ချစ်စရာ Tik Tok ဗီဒီယိုဖိုင်ကို ဝေမျှလိုက်တဲ့ “ပျားရည်အိုင်” မင်းသမီးလေး မေမီကိုကို

ချစ်စရာ Tik Tok ဗီဒီယိုဖိုင်ကို ဝေမျှလိုက်တဲ့ “ပျားရည်အိုင်” မင်းသမီးလေး မေမီကိုကို

လက်တလောမှာတော့ ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးရေပန်းစားနေတဲ့ MRTV 4 ဇာတ်လမ်းတွဲလေး တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ “ပျားရည်အိုင်” ဆိုတဲ့ ဇာတ်လမ်းတွဲလေးပါ။ တကယ့်ကို ဇာတ်အိမ်ကောင်းကောင်း နဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပြီး ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း သူတို့ကျရာ ဇာတ်ရုပ်ကို အပိုအလိုမရှိ သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ သေချာပေါက် ကြည့်ရှုအားပေးသင့်တဲ့ ဇာတ်ကားကောင်းလေးပါ။ အခုဆိုရင်တော့ မေမီကိုကို အပါအ၀င် “ပျားရည်အိုင်” ထဲက သရုပ်ဆောင်တွေဟာ ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားနေပါတယ်။

 

“ပျားရည်အိုင်” မှာတော့ မင်းသမီးချောလေး မေမီကိုကိုက “မြိုင်” ဆိုတဲ့ နေရာကနေ သရုပ်ဆောင်ထားပါတယ်။ သူများ အိမ်ထောင်ရေးကို ဖျက်စီး ကိုယ်လိုချင်တာကို အရယူ၊ အတ္တမာနတွေ ဖုံးလွှမ်းနေတဲ့ သူမရဲ့ သရုပ်ဆောင်ချက်တွေကို တော့ ပရိသတ်တွေ အရမ်းကို သဘောကျနှစ်ခြိုက်နေကြပါတယ်။ “ပျားရည်အိုင်” ထဲက “မြိုင်” ဆိုတဲ့ မေမီကိုကို ကတော့  သူမရဲ့ fb မှာ ဒီဇင်ဘာ (၅)ရက်နေ့က Tik Tok ဗီဒီိယိုဖိုင်လေး တစ်ခု တင်ထားပါတယ်။ “သီချင်းလေးကြိုက်လို့သာပေါ့….တစ်ယောက်တည်း ဒွန့်တာ ရှက်တာပေါ့” ဆိုပြီး တင်ထားပါတယ်။

သီချင်းလေးကြိုက်လို့သာပေါ့….တစ်ယောက်တည်းဒွန့်တာ ရှက်တာပေါ့😁😁😍😘

Posted by May Mi Ko Ko on Tuesday, December 4, 2018

မေမီကိုကိုကတော့ Tik Tok ဗီဒီိယိုဖိုင်လေး မတင်ခင်က ကလောမှာ ရိုက်ထားတဲ့ ပုံလှလှလေးတွေကိုလည်း  ဝေမျှ ထားပါသေးတယ်။ “ကလောရေ….မင်းရဲ့အလှလေးမှာ ရုန်းမထွက်ချင်ပဲ ရုန်းထွက်ရပြီ….ပြန်ဆုံမယ်နော် ….” ဆိုပြီး တင်ထားတာပါ။
ဘ်ာဒီကြွက်သားတွေကို ထုတ်ကြွားလိုက်တဲ့ ဂျက်စတင်ဘီဘာ

” ပျားရည်အိုင် ..” ဇာတ်လမ်းတွဲလေးကတော့ စာရေးဆရာမကြီး ဒေါ်ခင်နှင်းယုရဲ့ ၀တ္ထု “ပျားရည်အိုင် ” ဆိုတဲ့ ၀တ္ထုကို  ဒါရိုက်တာ ဟိန်းစိုးက ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူး အသက်သွင်း ပုံဖော်ထားတာပါ။ မြိုင် အဖြစ် မေမီကိုကို၊  ကိုတင်ဖေ အဖြစ် အောင်ရေချမ်း၊ မြညို အဖြစ် မေသူသူဇင်.. တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။ တခြားသရုပ်ဆောင်တွေ အနေနဲ့ကတော့ ဇင်ဝိုင်း၊ ဇော်ဦး၊ မေသဉ္ဇာဦး၊ လှမျိုးသဉ္ဇာနွယ်၊ ဘုန်းရှိန်ခန့်၊ ရှင်မွေလ၊ ဟိန်းမင်းသူ၊ ဖြိုးရာဇာနိုင်၊ ကောင်းစစ်သွေး၊ မေဆူးအောင်၊ ၀ိုင်းရွှေရည်၊ ဟန်နလာ..တို့ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Source: မေမီကိုကို

Comments are closed.