နှုတ်ခမ်းမွေးနဲ့ ဂါဝန် ဝတ်ရတဲ့ အကြောင်းကို ဖြေရှင်းတဲ့ ဥက္ကာမင်းမောင်

နှုတ်ခမ်းမွေးနဲ့ ဂါဝန် ဝတ်ရတဲ့ အကြောင်းကို ဖြေရှင်းတဲ့ ဥက္ကာမင်းမောင်

မော်ဒယ်လုပ်နေရာကနေပြည်ပကိုထွင်သွားပြီး မြန်မာပြည်ပြန်လာတုန်းမှာ ရုပ်ရှင်တွေရိုက်ကူးသွားတဲ့သရုပ်ဆောင် ဥက္ကာမင်းမောင် ဟာဆိုရင်တော့ အခုသူရိုက်ခဲ့တဲ့ရုပ်ရှင်တစ်ကားဖြစ်တဲ့ ဝက်ဝက်ကွဲအောင်ပွင့်ဆိုတဲ့ LGBTဇာတ်ကားကြီးသူမှာ သူနှုတ်ခမ်းမွေးကြီး နဲ့ ဂါဝန်ဝတ်ရတဲ့အကြောင်းကို ပြောပြထားပါတယ်။ အဲ့ဒီလိုပြောပြတဲ့အကြောင်းကို ပြောချင်လွန်းလို့ပရိသတ်ကြီးတွေသိရအောင်ပြောပြခဲ့ပါတယ်။

ဒီဇာတ်ကားရဲ့ဇာတ်ကောင်တွေရဲ့ဖက်ရှင်တွေက ဘယ်လောက်ထိအောင်ပွင့်လဲပြောရင်တော့ ကျွန်တော်တောင် နှုတ်ခမ်းမွေးကြီးနဲ့ဂါဝန်ကြီးဝတ်ထားရတာက အရွဲ့တိုက်တဲ့ဇာတ်ဝင်ခန်းမို့ပါ။မိန်းမလိုဝတ်ထားတာလည်းတစ်ခန်းပဲပါတာတကယ်က ။ ဒါပေမယ့်ကိုရန်လေးရဲ့ဖက်ရှင်အနေနဲ့ပြောရရင်တော့ကျွန်တော့တစ်ဦးတစ်ယောက်တည်းအတွက်က အဆန်းမဟုတ်ဘူး။ဒီနိုင်ငံမှာဆိုတွေ့နေမြင်နေတာပဲအဲ့ဒီလိုဝတ်နေစားနေကြတာ။ လမ်းမှာဒီအတိုင်းလျှောက်သွားနေကြတာ နယူးယောက်မှာမှာဆိုလဲအများကြီးပဲ အဲ့ဒီလိုမျိုးဝတ်ပြီးတော့ အစမ်းပြပြီးလျှောက်သွားတဲ့လူတွေရှိတယ်။ Gay Pride တွေမှာဆိုလည်းဝတ်ချင်တာတွေဝတ်ကြတာ။နောက်ပြီးတော့ Fire Island ဆိုတာရှိတယ် ဗဟုသုတအနေနဲ့ပြောပြတာပါ နယူးယောက်မှာ Fire Island ဆိုတဲ့ကျွန်းရှိတယ်။

ကျွန်းမှာ Pine ဆိုတဲ့Section ရယ် Cherry Grove ဆိုတဲ့Sectionရယ်ရှိတယ်။ Cherry Grove ကကျ Lesbianတွေ ကျွန်းတစ်ခုလုံးLesbianတွေချည်းပဲ ။ Pine ကကျGay တွေချည်းပဲ Gay တွေရဲ့Section ပေါ့နော်။ အဲ့ဒီမှာGay အပန်းဖြေတဲ့နေရာမှာ ဘန်ဂလိုတွေရှိတယ် ၊ ဘားတွေရှိတယ်၊ ကလပ်တွေရှိတယ်စားသောက်ဆိုင်တွေရှိတယ်။ အဲ့ဒီကျွန်းမှာဆိုသူဝတ်ချင်တာတွေဝတ်ပြီးသွားနေကြတာပဲ။ သွားနေရင်တွေ့နေတာပဲ နောက်ဆိုရင် Travel Blogger အနေနဲ့LGBTBlogger အနေနဲ့ပြပါ့ဦးမယ် ဗဟုသုတအနေနဲ့ပေါ့။ မြန်မာတွေအမြင်မှာကျ ကိုရန်လေးဝတ်ထားကြီးကအဆန်းကြီးဖြစ်နေတာ ပေါ့နော်။ ချစ်တဲ့သူတွေကျတော့လည်း ကိုရန်လေးအဲ့လိုဝတ်ထားတာသဘောကျကြတယ် ချစ်ကြတယ်။ပြင်ဆင်ပေးတဲ့လူတွေကလည်း ကိုရန်လေးကိုချစ်တဲ့စိတ်နဲ့ပြင်ဆင်ပေးခဲ့တာ။ဒါပေမယ့် LGBTတွေအမြင်ကျတော့လည်း သူတို့အပြစ်မဟုတ်ပါဘူး ။ သူ့ကGayတွေကိုဟာသအနေနဲ့လှောင်ထားတယ် ဒီလိုမျိုးဘယ်သူမှအပြင်မှာမဝတ်ဘူးဆိုပြီးတော့ပြောနေကြပါတယ် ။

အဲဒီလိုဝတ်တဲ့လူတွေရှိပါတယ်။ မသိသေးလို့နေမှာပါ။ ပြီးတော့ဒီဇာတ်ကောင်ရဲ့ကာရိုက်တာ ကိုရန်လေးရဲ့ကာရိုက်တာက ဒီဇိုင်နာ အောင်မြင်တဲ့ဒီဇိုင်နာ သူဝတ်ချင်တာသူဝတ်မယ် သူလုပ်ချင်တာသူလုပ်မယ် ဒါက သူ့ရဲ့လွတ်လပ်ခွင့် ဇာတ်ကောင်ရဲ့လွတ်လပ်ခွင့်နဲ့သူရဲ့ဆုံးဖြတ်ပိုင်ခွင့်ပေါ့။ သူဒီဇာတ်ကောင်ထဲမှဈာန်ဝင်သွားလို့အပြင်မှာထသွားထလာ ဝတ်ချင်တာဝတ်မယ် ဒါက သူရဲ့ဇာတ်ကောင်စရိုက်ကိုက ဒီလိုမျိုးဖြစ်နေတာဆိုတော့ ကျွန်တော်ဒါကိုတော့လက်ခံတယ်။ အဲ့ဒါအပေါ်မှာလည်းပြောစရာမရှိပါတယ်။ဒီအဝတ်အစားနဲ့ပါတ်သတ်ပြီးပရိသတ်တွေဝေဖန်နေကြတာတွေလည်းတွေ့ရပါတယ်။ဘယ်လိုပဲဖြစ်နေဖြစ်နေ ဒါတွေက Googlec ကြည့်လိုက်ရင်တော့ တွေ့မှာပါ။ ဒီGay Pride တွေ တစ်ကမ္ဘာလုံးမှာရှိတဲ့Gay pride တွေရှိတယ် Gay Festival တွေရှိတယ်။ အဲ့ဒီမှာအဆန်းအပြားတွေက ပေါင်းစုံ အဝတ်စားပုံစံတွေကပေါင်းစုံရှိပါတယ်။ အဲ့တာတွေကိုလည်းလေ့လာစေချင်ပါတယ်။ ဒီဖက်ရှင်လေးပေါ်မှာတော့ကွက်ပြီးတော့မပြောစေချင်ဘူးခင်ဗျ။ဆိုပြီးပြောပြသွားခဲ့ပါတ

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.