နုနယ်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ မင်းမော်ကွန်းက ဒီနေ့မှာ အသက်(၄၀) ပြည့်သွားခဲ့ပါပြီ။

နုနယ်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ မင်းမော်ကွန်းက ဒီနေ့မှာ အသက်(၄၀) ပြည့်သွားခဲ့ပါပြီ။

ဒီနေ့(ဖေဖော်ဝါရီ၂၆ရက်)က သရုပ်ဆောင် မင်းမော်ကွန်းရဲ့ အသက်(၄၀) ပြည့် မွေးနေ့ဖြစ်ပါတယ် ။ မင်းမော်ကွန်းဟာ အသက်(၄၀)အရွယ်ရှိနေတာတောင် သားသမီးတွေနဲ့ ယှဉ်လိုက်ရင် မောင်နှမလို့တောင် အထင်ခံရသူပါ။ သူ့ရဲ့ နုနယ်တဲ့ မျက်နှာကြောင့် ပရိသတ်တွေက မအိုဆေး စားထားလားလို့တောင် မှတ်ချက်ပေးခြင်း ခံရသူလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူက အသက်(၄၀) တိတိပြည့်လို့သွားခဲ့ပါပြီ။

အသက်(၄၀) မှာ ဘဝစတဲ့ဆိုတဲ့အတိုင်း မင်းမော်ကွန်းကလည်း ယခုလို ပြောထားပါသေးတယ်။ “ဘဝစပြီဗျ ၄၀ ပြည့်တဲ့နေ့” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၂၆) ရက်နေ့က ရေးသားထားတာပါ။ မင်းမော်ကွန်းရဲ့ မွေးနေ့မှာလည်း အနုပညာမောင်နှမတွေ သူငယ်ချင်းအပေါင်းအသင်းတွေက မွေးနေ့ဆုတောင်းတွေ တောင်းပေးထားကြတာလည်း တွေ့ရပါတယ်။  

မင်းမော်ကွန်းက လက်ရှိမှာ သားသမီးတွေ အချိန်ပေးရင်းနဲ့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ သားသမီးတွေနဲ့ သူနဲ့ ဆက်ဆံရေးကလည်း သူငယ်ချင်းလိုပါပဲတဲ့။

‘’ ကျွန်တော် တို့က သူငယ်ချင်းလိုပဲ ပေါင်းတာပါ။ သားနဲ့ သမီးက အနုပညာအလုပ်တွေလည်း လုပ်ထားတာဖြစ်တဲ့အတွက် သူတို့ ဝါသနာပါတဲ့ လမ်းကြောင်းကိုတော့ မှန်မှန်ကန်ကန်ရွေးချယ်စေချင်ပါတယ်’’ လို့ ‘’လေးပါးကျော့ရှိန် ဝရဇိန်’’ ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo : မင်းမော်ကွန်း

Comments are closed.