ယူဂန်ဒါ ကြက်တောင်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့ပြီး ကင်ညာနိုင်ငံမှာ ဆက်လက်ပြိုင်ပွဲဝင်မယ့် ကြက်တောင်ချန်ပီယံ သက်ထားသူဇာ

ယူဂန်ဒါ ကြက်တောင်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့ပြီး ကင်ညာနိုင်ငံမှာ ဆက်လက်ပြိုင်ပွဲဝင်မယ့် ကြက်တောင်ချန်ပီယံ သက်ထားသူဇာ

ဖေဖော်ဝါရီလ ၂၅ရက်နေ့က ယူဂန်ဒါနိုင်ငံမှာကျင်းပပြီးစီးခဲ့တဲ့ Uganda International Series 2019 ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာက ဂျော်ဒန်နိုင်ငံသူကို အနိုင်ရရှိခဲ့ကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့အဆင့် (၁၈၁)မှာ ရပ်တည်နေတဲ့ မြန်မာ့ကြက်တောင် အားကစားမယ် သက်ထားသူဇာဟာ နောက်ဆုံးကျင်းပခဲ့တဲ့ International Series ကြက်တောင် ပြိုင်ပွဲများမှာ အောင်မြင်မှုရရှိခဲ့တာကြောင့် ယခုပြိုင်ပွဲတွင် (၃၂)ဦးအဆင့်မှ စတင် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ ယင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့ထိ ကျင်းပခဲ့ပြီး အဆိုပါ (၃၂)သင်းအဆင့် ပြိုင်ပွဲမှာ သက်ထားသူဇာဟာ အိမ်ရှင်ယူဂန်ဒါကစားသမား ရှာမင်ကို ၂၁-၈ မှတ် ၊ ၂၁-၉ မှတ် ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပြီး ၁၆သင်းအဆင့်ကို တက်ရောက်ခဲ့ပါတယ်။

၁၆သင်းအဆင့်မှာလည်း အိမ်ရှင်ယူဂန်ဒါကစားသမား မူဂါဘီကို ၂၁-၁ မှတ် ၊ ၂၁-၇ မှတ်ဖြင့် နှစ်ပွဲပြတ် ၊ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဇင်ဘာဘွေကစားသမား အိုဂါကို ၂၁-၉မှတ် ၊ ၂၁-၁၃ မှတ်ဖြင့်နှစ်ပွဲပြတ် ၊ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အီရန်ကစားသမား ဆာမင်ကို ၂၁-၁၂ မှတ် ၊ ၂၁-၁၅ မှတ်ဖြင့် နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်လာခဲ့ကာ ဖိုင်နယ်မှာတော့ ကမ္ဘာ့အဆင့် (၁၈၅)ရှိ ဂျော်ဒန်နိုင်ငံသူ အမ်ရိုကို ၂၁-၁၄ မှတ် ၊ ၂၁-၁၂ မှတ် ဖြင့် နှစ်ပွဲပြတ်ထပ်မံအနိုင်ရရှိကာ ရှုံးပွဲမရှိ ချန်ပီယံအဖြစ် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သက်ထားသူဇာဟာ ၂၀၁၈ Egypt International Series တွင် ချန်ပီယံဆု ၊ Nepal International Series တွင် ဒုတိယဆုတို့ကို လည်း ဆွတ်ခူးထားနိုင်ခဲ့သူပါ။ သက်ထားသူဇာဟာ ယူဂန်ဒါမှာ အနိုင်ရရှိပြီးနောက် ဖေဖော်ဝါရီလ ၂၈ရက်ကနေ မတ်လ၃ရက်နေ့အထိ ကျင်းပမယ့် Kenya International Series ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ဖို့အတွက် ကင်ညာနိုင်ငံကို ဆက်လက်ထွက်ခွာသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ သက်ထားသူဇာ တစ်ယောက် ရေခြားမြေခြားမှာ တိုင်းပြည်ရဲ့ဂုဏ်ကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ပြီး ရွှေတံဆိပ်ဆုပေါင်းများစွာ ဆွတ်ခူးပေးနိုင်ပါစေလို့ မိုမိုလေးမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.