ချစ်ခင်ပွန်းကို စိတ်ကောက်နေတာတောင် ပိုစ့်ပေးမပျက်တဲ့ ရွှေမှုန်ရတီ

ချစ်ခင်ပွန်းကို စိတ်ကောက်နေတာတောင် ပိုစ့်ပေးမပျက်တဲ့ ရွှေမှုန်ရတီ

မြန်မာနိုင်ငံရဲ့ နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်မင်းသမီးတွေထဲကတစ်ယောက်ဖြစ်တဲ့ ရွှေမှုံရတီကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ နိုဝင်ဘာလအစောပိုင်းမှာ အဆိုတော် ရွှေထူးနဲ့ မင်္ဂလာဆောင်သွားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာတော့ ရွှေစုံတွဲဆိုပြီးတော်တော်လေးလည်း ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့ပါတယ်။

 

သူတို့နှစ်ယောက်ကတော့ လက်ထပ်ပြီးတဲ့နောက်မှာ ဥရောပကို ရက်တော်တော်ကြာ ဟန်းနီးမွန်းခရီး ထွက်သွားခဲ့တာဖြစ်ပါတယ်။ ရွှေမှုံရတီနဲ့ ရွှေထူးတို့ကတော့ ပရိသတ်တွေအားကျလောက်အောင် ကြည်နူးစရာကောင်းတဲ့ နှစ်ယာက်သားပုံရိပ်တွေကို ဖေ့စ်ဘုတ်ပေါ်မှာလည်း ပြန်လည်မျှဝေခဲ့ကြပါတယ်။ ဒီကနေ့မှာတော့ ရွှေမှုံရတီက “စိတ်ကောက်ရင်း ပဲများနေသော ကျွန်မ😁photo by my husband ချော့နေရင်းသူရိုက်ထားသောsnap များ”  ဆိုပြီးတော့ ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

စိတ်ကောက်နေတာတောင် ပိုစ့်ပေးမပျက်တဲ့ ပရိသတ်အချစ်တော် မင်းသမီးလေး ရွှေမှုံရတီရဲ့ ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ရွှေမှုံရတီနဲ့ ရွှေထူးတို့ကတော့ သူတို့ရဲ့ ပျော်ရွှင်စရာ ဟန်းနီးမွန်းခရီးလေးကနေ ပြန်ရောက်နေတာဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်ပြုလုပ်နေပြီဖြစ်ပါတယ်။ ရွှေစုံတွဲရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

Source: Shwe Hmone Yati

Comments are closed.