မကြာသေးမီကလည်းOnlineပေါ်ကနေ ချစ်တဲ့သူနဲ့စေ့စပ်ကြောင်းလမ်းခြင်းကိုအကြီးအကျယ်ပြုလုပ်ခဲ့ကာ မြင်သူတိုင်းအားကျရလော က်အောင်အချစ်ခံရသူလေးပါ။ဒီနေ့မှာလည်း” စေ့စပ်ခြင်း ၁ လပြည့် အတွက်အဝေးရောက် ဦးလင်းလွန်းရဲ့ Surprise 🤍Happy One Month Anniversary ပါငယ် ချစ်ရပါသော ငယ့်ကို ရေ 😘”ဆိုတဲ့စာလေးနဲ့ အတူ အမှတ်တရပန်းစည်းလေးကို အဝေးကနေတကူးတ ကပို့ပေးခဲ့ကြောင်းပြောပြခဲ့တာပါ။

Long Distance Relationship ဖြစ်ပေမယ့် မြင်သူတိုင်းအားကျရလောက်အောင်အချစ်ခံရကာ ရိုမန့်တစ်ဆန်တဲ့ချစ်သူကိုပိုင်ဆိုင်ထားတဲ့ ဆုမွန်ကတော့ တကယ်ကို အားကျစရာ​မိန်းကလေးတစ်ယောက်ပါပဲနော်။ CeleGabarပရိသတ်တွေလည်း ဆုမွန်ရဲ့အချစ်ရေး ကံကောင်း မှုကို အသိမှတ်ပြုရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Advertisement

Koe-CeleGabar
Source – SuMon

Be the first to comment

Leave a Reply

Your email address will not be published.


*