ဇနီးဖြစ်သူမွေးနေ့ကို မမေ့လျော့ဘဲ သူမရဲ့ အုတ်ဂူရှေ့ မှာ ကလေးတွေနဲ့အတူ မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တဲ့ မီးမီးခဲရဲ့ ချစ်ခင်ပွန်း

ဇနီးဖြစ်သူမွေးနေ့ကို မမေ့လျော့ဘဲ သူမရဲ့ အုတ်ဂူရှေ့ မှာ ကလေးတွေနဲ့အတူ မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တဲ့ မီးမီးခဲရဲ့ ချစ်ခင်ပွန်း

အဆိုတော် မီးမီးခဲကတော့  ကင်ဆာရောဂါဝေဒနာကို အချိန်အတော်ကြာခံစားခဲ့ရပြီး အောက်တိုဘာလ(၁၆) ရက်နေ့တွင် ထိုရောဂါကြောင့်ပဲ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ မီးမီးခဲကို ကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း အခုချိန်ထိကို ဝမ်းနည်းနေကြဆဲပဲ ဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်ပေမယ့်လည်း သူမရဲ့ သီချင်းလေးတွေကတော့ အားလုံးရဲ့ ရင်ထဲမှာ အခုချိန်ထိ ရှိနေဆဲ ဖြစ်ပါတယ်။

မနေ့ကတော့ မီးမီးခဲရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းက မီးမီးခဲခင်ပွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဓာတ်ပုံတစ်ချို့နဲ့ ဗီဒီယိုဖိုင်လေးကို တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဇနီးဖြစ်သူရဲ့မွေးနေ့ကို မမေ့မလျော့ဘဲ မီးမီးခဲရဲ့အုတ်ဂူရှေ့မှာ ကလေးတွေနဲ့အတူ ကျင်းပပေးခဲ့တဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သူကလည်း ” Happy Heavenly Birthday Eh Tone ပြန်ဆုံမယ့် နေ့မှာကွယ်  ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ဒီပို့စ်ရဲ့အောက်မှာ မီးမီးခဲအတွက် မွေးနေ့ဆုတောင်းများ comment တွင် ရေးသားထားကြတာကို မြင်တွေ့ရပါတယ်။ မီးမီးခဲတစ်ယောက် ငြိမ်းချမ်းတဲ့ ဘုံဘဝမှာ အေးချမ်းစွာဖြင့် နေထိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက် ရပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကိုပါ တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-Brice Mmk’s Facebook Page 

[zawgyi]

အဆိုေတာ္ မီးမီးခဲကေတာ့  ကင္ဆာေရာဂါေဝဒနာကို အခ်ိန္အေတာ္ၾကာခံစားခဲ့ရၿပီး ေအာက္တိုဘာလ(၁၆) ရက္ေန႔တြင္ ထိုေရာဂါေၾကာင့္ပဲ ဘဝတစ္ပါးသို႔ ကူးေျပာင္းသြားခဲ့ရတာ ျဖစ္ပါတယ္။ မီးမီးခဲကို ကိုခ်စ္ၾကတဲ့ ပရိသတ္ေတြကလည္း အခုခ်ိန္ထိကို ဝမ္းနည္းေနၾကဆဲပဲ ျဖစ္ပါတယ္။ ကြယ္လြန္သြားၿပီျဖစ္ေပမယ့္လည္း သူမရဲ႕ သီခ်င္းေလးေတြကေတာ့ အားလုံးရဲ႕ ရင္ထဲမွာ အခုခ်ိန္ထိ ရွိေနဆဲ ျဖစ္ပါတယ္။

မေန႔ကေတာ့ မီးမီးခဲရဲ႕ ေမြးေန႔ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းက မီးမီးခဲခင္ပြန္းရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ဓာတ္ပုံတစ္ခ်ိဳ႕နဲ႔ ဗီဒီယိုဖိုင္ေလးကို တင္ထားတာ ျဖစ္ပါတယ္။ ဒါကေတာ့ ဇနီးျဖစ္သူရဲ႕ေမြးေန႔ကို မေမ့မေလ်ာ့ဘဲ မီးမီးခဲရဲ႕အုတ္ဂူေရွ႕မွာ ကေလးေတြနဲ႔အတူ က်င္းပေပးခဲ့တဲ့ ဗီဒီယိုဖိုင္ေလးပဲ ျဖစ္ပါတယ္။ သူကလည္း ” Happy Heavenly Birthday Eh Tone ျပန္ဆုံမယ့္ ေန႔မွာကြယ္  ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း ဒီပို႔စ္ရဲ႕ေအာက္မွာ မီးမီးခဲအတြက္ ေမြးေန႔ဆုေတာင္းမ်ား comment တြင္ ေရးသားထားၾကတာကို ျမင္ေတြ႕ရပါတယ္။ မီးမီးခဲတစ္ေယာက္ ၿငိမ္းခ်မ္းတဲ့ ဘုံဘဝမွာ ေအးခ်မ္းစြာျဖင့္ ေနထိုင္ႏိုင္ပါေစလို႔ဆုေတာင္းေပးလိုက္ ရပါတယ္။ ပရိသတ္ေတြလည္း ၾကည့္ရႈႏိုင္ေအာင္ ဒီဗီဒီယိုဖိုင္ေလးကိုပါ တင္ဆက္ေပးလိုက္ရပါတယ္။

Comments are closed.